ကုလသမဂ္ဂနဲ့ မြန်မာ နှစ် ၇ဝ

ဓာတ်ပုံ မူပိုင် Keystone
Image caption အတွင်းရေးမှူးချုပ် ဦးသန့်

ဒုတိယ ကမ္ဘာစစ် ပြီးကတည်းက ကုလသမဂ္ဂ အဖွဲ့ ပေါ်လာတာ ၇၃ နှစ် ရှိပါပြီ။

မြန်မာနိုင်ငံက ၁၉၄၈ လွတ်လပ်ပြီး ဧပြီလ ၁၉ ရက်မှာ အဖွဲ့ကို ဝင်ခဲ့တဲ့ အတွက် အခုဆိုရင် အနှစ် ၇ဝ ပြည့်ပြီ ဖြစ်ပါတယ်။

အဖွဲ့ဝင် အမှတ်စဉ်က ၅၈ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအဖို့ ဦးသန့်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အဖြစ် ရွေးကောက်ခံရတာဟာ ဂုဏ်ယူစရာ ဖြစ်သလို မြန်မာနိုင်ငံတွင်းကို ကျူးကျော်လာတဲ့ တရုတ်ဖြူတပ်တွေ ကိစ္စကိုလည်း ကုလသမဂ္ဂမှာ တိုင်ကြားခဲ့ရပါတယ်။

မြန်မာ နိုင်ငံ စစ်အစိုးရခေတ်နဲ့ လက်ရှိ အချိန်ထိ ကုလသမဂ္ဂနဲ့ ပတ်သက်မှုတွေ ရှိနေပါတယ်။

ကုလသမဂ္ဂ ဆိုတဲ့ စကားလုံးကို သတင်းစာဆရာနဲ့ ပြန်ကြားရေး ဝန်ကြီး ဦးထွန်းဖေက စထွင်တယ်လို့လည်း ဆိုစမှတ် ရှိပါတယ်။

ကုလ ဆိုတဲ့ လူမျိုးစုတွေ ညီညာ ပေါင်းစည်းတဲ့ အဖွဲ့ လို့ မသတ်မှတ်ခင်က ယူအင်အို အဖွဲ့ကြီးလို့ပဲ ရေးခဲ့ကြပါတယ်။

ဓာတ်ပုံ မူပိုင် Burmese Government Publication
Image caption နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဧမောင်နဲ့ ကုလ လက်ထောက် အတွင်းဝန်ချုပ်တွေ့

မြန်မာ နိုင်ငံ ကုလသမဂ္ဂ ဝင်ချိန်က အထွေထွေညီလာခံမှာ ကန့်ကွက်သူ မရှိ ဝင်ရောက်ခဲ့ပြီး အဲဒီအချိန်က မြန်မာ သံအမတ် ဦးစိုးညွန့် ထ စကားပြောတဲ့အခါ ပရိသတ်တွေက အထင်ကြီး လေးစားတာ ခံရတယ်လို့ ကုလသမဂ္ဂ မှာ ၁၉၅၈ ကတည်းက ထမ်းဆောင်ဖူးတဲ့ ဝါရင့် သံအမတ် ဦးအောင်သန့်က ရေးပါတယ်။

မြန်မာ နိုင်ငံဟာ စကတည်းက လွတ်လပ်တက်ကြွတဲ့ နိုင်ငံခြားရေး မူ ကျင့်သုံးတာနဲ့ အညီ ဘက်မလိုက် နိုင်ငံများ အုပ်စုမှာ ခေါင်းဆောင် ပါဝင်ခဲ့ပါတယ်။

ကိုရီးယား၊ ဟန်ဂေရီ၊ အီဂျစ် စတဲ့ အရေးအခင်းတွေမှာလည်း ကျူးကျော်သူ နိုင်ငံတွေကို ဘက်မလိုက်ဘဲ ပြစ်တင် ရှုတ်ချ ခဲ့တယ်လို့ သိရပါတယ်။

မြန်မာ အစိုးရ တပ် နာမည်ပျက် စာရင်း သွင်းခံရ

လုံခြုံရေးကောင်စီအဖွဲ့ မြန်မာခရီးစဉ်ရှိနေ

အဲဒီအချိန်က မြန်မာပြည်နဲ့ ကြားနေ နိုင်ငံတွေကို မပြတ်သားတဲ့ နိုင်ငံတွေ အခွင့်အရေးသမားတွေ ဆိုပြီး လက်ဝဲ လက်ယာ နိုင်ငံတွေက ပြစ်တင်လေ့ ရှိပါတယ်။

ဒါကြောင့် ကုလသမဂ္ဂ အဖွဲ့အစည်းတွေမှာ မြန်မာ နိုင်ငံ ပါဝင်ခွင့် မရအောင် အမေရိကန်ဘက်က ကြိုးစားတာတွေ ရှိခဲ့တယ် လို့လည်း ဦးအောင်သန့်က ရေးပါတယ်။

