ပြည်သူတွေကိုရက်စက်တဲ့ လုပ်ရပ်တွေ မလုပ်နိုင်တော့ဘူးလို့ ရဲတွေပြော
ပြည်သူတွေကိုရက်စက်တဲ့ လုပ်ရပ်တွေ မလုပ်နိုင်တော့ဘူးလို့ ရဲတွေပြော
အာဏာသိမ်းခဲ့တဲ့ စစ်တပ်ရဲ့ အမိန့်အာဏာတွေကို ဆက်လက် မထမ်းဆောင်နိုင်တော့ဘူးလို့ ငြင်းဆိုခဲ့ပြီးနောက် နယ်စပ်ကို ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံကို ဝင်ရောက် သွားခဲ့တဲ့ ရဲအရာရှိတွေနဲ့ ဘီဘီစီက သီးသန့် မေးမြန်းခွင့် ရခဲ့ပါတယ်။
အခုတော့ ဘက်ပြောင်းခိုလှုံသူတွေအဖြစ် သတ်မှတ်ခံကြတဲ့ ရဲအရာရှိတွေကို ဘီဘီစီက ပထမဆုံး မေးမြန်းခဲ့ရာမှာ သူတို့ ထွက်ပြေးခဲ့တဲ့အကြောင်းတွေ၊ အရပ်သားတွေကို သတ်ဖြတ်၊ ရိုက်နှက်ဖို့ အတင်းဖိအားပေးခိုင်းတာခံခဲ့ကြရတယ်လို့ ပြောပြကြပါတယ်။
ဘီဘီစီ တောင်အာရှ သတင်းထောက် Rajini Vaidyanathan မေးမြန်းခဲ့တာကို မသီဒါနွယ် ပြန်ပြောင်းပြောပြပေးပါမယ်။