တရက်မှာ အမျိုးသမီး ၁၃၇ ယောက် ဟာ ကြင်ဖော် ဒါမှမဟုတ် ဆွေမျိုးတွေရဲ့ သတ်ဖြတ်ခြင်းကို ခံနေရ

ဓာတ်ပုံ မူပိုင် EPA
Image caption မက္ကဆီကို နိုင်ငံက အမျိုးသမီးများ အကြမ်းဖက်ခံရမှုမှ ကာကွယ် တားဆီးရေး ဆန္ဒပြ

ကမ္ဘာ တဝန်းမှာ ရှိတဲ့အမျိုးသမီးထု ထဲက ၁၃၇ ယောက်သော အမျိုးသမီး တွေဟာ မိသားစုဝင် (သို့မဟုတ်) ကြင်ဖော် တွေရဲ့ သတ်ဖြတ်ခြင်း ကို နေ့စဉ် ခံနေရ တယ်လို့ ကုလသမဂ္ဂ မူးယစ် နဲ့ မှုခင်း ဆိုင်ရာ ရုံး UNODC က ထုတ်ပြန် ပါတယ်။

အဲဒီ ထုတ်ပြန်ချက် ထဲမှာ အမျိုးသမီး တွေ နေထိုင်ရာ အိမ်ဟာ သူတို့ သတ်ဖြတ်ခြင်း ခံရတဲ့ နေရာ အဖြစ် နိုင်ဆုံး ဆိုတဲ့ အချက် ကိုလည်း ထည့်သွင်း ထားပါတယ်။

၂၀၁၇ ခုနှစ် အတွင်း အမျိုးသမီး အရေအတွက် ၈၇,၀၀၀ ထဲ က ထက်ဝက်ကျော်ဟာ သူတို့နဲ့ နီးစပ် သူတွေရဲ့လက်ထဲမှာ သေအံ့မူးမူး အဖြစ် ထိရောက်အောင် နှိပ်စက် ခံခဲ့ရတယ်လို့ လည်း ဆိုပါတယ်။

လွန်ခဲ့တဲ့ နှစ် တုန်း က အမျိုးသမီး သုံးသောင်း ဟာ သူတို့ ရဲ့ ကြင်ဖော် တွေရဲ့ သတ်ဖြတ် ခြင်း ကို ခံခဲ့ရပြီး နှစ်သောင်းဟာ ဆိုရင်တော့ မိသားစုဝင် တွေရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ဘီဘီစီ အမျိုးသမီး ၁၀၀ အစီအစဉ်က ဒီ ကိန်း ဂဏန်း တွေကို အောက်တိုဘာလ အတွင်းမှာ အနီးကပ် စောင့်ကြည့် လေ့လာ ခဲ့ပါတယ်။

သတ်ဖြတ် ခံရသူ အမျိုးသမီး တွေကို အောက်မှာ ဖော်ပြ ပေးလိုက်ပါတယ်။

Image caption နီးစပ်သူတွေရဲ့ သတ်ဖြတ်မှု ကို အမျိုးသမီးတွေ ပိုခံစားရ

အမျိုးသား သတ်ဖြတ်ခံရမှု နှုန်းထားမြင့်မား

အမျိုးသမီး သတ်ဖြတ် ခံရမှု ရဲ့ လေးဆ ကျော်တဲ့ ကိန်းဂဏန်း ဟာ အမျိုးသား တွေ သတ်ဖြတ်ခံရမှု ဖြစ်တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါး နဲ့ မူးခင်း ဆိုင်ရာ ရုံး UNODC က ထုတ်ပြန် ထားပါတယ်။

တကမ္ဘာလုံး မှာ ဖြစ်နေတဲ့ လူသတ်မှု ၁၀ မှုမှာ ၈ မှု လောက်ရဲ့ သတ်ဖြတ်ခံရသူဟာ အမျိုးသား တွေ ဖြစ်ပါတယ်။

အဲဒီ အစီရင်ခံစာထဲမှာပဲ အမျိုးသမီး ၁၀ ယောက်မှာ ၈ ယောက်လောက်က မိသားစုဝင် ဒါမှမဟုတ် ကြင်ဖော် ဖြစ်သူတွေရဲ့ သတ်ဖြတ်မှု ကို ခံနေရတယ်လို့လည်း ထုတ်ပြန် ပါတယ်။