ဓာတ်ပုံ မူပိုင် UN
Image caption နယူးဘားမား ဦးတင်မောင်

၁၉၅၆ က ကိုလိုနီ လွတ်မြောက်ရေး ဆိုင်ရာ ကောင်စီမှာ မြန်မာ ပါခွင့်ရဖို့ အမေရိကန် နောက်လိုက် လိုင်ဘေးရီးယားနဲ့ အပြိုင် အကြိမ်ကြိမ် မဲခွဲခဲ့ရပါတယ်။

ဒါပေမဲ့ မြန်မာ ပါခွင့်ရပြီး နောက် ၁၉၆၁ မှာ မြန်မာ သံတမန် တယောက် ဖြစ်တဲ့ နယူးဘားမား သတင်းစာ အယ်ဒီတာဟောင်း ဦးတင်မောင် အဖွဲ့ ဥက္ကဋ္ဌ ဖြစ်လာပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဦးနုနဲ့ ခေါင်းဆောင်များ ဘဲလဂရိတ် ဘက်မလိုက်ညီလာခံမှာ

ဦးနု ခေါင်းဆောင်တဲ့ မြန်မာ အစိုးရရဲ့ လွတ်လပ် တက်ကြွတဲ့ နိုင်ငံခြားရေး ဆောင်ရွက်ချက်တွေနဲ့ မြန်မာ သံတွေရဲ့ ကျွမ်းကျင် လိမ္မာမှုကြောင့် ဖဆပလခေတ်မှာ မြန်မာတွေ ကုလသမဂ္ဂ ရာထူးကြီးတွေ ရလာပါတယ်။

ကုလသမဂ္ဂ အာရှနဲ့ အရှေ့ဖျား စီးပွားရေး ကော်မရှင်ရဲ့ အမှုဆောင် အတွင်းဝန် ရာထူးမှာလည်း မြန်မာပြည်သား ဦးညွန့် နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့သလို ဦးရွှေမြ၊ ဦးဖူး၊ ဦးသက်စု၊ ဦးညီညီ စတဲ့ ပုဂ္ဂိုလ်တွေလည်း အဲဒီအချိန်က ကုလသမဂ္ဂ တာဝန်တွေမှာ အဆင့်မြင့်မြင့် ရယူခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Burmese Government Publication
Image caption ကွန်ဂိုမှာ လူမွန်ဘား အသတ်ခံရမှု စစ်ဆေးသူ ဦးအောင်ခိုင်

အမျိုးသမီးထဲက ခေတ်ဟောင်းအဆိုတော် ဘိလပ်ပြန်သန်း၊ စာရေးဆရာနဲ့ သူနာပြုချုပ် ဒေါ်ခင်မူအေး တို့လည်း ကုလသမဂ္ဂမှာ နှစ်ချီ တာဝန်ယူခဲ့ပါတယ်။

ကွန်ဂိုမှာ ပြည်တွင်းစစ် အခြေအနေ ထိန်းဖို့ ဗိုလ်မှူးကြီး ရဲခေါင်နဲ့ အဖွဲ့ကို လွှတ်ခဲ့သလို ကွန်ဂို ခေါင်းဆောင် လူမွန်ဘား အသတ်ခံရမှု စစ်ဆေးရာမှာလည်း မြန်မာ နိုင်ငံက တရားဝန်ကြီး ဦးအောင်ခိုင် သွားပါတယ်။

ဓာတ်ပုံ မူပိုင် UN
Image caption ဗိုလ်မှူးကြီး ရဲခေါင်နဲ့ အဖွဲ့ကို ကွန်ဂိုလွှတ်

ဒိုရာသန်းဧ နှစ် ၁၁ဝ

ကုလသမဂ္ဂ ရခိုင်သွားပြီး ကြေညာချက်ထုတ်

ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးရဲ့ ရိုဟင်ဂျာ အစီရင်ခံစာ ထွက်

ဓာတ်ပုံ မူပိုင် Burmese Encyclopaedia
Image caption ရန်ကုန်မှာ ပြတဲ့ ကုလသမဂ္ဂ အထိမ်းအမှတ် ပိုစတာတွေ

၁၉၅၃ ခုနှစ်မှာတော့ မြန်မာပြည်ထဲကို အရှေ့ဘက်က ဝင်လာတဲ့ တရုတ်ဖြူတပ်တွေ ဆုတ်ခွာပေးရေးအတွက် တရုတ်ပြည် သံအမတ်ဟောင်း ဦးမြင့်သိန်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ ကုလသမဂ္ဂမှာ အရေးဆိုခဲ့ရပါတယ်။

