တာအားလ်မီးတောင် အနီးက ဒေသခံတချို့ နေရပ်ပြန်လာ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တာအားလ်မီးတောင် အနီးက ဒေသခံတချို့ နေရပ်ပြန်လာ

ဖိလစ်ပိုင် နိုင်ငံက တာအားလ် မီးတောင်ကြီးဟာ ဆက်လက်ပြီး ပြာပူနဲ့ မီးခိုးငွေ့တွေ ကို လေထုထဲ တကီလိုမီတာ အမြင့်လောက်အထိ မှုတ်ထုတ်နေဆဲ ဖြစ်ပါတယ်။ မီးတောင်ဆိုင်ရာ ပညာရှင်တွေက မီးတောင်ပေါက်ကွဲနိုင်တဲ့ အဆင့်သတ်မှတ်ချက် ၄ မှာ ရှိနေဆဲ ဖြစ်လို့ နာရီပိုင်း၊ ရက်ပိုင်းလောက်အတွင်းမှာတင် ပေါက်ကွဲမှုတွေ ထပ်ဖြစ်လာနိုင်တယ်လို့ ပြောကြပါတယ်။ အဲဒီဒေသထဲက လူပေါင်း ၅၀၀၀၀ ကျော်ဟာလည်း ဘေးလွတ်ရာကို ရှောင်ပြေးခဲ့ကြပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ ရှောင်ပြေးခဲ့ကြသူတွေထဲက တချို့ကတော့ သတိပေးချက်တွေ ထုတ်ပြန်ပေးထားတဲ့ ကြားကပဲ ပြန်လာကြပြီး သူတို့ ထားခဲ့ရတဲ့ ပိုင်ဆိုင်မှုတွေကို ပြန်လာ ကြည့်နေကြပါတယ်။ ကိုထက်အောင်က ပြောပြမှာပါ။