ဗစ်တိုးရီးယား အမှု စီစီတီဗီ မှတ်တမ်းစက်တွေနဲ့ ပတ်သက်လို့ ပညာရှင်တွေ ဘာတွေ စစ်ဆေးတွေ့ရှိခဲ့သလဲ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဗစ်တိုးရီးယား အမှု စီစီတီဗီ စက်တွေ က ပညာရှင်တွေ ဘာတွေ စစ်ဆေးတွေ့ရှိခဲ့သလဲ

Wisdom Hill မူကြိုကျောင်း အမှုနဲ့ပတ်သက်လို့ တရားရုံးကို တင်ပြထားတယ်ဆိုတဲ့ စီစီတီဗီ မှတ်တမ်း တွေပါတဲ့ DVR စက်နဲ့ Hard disk ဟာ အခင်းဖြစ်တဲ့ နေ့က အသုံးပြုခဲ့တဲ့ စက်ဖြစ်ကြောင်း အတည်မပြုနိုင်ဘူးလို့ စစ်ဆေးတဲ့ ပညာရှင် အဖွဲ့ က တရားရုံးတော်ကို တင်သွင်းခဲ့ပါတယ်။

ပညာရှင်တွေဘက်က စစ်ဆေးခဲ့ရာမှာ ဘာတွေတွေ့ရှိခဲ့ပါသလဲ။ စစ်ဆေးတွေ့ရှိချက်တွေနဲ့ပတ်သက်လို့ တရားရုံးကို တင်ပြခဲ့ သူ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်များ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းခိုင်ကို ဘီဘီစီက သီးသန့် တွေ့ဆုံ ပြီး အသေးစိတ် မေးမြန်းထားပါတယ်။