မြန်မာနိုင်ငံမှာ ဇီကာကူးစက်ခံရသူနိုင်ငံခြားသူမှာတွေ့ရှိ

မြန်မာနိုင်ငံမှာ ဇီကာကူးစက်ခံရသူနိုင်ငံခြားသူမှာတွေ့ရှိ

ပြည်တွင်းမှာ ပထမဆုံး အနေနဲ့ တွေ့ရှိတဲ့ ဇီကာဗိုင်းရပ်စ်ပိုးရောဂါ ကူးစက်ခံထားရတာ နဲ့ ပတ်သက်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်ထားတဲ့ နိုင်ငံခြားသူ တစ်ဦးဟာ ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတယ်ဆိုပြီး ထုတ်ပြန်ချက် ထွက်လာအပြီးမှာ ကျန်းမာရေးဝန်ကြီးဌာနကနေ နေပြည်တော်မှာ ရှင်းလင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။