Image caption အမျိုးသမီးသတ်ဖြတ်ခံရမှု ထက်ဝက်ကျော်ဟာ နီးစပ်သူတွေရဲ့ သတ်ဖြတ်မှု ဖြစ်

တရက်တည်းနဲ့ ၂၁ နိုင်ငံက အမျိုးသမီး ၄၇ဦး သတ်ဖြတ်ခံရ

အစိုးရ အဖွဲ့တွေက ထုတ်ပြန်တဲ့ စာရင်းဇယား တွေကို အခြေခံပြီး ကုလသမဂ္ဂ မူးယစ် ဆေးဝါးနဲ့ မှုခင်းများ ဆိုင်ရာ ရုံး က ထုတ်ပြန် တာ ဖြစ်ပါတယ်။

ဒီစာရင်းဇယား တွေကို အခြေခံပြီး အမျိုးသမီး တွေရဲ့ ကြင်ဖော် ဒါမှမဟုတ် ဆွေမျိုး မိသားစုဝင်တွေကို သတ်ဖြတ်ခံရမှု စာရင်း ကို ကောက်နှုတ် တင်ပြ ထားတာပါ။

ဘီဘီစီ အမျိုးသမီး ၁၀၀ အစီအစဉ် က ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ တရက် ထဲမှာ တင် ကမ္ဘာအရပ်ရပ်၊ နိုင်ငံပေါင်း ၂၁ နိုင်ငံ က အမျိုးသမီး ၄၇ ယောက် ဟာ ကျားမ ခွဲခြားခံရပြီး သတ်ဖြတ်မှု တွေ ကြောင့် သေဆုံး ခဲ့ရကြောင်း တွေ့ ရှိခဲ့ပါတယ်။

အဲဒီ အမျိုးသမီး သတ်ဖြတ်ခံရသူ ၄၇ ယောက်ထဲက ဘီဘီစီ က ဆက်သွယ် မေးမြန်း လို့ ရတဲ့ အမျိုးသမီး ၅ ဦး ရဲ့ သတ်ဖြတ်ခံရမှု အခြေအနေ ကိုဖော်ပြလိုက်ရပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသမီးများ အကြမ်းဖက်ခံရမှု ကာကွယ်တားဆီးရေး ၁၆ ရက်တာ လှုပ်ရှားမှု
ဓာတ်ပုံ မူပိုင် Family handout

ဂျူဒါ ချေစင်၊ အသက် ၂၂ နှစ်၊ ကင်ညာ နိုင်ငံ

အောက်တိုဘာလ ၁ ရက် တနင်္လာနေ့မှာ ဂျူဒါ နဲ့ အစ်မဖြစ်သူ နန်စီ တို့ဟာ ကောက်ရိတ်သိမ်းဖို့ အတွက် လယ်ကွင်းတွေ ဆီကို ထွက်ခဲ့ကြပါတယ်။

ဂျူဒါ ဟာ ကလေး သုံးယောက် မိခင် ဖြစ်ပြီး ခင်ပွန်း ဖြစ်သူ လီဘန် ကာမူရန် နဲ့ လမ်းခွဲ ခဲ့ကြတာ သိပ်မကြာသေးပါဘူး။ ခင်ပွန်းဟောင်း ဖြစ်သူ ဟာ ဂျူဒါ ရဲ့ မွေးရပ်မြေ ကို ပြန်လာဖို့ ဆုံးဖြတ်ပြီး အခြေချ နေထိုင် နေတာပါ။

ဂျူဒါ တို့ မိသားစု ပိုင် လယ်ကွင်း ကိုရောက်ပြီး သိပ်မကြာခင်မှာပဲ ခင်ပွန်းဟောင်း ဖြစ်သူလည်း ရောက်လာခဲ့ပါတယ်။ အဲဒီမှာ သူက ဂျူဒါကို ရန်ပြု တိုက်ခိုက် သတ်ဖြတ် ခဲ့တာပါ။

အဲဒီနောက်မှာတော့ ရွာသားတွေက ခင်ပွန်းဟောင်း ဖြစ်သူကိုလည်း ပြန်လည် သတ်ဖြတ် လိုက်တယ်လို့ ရဲတပ်ဖွဲ့ က ပြောပါတယ်။

