အီရန်မှာ အမျိုးသမီးတွေကို ပထမဆုံးအကြိမ် ဘောလုံးပွဲ ကြည့်ခွင့်ပြု
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အီရန်မှာ အမျိုးသမီးတွေကို ပထမဆုံးအကြိမ် ဘောလုံးပွဲ ကြည့်ခွင့်ပြု

အီရန် နဲ့ ကမ္ဘောဒီးယား အသင်း တို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲကို အမျိုးသမီး ဘောလုံး ပရိတ်သတ်တွေလည်း ပထမဆုံး အကြိမ်အဖြစ် အားပေးကြည့်ရှုခွင့် ရကြပါတယ်။ အီရန် အမျိုးသမီး ဘောလုံး ပရိတ်သတ် တဦး ဖြစ်တဲ့ ဆာဟာ ခိုဒါယာရီ ဘောလုံးပွဲ ကြည့်ခွင့် မရခဲ့လို့ ကိုယ့်ဘာသာ မီးရှို့ ပြီး ဆန္ဒပြရင်း သေဆုံး ခဲ့ရတဲ့ နောက်မှာ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ကလည်း ဖိအားတွေ ပေးခဲ့တာကြောင့် အခုလို အပြောင်းအလဲတွေကို မြင်လာရတာပဲ ဖြစ်ပါတယ်။

မသီဒါနွယ်က ပြောပြမှာပါ။