ဂါနာက ဖုန်းလိုင်းကောင်းတဲ့ သစ်ပင်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဂါနာက ဖုန်းလိုင်းကောင်းတဲ့ သစ်ပင်

ဂါနာမှာ အာဖရိကတိုက်ရဲ့အကြီးဆုံးမိုဘိုင်းလ်ဖုန်းဈေးကွက်ကြီးတခု ရှိပါတယ်။ ဒါပေမယ့် နိုင်ငံတွင်းက တချို့ဒေသတွေမှာ ခုထက်ထိ ဖုန်းခေါ်တာ၊ လက်ခံပြောတာက ဈေးကြီးနေတုန်းပဲဖြစ်ပါတယ်။ မကြာသေးခင်က ထုတ်ပြန်လိုက်တဲ့အစီရင်ခံစာထဲမှာဆို လာမယ့် ၂ နှစ်လောက်အတွင်းမှာ ဖုန်းသန်းပေါင်း ၄၀ လောက်ကို သုံးလာကြမယ်လို့ဆိုပါတယ်။ အဲဒါဟာ လူ တဦးဟာ ဖုန်း ၁ လုံးထက် ပိုသုံးလာမယ်ဆိုတဲ့ သဘောပါ။ ဒါပေမယ့် နိုင်ငံမြောက်ပိုင်းမှာတော့ ခုထက်ထိ လိုင်းတွေက မကောင်းသေးတော့ ဒေသခံတွေအကြား တခြားနည်းလမ်းတွေနဲ့ဆက်သွယ်မှုတွေလည်းလုပ်ကြပါတယ်။

ကိုအောင်သွင်က ပြောပြမှာပါ။