အာဖရိက အမျိုးသမီး တွေဟာ ခင်ပွန်း ဒါမှမဟုတ် အိမ်ထောင်စုဝင် မိသားစု တွေရဲ့ သတ်ဖြတ်မှုကို ခံရ နိုင်တဲ့ အန္တရာယ် ပိုများကြောင်း ကုလသမဂ္ဂ အစီရင် ခံစာမှာ ဖော်ပြ ထားပါတယ်။

အာဖရိက အမျိုးသမီး ဦးရေ တစ်သိန်း မှာ ၃ ယောက် ကျော် လောက် ဟာ သတ်ဖြတ်မှုတွေ ခံနေရတာပါ။

အာရှမှာ ဆိုရင်တော့ ၂၀၁၇ ခုနှစ် အတွင်း အမျိုးသမီး နှစ်သောင်း ကျော် ဟာ ခင်ပွန်း ဒါမှမဟုတ် ဆွေမျိုးတွေရဲ့ သတ်ဖြတ်ခြင်း ကို ခံခဲ့ရတယ် လို့ ဆိုပါတယ်။

Image caption အာဖရိက အမျိုးသမီးများ က အန္တရာယ် ကျရောက်မှု ပိုများနေ
ဓာတ်ပုံ မူပိုင် Manohar Shewale

နီဟာ ရှာရဒ် ချောင်ဒရီ၊ ၁၈ နှစ်၊ အိန္ဒိယ နိုင်ငံ

နီဟာ က ဂုဏ်သိက္ခာ အရ မိသားစုဝင် တွေရဲ့ သတ်ဖြတ်ခြင်း ကို ခံခဲ့ ရတာ လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ၁၈ နှစ်ပြည့် မွေးနေ့ ပွဲ ကို ချစ်သူ နဲ့ ကျင်းပခဲ့လို့ သတ်ဖြတ် ခံခဲ့ရတာလည်း ဖြစ်ပါတယ်။

သူရဲ့ မိဘ ဖြစ်သူတွေနဲ့ အတူ နောက်ထပ် အမျိုးသား တယောက်ဟာ သတ်ဖြတ်မှု အတွက် စွပ်စွဲ ခံထားရပါတယ်။

နီဟာ သတ်ဖြတ်ခံရမှု အတွက် စစ်ဆေးမှုတွေတော့ ဆောင်ရွက်ဆဲပါ။ လူသုံးဦး ကိုတော့ ဖမ်းဆီးထားခဲ့ပါတယ်။

နှစ်စဉ် နှစ်တိုင်းမှာ ရာနဲ့ချီတဲ့ အမျိုးသမီး တွေဟာ မိသားစု ရဲ့ ဆန္ဒ နဲ့ ဆန့်ကျင်ပြီး ချစ်ကျွမ်းဝင် ခဲ့လို့သော်လည်းကောင်း၊ လက်ထပ် ခဲ့လို့ သော်လည်းကောင်း သတ်ဖြတ် ခံနေရပါတယ်။

ဂုဏ်သိက္ခာ အရ အမျိုးသမီးတွေကို သတ်ဖြတ်မှု အများအပြားဟာ မှတ်တမ်း မှတ်ရာ မရှိတာ၊ ဒါမှမဟုတ် ရဲ ကို အကြောင်းမကြားခဲ့တာတွေကြောင့် အရေးယူ အပြစ်ပေး နိုင်ခြင်း လည်း နည်းပါး ပါတယ်။

ဓာတ်ပုံ မူပိုင် Private via Amnesty International

ဇိုင်နက် ဆီကန်ဘန်၊ အသက် ၂၄ နှစ်၊ အီရန် နိုင်ငံ

ဇိုင်နက် ဟာ ခင်ပွန်း ဖြစ်သူ ကို သတ်ဖြတ် ခဲ့လို့ အီရတ် အာဏာပိုင်တွေရဲ့ ကွပ်မျက် ခြင်း ကို ခံခဲ့ရတာပါ။

ဇိုင်နက် ဟာ အီရန် အနောက်မြောက်ပိုင်း ဆင်းရဲတဲ့ ကဒ် လူမျိုးစု ကနေ မွေးဖွား ကြီးပြင်း ခဲ့တာ ဖြစ်ပါတယ်။ ဆင်းရဲမှု ကို ရှောင်ရှား နိုင်ဖို့ ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဆယ်ကျော်သက် အရွယ်မှာ ခင်ပွန်း ဖြစ်သူ ကို လက်ထပ် ခဲ့ရပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး ရဲ့ ပြောကြား ချက် အရ ခင်ပွန်း ဖြစ်သူဟာ အနိုင်ကျင့် နှိပ်စက် တက်သူ ဖြစ်ပြီး၊ သူ့ကိုလည်း ကွာရှင်း ခွင့် မပေးဘူးလို့ ဆိုပါတယ်။

