'ဖန်ပြွန်အိမ် သစ်ပင်တွေ'၊ အပင်တွေ မျိုးမတုံးစေဖို့ အာမခံချက်လား

A tree in a test tube ဓာတ်ပုံ မူပိုင် Royal Botanic Gardens Kew
Image caption ဓာတ်ခွဲစမ်းသပ်ခန်းက ဖန်ပြွန်ထဲ မှာ ပြုစုစိုက်ပျိုးတဲ့ ဝက်သစ်ချပင်လေး

ဝက်သစ်ချပင်လေး က စမ်းသပ်ခန်းထဲက ဖန်ပြွန်ထဲမှာ ကြီးထွားလာနေပါတယ်။

ဝက်သစ်ချလို အပင်ကြီးမျိုးရဲ့ အပင်ပေါက်လေး ဘဝအစ က တကယ့်ကို ထူးခြားပါတယ်။အပင်မျိုးပွားတဲ့ စမ်းသပ်ခန်းထဲမှာ နည်းပညာသစ်တွေ သုံးပြီး သဘာဝသစ်ပင်တွေရဲ့ အစေ့ကို ထိန်းသိမ်းနိုင်ဖို့ အတွက် ကြိုးစားလို့ရလာတဲ့ ရလဒ်တခုပါ။

ကမ္ဘာမှာ အပင်တွေ က မထင်ထားတဲ့ နှုန်းနဲ့ မျိုးတုံးပျောက်ကွယ်နေပြီး အပင် အမျိုးပေါင်း ၅ ပုံ ၁ ပုံ က ပျောက်ကွယ်တော့မယ့်အရေး ကို ရင်ဆိုင်နေရတာပါ။

"သဘာဝတောရိုင်းတွေ မပျောက်ကွယ်အောင် ဒီဟာက အာမခံ ချက် တခုပါပဲ" လို့ ဆတ်ဆက်စ အနောက်ပိုင်း ဝိတ်ခဟတ်စ မှာရှိတဲ့ ကူး ထောင်စုနှစ် မျိုးစေ့ဘဏ် (Kew Millennium Seed Bank) က ဒေါက်တာ ဂျွန် ဒစ်ကီ က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဗြိတိန် တောနယ်ပိုင်းတနေရာ က ဝက်သစ်ချပင်

စစ်ပွဲလို ကမ္ဘာပျက်မတတ်ဖြစ်မယ့် အခြေအနေမျိုးတွေကြုံလာရရင် အဲ့ဒီအခြေအနေ နောက်ပိုင်းမှာ အပင်တွေ ပြန်ပျိုးနိုင်အောင် သီးနှံပင်တွေ၊ သဘာဝ သစ်ပင်တွေရဲ့ အစေ့တွေကို ဗုံးဒဏ်၊ ရေကြီးတဲဒဏ်၊ အနုမြူ ရောင်ခြည်ဓာတ်တွေ ခံနိုင်တဲ့ မြေအောက်အခန်းကြီးတွေထဲမှာ ထိန်းသိမ်းထားကြပါတယ်။

ရည်ရွယ်ချက်ကတော့ မျိုးတုံးမယ့်အန္တရာယ်ကြုံနေရတဲ့ အပင်မျိုးအားလုံးရဲ့ အနည်းဆုံး ၇၅ ရာခိုင်နှုန်း ကို ၂၀၂၀ မှာ ထိန်းသိမ်းထားနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမဲ့ နောက်ဆုံးခန့်မှန်းချက် အသစ်တွေအရ အဲဒီရည်ရွယ်ချက်အောင်မြင်ဖို့ မလွယ်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ အစေ့အများအပြားက ပုံမှန် သိမ်းဆည်းတဲ့နည်းလမ်းတွေနဲ့ ထိန်းသိမ်းထားဖို့ မဖြစ်နိုင်လို့ပါ။

သဘာဝအပင်များ (Nature Plants) ဂျာနယ် မှာ ဖော်ပြထားချက်တွေအရ ပျောက်ကွယ်ဖို့အန္တရာယ်များနေတဲ့ အပင်မျိုးပေါင်း ၃၆ ရာခိုင်နှုန်း၊ သစ်ပင်စုစုပေါင်း ရဲ့ ၃၃ ရာခိုင်နှုန်း၊ ဘယဆေးပင်တွေရဲ့ ၁၀ ရာခိုင်နှုန်း လောက်ရဲ့ မျိုးစေ့တွေက အဲဒီ ပုံမှန်နည်းလမ်းတွေ သုံးပြီး ထိန်းသိမ်းထားလို့ မရတဲ့ အထဲမှာ ပါဝင်နေတယ်လို့ သိရပါတယ်။

