ကိုဗစ်တခါကူးပြီးရင် ကိုယ်ခံအားက ဘယ်လောက်ကြာကြာ ကာကွယ်နိုင်မလဲ

ဗြိတိန်နိုင်ငံက လေ့လာချက်တခုအရ ကိုဗစ်နိုင်တင်း ဗိုင်းရပ်စ်ကူးစက်ခဲ့ဖူးသူ အများစုဟာ သူ့ကိုယ်ခံအားက အနည်းဆုံး ငါးလ လောက်တော့ နောက်တခါထပ် အကူးမခံရအောင် အကာအကွယ်ပေးနိုင်တယ်လို့တွေ့ရပါတယ်။

ဒါပေမဲ့ သူတို့ကတဆင့် တခြားလူတွေကိုတော့ ဗိုင်းရပ်စ် ဆက် ကူးစေနိုင်တယ်၊ ဖြန့်နိုင်သေးတယ်ဆိုတာ တွေ့ရှိရပါတယ်။

ဒီတွေ့ရှိချက်တွေက ကိုဗစ်နိုင်တင်း ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်း ခြောက်ထောင် ငါးရာကို အဓိကထား လေ့လာထားတာဖြစ်ပြီး တိကျမှန်ကန်ပါတယ် လို့ ပညာရှင်တွေက အပြည့်အဝ အကဲဖြတ်ထားတာ၊ နောက် အဖွဲ့ တစ်ဖွဲ့က စစ်ဆေးလေ့လာ သုံးသပ်ထားတာမျိုးတော့ မရှိသေးပါဘူး။

ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ ဘီဘီစီ သိပ္ပံ သတင်းထောက် Rebecca Morelle ပေးပို့တဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြပါမယ်။