အမေရိကန် အောက်လွှတ်တော်မှာ သမ္မတထရမ့်ကို စွပ်စွဲပြစ်တင်ဖို့ ဆုံးဖြတ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အမေရိကန် အောက်လွှတ်တော်မှာ သမ္မတထရမ့်ကို စွပ်စွဲပြစ်တင်ဖို့ ဆုံးဖြတ်

အမေရိကန် ပြည်ထောင်စုမှာတော့ ဗုဒ္ဓဟူးနေ့ညက သမ္မတ ဒေါ်နယ်ထရမ့်ကို စွပ်စွဲ ပြစ်တင်ဖို့ အောက်လွှတ်တော်က မဲခွဲ ဆုံးဖြတ်ခဲ့ပါပြီ။

အမေရိကန် သမိုင်းမှာ ဒီလို စွပ်စွဲ ပြစ်တင်ဖို့ ဆုံးဖြတ်ခဲ့တာဟာ ဒါပါနဲ့မှ ၃ ကြိမ်ပဲ ရှိပါတယ်။

ဒီမိုကရက်တွေ လွှမ်းမိုးထားတဲ့ အောက်လွှတ်တော်မှာ ဒီလို စွပ်စွဲ ပြစ်တင်ဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အထက်လွှတ်တော်မှာလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ရမှာ ဖြစ်ပါတယ်။ အထက်လွှတ်တော်ဟာ ရီပတ်ပလစ်ကန်တွေ ကြီးစိုးထားကြတဲ့ အတွက် သမ္မတ ထရမ့်ဟာ သူ့ရဲ့ သမ္မတ အာဏာကို အလွဲသုံးစား လုပ်ခဲ့သလား ဆိုတာနဲ့ ပတ်သက်လို့တော့ အပြစ်မရှိတဲ့ အဖြေပဲ ထွက်ဖို့ များတယ်လို့ ဆိုပါတယ်။

မစ္စတာ ထရမ့်ကတော့ သူဟာ နိုင်ငံရေး လုပ်ကြံမှုရဲ့ သားကောင်သာ ဖြစ်ပြီး ဒါကြောင့်ပဲ သူ့ကို လူကြိုက်များမှု ပိုများလာလိမ့်မယ်လို့ ဆိုပါတယ်။ မရီရီအောင်က ပြောပြမှာပါ။