ချဲလ်ဆီး ပိုင်ရှင် တခြားအသင်း ဘောလုံး သမားတွေလည်းပိုင်

ချဲလ်ဆီး ပိုင်ရှင် တခြားအသင်း ဘောလုံး သမားတွေလည်းပိုင်

ချဲလ်ဆီး ဘောလုံးအသင်း ပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ်ဟာ တခြားအသင်းတွေက ဘောလုံးသမားတွေကိုလည်း တစိတ်တပိုင်း ပိုင်ဆိုင်မှုရှိနေတယ်ဆိုတာ စုံစမ်းသိရှိခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ က အဲဒီဘောလုံးသမားတွေထဲက တယောက်ဟာ ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ်ပွဲမှာ တဘက်အသင်းက ဝင်ကစားခဲ့ပါတယ်။

ဒါကြောင့် မစ္စတာ အေဘရာမိုဗစ်ချ်ရဲ့ ကစားသမား ၁၂ ယောက် ဝင်ကစားသလို ဖြစ်နေပါတယ်။

သူ့ရဲ့ ပြောရေးဆိုခွင့် ရသူကတော့ အဲဒီတုန်းက တရားဥပဒေနဲ့ အညီ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ရှိနေခဲ့တဲ့ ဘာစည်းမျဉ်း စည်းကမ်းကိုမှ ချိုးဖောက်ခဲ့တာ မရှိဘူးလို့ ပြောပါတယ်။

အရင် အင်္ဂလိပ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ လော့ဒ် ထရိုင်စ်မန်း ကလည်း အခု ပိတ်ပင်ထားပြီ ဖြစ်တဲ့ တတိယလူ ပိုင်ဆိုင်မှု တွေက ဘောလုံးလောကကို အရိပ်မည်းကြီးလို လွှမ်းမိုးနေတယ်လို့ ပြောပါတယ်။

ကိုထွေးက ပြောပြမှာပါ။