ဒေလီမှာ ဗိုင်းရပ်စ် ကူးစက်မှုပိုများလာလို့ ကျန်းမာရေး အရေးပေါ် အခြေအနေ ဖြစ်မှာစိုးရိမ်
ဒေလီမှာ ဗိုင်းရပ်စ် ကူးစက်မှုပိုများလာလို့ ကျန်းမာရေး အရေးပေါ် အခြေအနေ ဖြစ်မှာစိုးရိမ်
အိန္ဒိယနိုင်ငံ ဒေလီမြို့တော်မှာ ကိုဗစ် ဗိုင်းရပ်စ် ကူးစက်မှုတွေ ပိုမို များပြားလာတဲ့ အတွက် ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ ဖြစ်လာမှာကို စိုးရိမ်နေတယ်လို့ ဒေလီက ဆရာဝန်တွေက ပြောပါတယ်။
အခုဆို အိန္ဒိယမှာ လူတွေသန်းနဲ့ချီ ကျင်းပကြတဲ့ ဒီပါဝလီ ဘာသာရေး ပွဲတော်ချိန် စတင် ဝင်ရောက်လာပြီဖြစ်လို့ စျေးတွေမှာ လူတွေ ပြည့်နှက်နေပါတယ်။
အချင်းချင်း ခပ်ခွာခွာနေကြဖို့ စည်းကမ်းတွေကို လိုက်နာတာလည်း အားနည်းပါတယ်။
အိန္ဒိယဟာ ကမ္ဘာမှာ ကိုဗစ် နိုင်တင်း ကူးစက်မှု ဒုတိယ အဆိုးဆုံးပါ။ ဒါပေမဲ့ သေဆုံးနှုန်းကတော့ တော်တော် နည်းပါတယ်။
မသီဒါနွယ်ပြောပြပေးပါမယ်။