အစ်လစ်ဘ်ပြည်နယ်ထဲက လူသိန်းနဲ့ချီ စစ်ရှောင် ထွက်ပြေးနေကြ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အစ်လစ်ဘ်ပြည်နယ်ထဲက လူသိန်းနဲ့ချီ စစ်ရှောင် ထွက်ပြေးနေကြ

ဆီးရီးယားက သူပုန်တွေ နောက်ဆုံး ထိန်းချုပ် ထားတဲ့ အစ်လစ်ဘ် ပြည်နယ် ထဲမှာ သမ္မတ ဘာရှာ အဲလ် အာဆတ်ဒ်ကို သစ္စာခံ ထားတဲ့ တပ်တွေက ထိုးစစ်တွေ ဆင်နေဆဲ ဖြစ်ပါတယ်။ အက်လက်ပိုနဲ့ ဒမတ်စကပ်စ်မြို့ကြီးတွေကို ချိတ်ဆက်ထားတဲ့ အရေးကြီးတဲ့ လမ်းမကြီးကိုလည်း ၂၀၁၂ နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် အစိုးရတပ်တွေက သိမ်းယူထားလိုက်နိုင်ပြီ ဖြစ်ပါတယ်။ တူရကီက ထောက်ပံ့ပေးနေတဲ့ သူပုန်တွေကလည်း အစိုးရဘက်က ရဟတ်ယာဉ်တစင်းကို ပစ်ချခဲ့ကြပါတယ်။ အဲဒီမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် လူ သိန်းနဲ့ချီပြီး စစ်ဘေးရှောင်ဖို့ ပြေးနေကြပြီး ဒါဟာ ဆီးရီးယား စစ်ပွဲ ၉ နှစ်တာ ကာလအတွင်း လူအများဆုံး စစ်ရှောင်ပြေးကြခြင်းလည်း ဖြစ်ပါတယ်။ ဘီဘီစီရဲ့ အရှေ့အလယ်ပိုင်း သတင်းထောက် ကွင်တင် ဆမ်းမားဗီးလ်ရဲ့ သတင်းကို ကိုမင်းထက်က ပြောပြမှာပါ။