မင်းသားဝီလျံနဲ့ကက်သရင်းတို့ရာသီဥတုဖော်ပြန်မှုကိုသွားလေ့လာ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မင်းသားဝီလျံနဲ့ ကက်သရင်းတို့ ရာသီဥတု ဖောက်ပြန်မှုကို သွားလေ့လာ

ကင်းဘရစ်မြို့စား မင်းသား ဝီလျံနဲ့ မြို့စားကတော် ကက်သရင်းတို့က ပါကစ္စတန် ခရီးစဉ် အတွင်းမှာ ဟင်ဒူ ကုရှ် တောင်ပေါ်ကို သွားရောက် လေ့လာခဲ့ ကြပါတယ်။

ကမ္ဘာကြီး ပူနွေးလာမှုရဲ့ အကျိုးဆက်အဖြစ် ရေခဲပြင်တွေ အရည်ပျော်ကျနေတာကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ရအောင် သွားတာပါ။

ကမ္ဘာ့ကပ်ဘေးကြီး ဖြစ်လာတော့မယ့် ပြဿနာကို ယူကေနဲ့ ပါကစ္စတန် ပူးပေါင်း ကိုင်တွယ် ဆောင်ရွက်ဖို့ မင်းသား ဝီလျံက တိုက်တွန်းပါတယ်။

သူတို့နဲ့ အတူလိုက်ပါသွားတဲ့ တော်ဝင်မိသားစုဆိုင်ရာ ဘီဘီစီ သတင်းထောက် ဂျော်နီ ဒိုင်းမွန်း ရဲ့ သတင်းကို ကိုသိမ်းမြတ်က ပြောပြပါမယ်။