ကိုရိုနာဗိုင်းရပ်စ် - မိုဘိုင်းဖုန်းကို ဘယ်လို သန့်ရှင်းနိုင်မလဲ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေချိန်မျိုးမှာ လက်ဆေးဖို့ ပြောနေကြတာတွေ ကြားနေကြမှာပါ။ ဒါပေမယ့် လက်ဆေးပြီး ဖုန်းလေးကိုင်လိုက်တဲ့ အခါမှာရော ဘာဖြစ်လာမလဲ။ ဖုန်းတွေဟာ ထားချင်ရာ ထား၊ ချချင်ရာ ချနဲ့ ညစ်ပတ်တယ်လို့ ဆိုကြပါတယ်။ ဆိုတော့ အခုလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေချိန်မျိုးမှာ ကိုယ်ကိုင်တဲ့ ဖုန်းတွေကို ရောဂါပိုး ကင်းစင်အောင် သန့်စင်ချင်ကြပေမဲ့ ဖုန်းကို ထိခိုက်မှာလည်း စိုးရိမ်သူတွေရှိမှာပါ။ အိမ်သုံးဆပ်ပြာနဲ့ ရေကို သုံးပြီး ဖုန်းကို သန့်စင်နိုင်တယ်လို့ လန်ဒန်ယူနီဗာစီတီကောလိပ်က အဏုဇီဝ ပညာရှင် ဒေါက်တာ လီနာ ဆီရစ် ပြောပြထားတာကို ရှုစားရအောင်ပါ။