အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒန် ကျမ်းသစ္စာ ကျိန်ဆိုမယ်

အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒန် ကျမ်းသစ္စာ ကျိန်ဆိုမယ်

အမေရိကန် ပြည်ထောင်စုမှာ ဒီနေ့ သမ္မတသစ်ရဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲ ကျင်းပမှာဖြစ်ပါတယ်။ မွန်းတည့် ၁၂ နာရီ ထိုးတာနဲ့ ဒေါ်နယ်ထရမ့်ဟာ သာမန်အရပ်သား တယောက်ပြန်ဖြစ်သွားပြီး ဂျိုးဘိုင်ဒန်ဟာ သမ္မတ ဖြစ်လာမှာဖြစ်ပါတယ်။

ဒီနေ့ ကျင်းပမယ့် သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပွဲဟာ ခါတိုင်းအကြိမ်တွေနဲ့ မတူဘဲ တမူထူးခြားနေပါတယ်။ ဒါကတော့ ကပ်ရောဂါကြောင့် မစ္စတာ ဘိုင်ဒန်ကို ထောက်ခံ အားပေးမယ့် လူထုကြီး ရှိမနေတာပါ။ နောက်ပြီး ဒီလ အစောပိုင်းက ကက်ပီတဲလ် စီးနင်းမှုလို အဓိကရုဏ်းတွေကြောင့်လည်း လုံခြုံရေးတွေ ထူထပ်စွာ ချထားပါတယ်။ ကိုဘိုဘိုက ပြောပြမှာပါ။