တိုင်ဝမ်ပြည်သူတွေရဲ့ ဆန္ဒကို လေးစားဖို့ တိုင်ဝမ်သမ္မတ တရုတ်ကို သတိပေး
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တိုင်ဝမ်ပြည်သူတွေရဲ့ ဆန္ဒကို တရုတ်လေးစားဖို့ တိုင်ဝမ်သမ္မတ သတိပေး

တိုင်၀မ်သမ္မတ ဆိုင်ယင်ဝမ်းက တရုတ်အနေနဲ့ အရှိတရားကို လက်ခံပြီး တိုင်ဝမ် ပြည်သူတွေရဲ့ စိတ်ဆန္ဒကို လေးစားသင့်တယ်၊ ထိုင်ဝမ်ဟာ လွတ်လပ်တဲ့ နိုင်ငံလို့ ပြောတဲ့အပေါ် တရုတ်ဘက်ကလည်း ဒေါသတကြီး တုံ့ပြန်လိုက်ပါတယ်။

ထိုင်ဝမ်ဟာ တရုတ်ရဲ့ ခွဲ့မရတဲ့ အစိတ်အပိုင်း တခုသာ ဖြစ်ပြီး ဒီအမြင်ကို စိန်ခေါ်တဲ့ အတွေးအမြင်တွေကြောင့် အန္တရာယ်ရှိလာနိုင်တယ်လို့ တရုတ်က ပြောပါတယ်။

သမ္မတ ဆိုင်ယင်ဝမ်းကတော့ တင်းမာမှုတွေကြောင့် စစ်ရေးအရ ရင်ဆိုင်ရမယ်ဆိုရင်လည်း ထိုင်ဝမ်ဘက်က ပြင်ဆင်ထားတယ်လို့ သတိပေးလိုက်ပါတယ်။

ဘီဘီစီသတင်းထောက် ဂျွန်ဆပ်ဝပ်က သမ္မတ ဆိုင်ယင်ဝမ်းကို သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။