ခင်ပွန်း ဖြစ်သူနဲ့ ပတ်သက်လို့ ရဲကို တိုင်ကြား ခဲ့ပေမယ့် ရဲ ကလည်း လျစ်လျူရှု ခဲ့တယ်လို့ ပြောပါတယ်။

အသက် ၁၇ နှစ် အရွယ်မှာ ခင်ပွန်း ကို သတ်ဖြတ်ခဲ့မှု နဲ့ ဖမ်းဆီး ခံခဲ့ရပါတယ်။

သူ လွတ်မြောက်ဖို့ အတွက် ကြိုးစား ပေးခဲ့တဲ့ AI အဖွဲ့ ကတော့ ဇိုင်နက် ဟာ နှိပ်စက် ခံခဲ့ရပြီး အတင်းအကျပ် ဖြောင့်ချက် ပေးဖို့ ဖိအားပေး ခံခဲ့ရတယ်လို့ ပြောကြပါတယ်။

ခင်ပွန်း ဖြစ်သူ ရဲ့ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်မှု ကို ခံခဲ့ရတဲ့ အမျိုးသမီး တွေဟာ လူသတ်မှု ကို ကျူးလွန် တတ်ကြတယ်လို့လည်း ကုလသမဂ္ဂ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

အမျိုးသား တွေဟာ ဇနီး မယား ကို ထိန်းချုပ်လွန်းတာ၊ မနာလိုမှု များပြားတာ နဲ့ ဇနီးသည် စွန့်ခွာ မယ့် အန္တရာယ် ကို အကြောင်းပြပြီး အနိုင်ကျင့် နှိပ်စက်မှု တွေကို ကျူးလွန် ကြတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Reproduction / Facebook

ဆန်ဒရာ လူစီယာ မော်ရာ၊ ၃၉ နှစ်၊ ဘရာဇီး နိုင်ငံ

ဆန်ဒရာ ဟာ အသက် ၁၆ နှစ် အရွယ်မှာ ခင်ပွန်း ဖြစ်သူ အော်ဂတ်စတို အဂွဲရား ကို လက်ထပ် ခဲ့တာပါ။

သူ အသက် ခံရတော့ ခင်ပွန်း နဲ့ ကွဲတာ ငါးလ လောက်ပဲ ရှိပါသေးတယ်။

ဆန်ဒရာ ဟာ လည်ပင်းကို ဓားနဲ့ ထိုးခံရလို သေဆုံး သွားခဲ့တာ ဖြစ်တယ်လို့ ဘရာဇီး ရဲတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။

ကိုယ့်ရဲ့ မိုလ်ဘိုင်းဖုန်း နဲ့ ပြန်ရိုက်ထားတဲ့ ခင်ပွန်း ဖြစ်သူ ရဲ့ ဝန်ခံချက် ထဲမှာ တော့ ဆန်ဒရာ ဟာ ငါးလ အတွင်းမှာ တခြား အမျိုးသား နဲ့ ချိန်းဆို တွေ့ဆုံမှုတွေ လုပ်ခဲ့တာကြောင့် သူ့ အနေနဲ့ သစ္စာဖောက်တယ်လို့ ခံစားရပြီး လူသတ်မှု ကျူးလွန် ခဲ့တာလို့ ပြောပါတယ်။

နောက်တော့ ဘုရားသခင်ထံ ကို အတူသွားမယ်ဆိုရင် သူကျူးလွန်တာ အတွက် အပြစ်ပေးခံရမှာ မဟုတ်ဘူး ဆိုပြီးတော့လည်း ပြောပါတယ်။

အဲဒီနောက်တော့ လူသတ်မှု ကျူးလွန် ခဲ့ရာ အိပ်ခန်း ထဲမှာတင် ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုး ချ သတ်သေ သွားခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် PHOTOPQR/LE PROGRES/Photo Jean-Pierre BALFIN

