စစ်ရှုံး အာမေးနီးယားက ပြည်သူတွေအတွက် ငြိမ်းချမ်းရေးရဲ့ အဓိပ္ပာယ်

စစ်ရှုံး အာမေးနီးယားက ပြည်သူတွေအတွက် ငြိမ်းချမ်းရေးရဲ့ အဓိပ္ပာယ်

နာဂေါ်နို ကာရာဘာ့ဂ်မှာ အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားအကြား တိုက်ပွဲတွေ အဆုံးသတ်သွားစေရေး ငြိမ်းချမ်းရေး သဘောတူချက်အရ အဇာဘိုင်ဂျန်လက်အောက် ပြန်လွှဲပေးဖို့ သဘောတူထားတဲ့ ဒေသ ၃ ခုထဲက နောက်ဆုံးကျန်တဲ့ ဒေသကို အာမေးနီးယားတို့က ပြန်လွှဲပြောင်းပေးလိုက်ပါပြီ။

အဇာဘိုင်ဂျန် တပ်ဖွဲ့တွေ လာချင်းဒေသထဲ ဝင်ရောက်လာကြပါပြီ။ ဒီနေရာကို အာမေးနီးယန်းတွေ ဆယ်စုနှစ် ၃ ခုနီးပါး ထိန်းချုပ်ထားခဲ့တာပါ။

ဒီနေရာကနေ အာမေးနီးယန်းတွေ ထွက်သွားပေးနိုင်အောင် ရုရှားအထူးတပ်ဖွဲ့တွေက စောင့်ကြပ်ပေးနေကြပါတယ်။

အခုတော့ စစ်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ အာမေးနီးယန်းနိုင်ငံက ပြည်သူ ထောင်ပေါင်းများစွာ အနေနဲ့ ဒီငြိမ်းချမ်းရေးဆိုတာရဲ့ အဓိပ္ပာယ်ကို တကယ့်လက်တွေ့ ရင်ဆိုင်လာနေရပါပြီ။

ကိုဘိုဘို ကပြောပြမှာပါ။