အမေရိကန်က ကူမင်တန် အစိုးရဘက်က လိုက်တဲ့အတွက် ကျူးကျော်သူ ကူမင်တန် တပ်များ ဆိုတဲ့ နေရာမှာ ပြည်ပ တပ်များလို့ ပြောင်းပြီး အဆိုတင်ခဲ့ရပါတယ်။

နောက်ပိုင်းမှာတော့ ကူမင်တန် ဆုတ်ခွာရေး အတွက် ထိုင်း အပါအဝင် လေးနိုင်ငံ ကော်မတီ ဖွဲ့ပြီး စီစဉ် ပေးခဲ့ပါတယ်။

ကူမင်တန် အရေးကြောင့် မြန်မာပြည်မှာ တပ်မတော်ကို တိုးချဲ့ တည်ဆောက်ခဲ့ရပြီး ရှမ်းပြည်မှာ ချထားခဲ့ရလို့ ဒေသခံတွေ ကန့်ကွက်တာ ခံရတဲ့အပြင် ဖက်ဒရယ်တောင်းတဲ့ ကိစ္စထိ ဖြစ်လာပါတယ်။

ကူမင်တန် ပြဿနာ ကြောင့်ပဲ မြန်မာပြည်ဟာ နိုင်ငံတကာကို သံသယနဲ့ ပိုပြီး မြင်လာခဲ့တယ် ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိပါတယ်။

ဒါပေမဲ့လည်း လာအို အရေး ဂျီနီဗာ ဆွေးနွေးပွဲလို ကိစ္စတွေထိ မြန်မာ ပြည်က ဆက်လက် ပါဝင်ခဲ့သလို အိန္ဒိယ တရုတ် နယ်စပ် စစ်ပွဲမှာလည်း ဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။

မြန်မာ့လူ့အခွင့်အရေးအခြေအနေ ဆိုးဝါးနေဆဲလို့ ကုလ စုံစမ်းရေးအဖွဲ့ပြော

ကင်တားနားက ကုလသမဂ္ဂ လုံခြုံရေးဌာနကို တင်ပြ

ဓာတ်ပုံ မူပိုင် Thant Myint-U
Image caption ကူမင်တန် ကျူးကျော်မှု ကုလမှာ ကန့်ကွက်

ဒါပေမဲ့ ဒတ်ဟမ်းမားရှိုး လေယာဉ်ပျက်ကျပြီး ဦးသန့် အတွင်းရေးမှူးချုပ် ရုတ်တရက် ဖြစ်လာချိန်မှာ တချို့ နိုင်ငံတွေက ကိုယ့်ပြည်တွင်းရေး မရှင်းနိုင်ဘဲ ကမ္ဘာ့အရေး ဘယ်လို ရှင်းမလဲလို့ ဆိုကြပါတယ်။

ဦးသန့်ဟာ သံအမတ် ဘဝကတည်းက ကွန်ဂို၊ အယ်ဂျီးရီးယား အရေး ကော်မတီတွေမှာ ဥက္ကဋ္ဌ တာဝန်ယူ ဆောင်ရွက်ခဲ့သူ ဖြစ်သလို အတွင်းရေးမှူးချုပ်ဘဝမှာ ကျူးဘား ဒုံးပျံ အရေး၊ အနောက် အီရီယန် အရေး၊ အယ်ဂျီးရီးယား အရေးလို ကမ္ဘာ့အရေးတွေမှာ လက်စွမ်းပြနိုင်ပေမယ့် မြန်မာ့အရေးမှာတော့ မစွက်ဖက် နိုင်ခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် Keystone
Image caption ဗိုလ်ချုပ်ကြီး နေဝင်း

သူ့တိုင်းပြည်က ဝန်ကြီးချုပ်ဟောင်း ဦးနု ကုလသမဂ္ဂ အဆောက်အအုံမှာ သတင်းစာ ရှင်းပွဲ လုပ်ပြီး ဗိုလ်ချုပ်ကြီး နေဝင်း အစိုးရကို စိန်ခေါ်တဲ့အတွက် ဦးသန့်ကို ဗိုလ်ချုပ်ကြီး နေဝင်းက အထင်လွဲခဲ့ပါတယ်။

ဒါကြောင့် သူကွယ်လွန်ချိန်မှာ မြှုပ်နှံရာ ကိစ္စ အငြင်းပွားရာက ကျောင်းသား ဆန္ဒပြသူတွေနဲ့ အစိုးရကြား အဓိကရုဏ်းဖြစ်ခဲ့ရပါတယ်။

ဦးသန့်အရေးအခင်း နှစ် ၄၀ ပြည့်

ဦးသန့် လက်ထက်မှာပဲ ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂမှာ အမှုထမ်းခဲ့ပါတယ်။ နောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရ ဝန်ကြီး ဒေါက်တာညီညီနဲ့ အခြား ပညာရှင်တွေလည်း ယူအန်ဒီပီနဲ့ တခြား အဖွဲ့တွေမှာ ထမ်းဆောင်ခဲ့ပါတယ်။