ကူး ထောင်စုနှစ် မျိုးစေ့ဘဏ် က မျိုးစေ့တွေကို အေးခဲပြီးထိန်းသိမ်းတဲ့ဘက်မှာ လုပ်တဲ့ ဒန်နီယယ် ဘယ်လက်စတာရိုစ က "ဒီမျိုးစေ့ဘဏ်မှာ သိမ်းသလိုမျိုး အစေ့ကို အခြောက်ထား၊ နောက်ပြီး အေးခဲစေတဲ့အခန်းထဲမှာ ထားသိမ်းတာမျိုးက အပင်မျိုးစိတ်တိုင်းအတွက် အလုပ်မဖြစ်ပါဘူး" လို့ ဆိုပါတယ်။

သူက "ဥပမာအားဖြင့် ဝက်သစ်ချတို့၊ သစ်အယ်ပင်တို့ရဲ့အစေ့တွေကို အခြောက်ထားလိုက်တာနဲ့ သူတို့ကို သတ်သလိုဖြစ်သွားတာပါပဲ" လို့လည်း ပြောပါတယ်။

ကော်ဖီ၊ ချောကလက် ထုတ်လို့ရတဲ့ ကိုကိုး၊ ထောပတ်သီး တို့က အစေ့တွေကလည်း အစေ့ကိုအခြောက်ခံ နောက်ပြီး အေးခဲသိမ်းဆည်းထားတဲ့နည်းနဲ့ အဆင်မပြေတာကို သုတေသီတွေ တွေ့ရှိထားပါတယ်။

ဓာတ်ပုံ မူပိုင် Royal Botanic Gardens Kew
Image caption အေးခဲသိမ်းဆည်းတဲ့နည်းက အပင်ရဲ့သနွေသားလောင်းတွေကို ထုတ်ယူအေးခဲတာလည်း ပါဝင်ပါတယ်

အေးခဲသိမ်းဆည်းတဲ့နည်းလမ်းမှာ အစေ့ကနေ အပင်ရဲ့ သန္ဓေသားလောင်းကို ထုတ်ယူပြီး နိုက်ထရိုဂျင်ဓာတ်ငွေ့အရည်ထဲမှာ အေးခဲထားတာလည်း ပါဝင်ပါတယ်။

အဲဒီနည်းနဲ့ဆိုရင်တော့ ဝက်သစ်ချလိုအပင်မျိုးကို အနာဂတ်အတွက် ထိန်းသိမ်းထားလို့ရနိုင်ပါတယ်။

ဒါပေမဲ့ ဒီနည်းလမ်း ကို ပုံမှန်မျိုးစေ့ဘဏ်တွေနဲ့အတူ ပူးတွဲအသုံးချနိုင်ဖို့နဲ့ ဒီနည်းလမ်းကို အမြဲစိတ်ချလက်ချသုံးစွဲနိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု အသစ်တွေ လိုအပ်နေပါသေးတယ်။

ထောင်စုနှစ် မျိုးစေ့ဘဏ် မှာ သဘာဝတောရိုင်းအပင် မျိုးစိတ် ၄၀ ၀၀၀ နီးပါးခန့်ကို သိုလှောင်ထားပြီးပါပြီ။

တခြားကမ္ဘာတဝန်းက မျိုးစေ့ဘဏ်တွေမှာတော့ ဆန်စပါးလို သီးနှံတွေရဲ့ မျိုးစေ့တွေနဲ့ သူတို့နဲ့ဆက်စပ်နေတဲ့ သဘာဝတောရိုင်းမျိုးစေ့ တွေကို အဓိကထားပြီး သိုလှောင်ထားပါတယ်။

တန်ဇန်းနီးယား က သယ်ယူလာတဲ့မျိုးစေ့တွေကိုလည်း အဲဒီဘဏ်တွေမှာ သိမ်းဆည်းထားကြပါတယ်။ အဲဒီမျိုးစေ့တွေက အစားအစာ၊ လောင်စာနဲ့ ဆေးဝါးတွေ အတွက် အသုံးဝင်လို့ပါ။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မြက်ရိုင်းတောတွေ ဟာ အခုဆိုရင် ဗြိတန်မှာ ရှားပါးလာနေပါတယ်

ဗြိတိန် ဟိုက်ဝေးလ် အရပ် က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး မန်နေဂျာ အီယန် ပါကင်ဆန် က ဗြိတိန်မှာ မြက်ရိုင်းတောတွေ နည်းနည်းလာပြီလို့ ဆိုပါတယ်။

ဒေသတွင်းမှာပေါက်တဲ့ အပင်မျိုးစေ့တွေက တောတောင် ရေမြေမှာရှိတဲ့ သဘာဝဇီဝမျိုးကွဲ တွေကို ပြန်လည်ထိန်းသိမ်းတဲ့နေရာမှာ အသုံးချလို့ရပါတယ်။

အီယန်က မျိုးစေ့ဘဏ်တွေဆိုတာ ငွေစုဘဏ်တွေလိုပဲ စုလို့ရသလို၊ ထုတ်ယူလို့လည်း ရတယ်လို့ ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