မေရီ အန်မလီ ဗေးလတ်၊ အသက် ၃၆ နှစ်၊ ပြင်သစ် နိုင်ငံ

မေရီ ဟာ ခင်ပွန်း ဖြစ်သူ ဆီဘတ်စတီယန် က ဓားနဲ့ ထိုးသတ် တာကို ခံခဲ့ရပါတယ်။

သူတို့ ဟာ လေးနှစ်ကြာ ပေါင်းသင်း ခဲ့ပြီးမှ လမ်းခွဲ ခဲ့ကြတာပါ။

မေရီ ကို ဓားနဲ့ ထိုးသတ် ခဲ့တယ် ဆိုတာ ကိုလည်း သူက ဝန်ခံပါတယ်။ နောက်ထပ် ရက် အနည်းငယ် အကြာမှာတော့ ထောင်ထဲမှာ သူလည်း ကိုယ့်ကိုယ်ကိုယ် သတ်သေ သွားခဲ့ပါတယ်။

မေရီ အသတ်ခံရတဲ့ နေ့မှာပဲ ပြင်သစ် အစိုးရ ဟာ အိမ်တွင်း အကြမ်းဖက် ခံရမှု တွေ တိုက်ဖျက်မယ့် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။

ဒီသတင်း အချက်အလက် တွေဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလထဲက တရက်တည်း မှာတင် အမျိုးသမီးများ အသတ်ခံရမှု အခြေအနေ ကို ကမ္ဘာတဝန်းမှာ ရှိတဲ့ သတင်းထောက် တွေ ပေးပို့တဲ့ သတင်းအချက်လက်တွေ၊ လူမှုကွန်ရက်တွေက ဖော်ပြချက်တွေကို စုဆောင်း တင်ပြ ခဲ့တာ ဖြစ်ပါတယ်။

တရက်ထဲမှာတင် ကမ္ဘာတဝန်း က အမျိုးသမီး ၄၇ ယောက် သတ်ဖြတ် ခံခဲ့ရတာကို တွေ့ရပါတယ်။ ဘီဘီစီ က စုံစမ်း တွေ့ရှိရသမျှ ကို ပြန်လည် မျှဝေ တာ ဖြစ်ပါတယ်။ တခြားသတ်ဖြတ်ခံရမှုတွေရဲ့ အကြောင်းရင်း က မရှင်းလင်း သလို သတ်ဖြတ်သူရဲ့ အမည်ကိုလည်း မဖော်ထုတ် နိုင်ခဲ့ပါဘူး။

နောက်ပြီး အမျိုးသမီး အကြမ်းဖက် ခံရမှုတွေဟာ တခါတလေမှာ တိုင်ကြား တာမျိုး မရှိသလို တာဝန်ရှိသူတွေရဲ့ ဖုံးကွယ်မှုတွေကြောင့်လည်း ပျောက်ကွယ် သွားကြတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ မှုခင်းဆိုင်ရာ ရုံး ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကမ္ဘာ တဝန်းက အမျိုးသမီး တွေ သတ်ဖြတ်ခံရမှုတွေ အကြောင်းကို ဦးဆောင် လေ့လာ ခဲ့တဲ့ ဘီဘီစီ မော်နီတိုးရင်း ဌာန က ရီဘက်ကာ စကစ်ပေ့ချ် က နေရာဒေသ အသီးသီး က အမျိုးသမီးတွေ အပေါ်ထားတဲ့ သဘောထား အမြင် ကိုလည်း သိခဲ့ရတယ်လို့ ဆိုပါတယ်။

သတ်ဖြတ်ခံခဲ့ရပေမယ့် သတင်းစာမျက်နှာတွေပေါ် ကို ရောက်မလာခဲ့တဲ့ အမှု တွေလည်း ရှိနိုင်သေးတယ်လို့ သူက ပြောပါတယ်။ ဒါဟာ အမျိုးသမီး တွေ သတ်ဖြတ် ခံရမှုကို သတင်းအဖြစ် အရေးတကြီး ဖော်ပြဖို့ မလိုလားလို့ များလား ဆိုတဲ့ မေးခွန်း ဖြစ်ပေါ် လာခဲ့တယ်လို့ သူက ဆိုပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကမ္ဘာမှာ နေ့စဉ် အမျိုးသမီး ၁၃၇ ဦး ဘာကြောင့် သေဆုံးနေရသလဲ