ဘရက်ဇစ် သဘောတူညီချက်ကို ပါလီမန် ထောက်ခံဖို့ ဝန်ကြီးချုပ် ဂျွန်ဆင် ကြိုးပမ်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဗြိတိန်နဲ့ အီးယူကြားမှာ ဘရက်ဇစ် သဘောတူညီချက် ရအပြီး ပါလီမန် ထောက်ခံဖို့ ဝန်ကြီးချုပ် ကြိုးပမ်း

ဗြိတိန်နဲ့ အီးယူကြား ရခဲ့တဲ့ ဘရက်ဇစ် သဘောတူညီချက်ကို ဗြိတိသျှပါလီမန်က မထောက်ခံရင် အလွန်တရာ ရှုပ်ထွေးမှုတွေ ဖြစ်လာလိမ့်မယ်လို့ ဥရောပ ကော်မရှင် ဥက္ကဋ္ဌ ယန် ကလော့ ယန်ကာက သတိပေးလိုက်ပါတယ်။

ယူကေမှာတော့ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ထောက်ခံမှုပေးကြအောင် မနက်ဖြန် ပါလီမန် အထူးအစည်းအဝေး မတိုင်ခင် အပြင်းအထန် ကြိုးပမ်းနေပါတယ်။

အတိုက်အခံ လေဘာပါတီနဲ့ အစိုးရကို အဓိက ထောက်ခံတဲ့ မြောက်ပိုင်းအိုင်ယာလန်က ဒီမိုကရက်တစ် ယူနီယံနစ် ပါတီက သဘောတူညီချက်ကို မထောက်ခံပေမဲ့ ပါလီမန်က ထောက်ခံလိမ့်မယ်လို့သူယုံကြည်တယ်လို့လည်း ဘောရစ် ဂျွန်ဆင်က ပြောပါတယ်။

ဒေါ်ယဉ်ယဉ်မေ ပြောပြပေးပါမယ်။

ဆက်စပ် အကြောင်းအရာများ