မိုဆူးလ်မြို့က အရပ်သားသေဆုံးမှုများ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မိုဆူးလ်မြို့က အရပ်သားသေဆုံးမှုများ

အီရတ်က အစ္စလာမ်မစ်နိုင်ငံအဖွဲ့ရဲ့ အမာခံစခန်း ဖြစ်ခဲ့တဲ့ မိုဆူးလ်မြို့ကို အစိုးရတပ်တွေက ပြန်လည် သိမ်းယူနိုင်ခဲ့တာ ၉ လ ရှိခဲ့ပြီဖြစ်ပါတယ်။ အဲဒီ တိုက်ပွဲတွေအတွင်းမှာ အီရတ် အရပ်သူ အရပ်သားတွေ သေဆုံးခဲ့ရတာတွေလည်း ရှိခဲ့ပေမယ့် ဘယ်လောက် သေဆုံးခဲ့ကြရသလဲ ဆိုတာတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။

ခန့်မှန်း ထားသမျှ အရတော့ အနည်းဆုံး ထောင်ကဂဏန်းကနေ တသောင်းကျော်လောက်ရှိမှာ ဖြစ်ပါတယ်။ အဲဒီထဲက အများစုဟာလေကြောင်းက ပစ်ခတ်တိုက်ခိုက်မှုတွေမှာ သေဆုံးခဲ့ရတာဖြစ်တယ်လို့လည်း သတင်းတွေမှာဆိုပါတယ်။ လတ်တလောမှာ ဒီလို

အရပ်သားပြည်သူတွေသေဆုံးခဲ့ရမှုတွေနဲ့ပတ်သက်လို့ ဩစတေးလျ နဲ့အမေရိကန်က ပဲ တာဝန်ရှိကြောင်း ပြောခဲ့ပြီး ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီးဌာန ကတော့ ဒီလိုသေဆုံးမှုတွေနဲ့ပတ်သက်လို့တာဝန်ရှိသူတွေအနေနဲ့ အထောက်အထားမှ မတွေ့ရကြောင်းပြောပါတယ်။

အခုတော့ မိုဆူးလ်မှာ ပြီးခဲ့တဲ့ တိုက်ပွဲတွေကြောင့် သေဆုံးခဲ့ကြသူတွေရဲ့ ရုပ်အလောင်းတွေကို အဖွဲ့တဖွဲ့က ရှာဖွေ ရှင်းလင်းနေပါတယ်။

ကိုသက်ထွေးနိုင်က ပြောပြမှာပါ။

ဆက်စပ် အကြောင်းအရာများ