နယူးဒေလီမှာ ရုံးစိုက်တဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အရှေ့တောင် အာရှ ရုံးမှာလည်း ဒေါက်တာ ကိုကို၊ ဒေါက်တာ မြင့်မြင့်ခင် စတဲ့ ဆေးပညာရှင်တွေ ညွှန်ကြားရေးမှူး တာဝန်ယူခဲ့ပါတယ်။

မြန်မာနိုင်ငံကို ကုလသမဂ္ဂက ဖွံ့ဖြိုးရေး အကူအညီတွေလည်း ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဆိုရှယ်လစ်စီးပွားရေး တံခါးပိတ်မူကြောင့် စီးပွားရေး ဆက်တိုက်ကျလာလို့ ၁၉၈၇ မှာ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံအဆင့်ယူခဲ့ရပါတယ်။

ဒေါက်တာ ဦးကိုကို ကွယ်လွန်

ဓာတ်ပုံ မူပိုင် KHIN MAUNG WIN
Image caption မြန်မာပြည် အကြိမ်ကြိမ်လာဖူးတဲ့ ကုလ အထူးကိုယ်စားလှယ် ဂမ်ဘာရီ

၁၉၈၈ နောက်ပိုင်းမှာတော့ မြန်မာ နိုင်ငံမှာ စစ်အစိုးရ ဖိနှိပ်မှုကြောင့် နိုင်ငံရေး အကျပ်အတည်းတွေ ဆက်တိုက် ကြုံနေရလို့ ကုလသမဂ္ဂက ကြားဝင် ဖြန်ဖြေတာတွေ လုပ်ခဲ့ရပါတယ်။

ကိုယ်စားလှယ် အများအပြား မြန်မာပြည်ကို လာပြီး အတိုက်အခံ ခေါင်းဆောင်တွေနဲ့ အစိုးရကြား ဆွေးနွေးတာတွေ လုပ်ခဲ့ပေမယ့် သိသာတဲ့ အကျိုးဆက် မရခဲ့ဘဲ မြန်မာ နိုင်ငံကို ဒဏ်ခတ် ပိတ်ဆို့တာတွေ ဖြစ်လာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် FARJANA KHAN GODHULY
Image caption နာဂစ်မုန်တိုင်းအပြီး ကုလကယ်ဆယ်ရေး အကူတွေရောက်

၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်း အပြီး ကယ်ဆယ်ရေး ဆောင်ရွက်ရာမှာလည်း နိုင်ငံတကာ အကူအညီကို ချက်ချင်း လက်မခံပေမယ့် ကုလသမဂ္ဂ က အများအပြား ကူညီ ဆောင်ရွက်ပေးခဲ့ပါတယ်။

၂ဝ၁ဝ နောက်ပိုင်း မြန်မာ နိုင်ငံမှာ အစိုးရသစ် တက်လာပြီးနောက် ကုလသမဂ္ဂမှာ သမ္မတ တက်ရောက် မိန့်ခွန်းပြောတာတွေ ပြန်ရှိလာပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဦးေသာင်းထွန်း

လူမျိုးတုံးသတ်မှုနဲ့ မြန်မာခေါင်းဆောင်တွေ တရားစွဲခံရနိုင်တယ်လို့ ကုလပြော

UN ကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်

ဓာတ်ပုံ မူပိုင် SALVATORE DI NOLFI
Image caption လူ့အခွင့်အရေး ကောင်စီထိ ရောက်တဲ့ မြန်မာ့အရေး

ဒေါ်အောင်ဆန်းစုကြည် အစိုးရ လက်ထက် ကုလ သမဂ္ဂနဲ့ မြန်မာ ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုတိုးတက်လာမယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် ၂ဝ၁၇ မှာ တကျော့ပြန် ဖြစ်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ကိစ္စတွေကြောင့် ဆက်ဆံရေး ပြန်လည် ပျက်ပြား လာပါတယ်။

မြန်မာ ခေါင်းဆောင်တွေကို နိုင်ငံတကာ ရာဇဝတ် ခုံရုံးတင်ဖို့ အထိ တချို့ နိုင်ငံတွေ ဘက်က တောင်းဆိုလာတာတွေ ရှိခဲ့ပါတယ်။

ပြည်ဝင်ခွင့်ပိတ်ခံရတဲ့ မစ္စလီရဲ့ တုံ့ပြန်ချက်

ရခိုင်ဒေသက မွတ်ဆလင်တွေကို တရားဝင် နေထိုင်ခွင့် စီစဉ်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ပြော

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကုလသမဂ္ဂ မြန်မာရုံးက ရိုဟင်ဂျာအရေး မကိုင်တွယ်ခဲ့

ဆက်စပ် အကြောင်းအရာများ