မြန်မာ စာလုံးနှင့် ကီးဘုတ် ရယူရန်

စာလုံး

ဤကီးဘုတ်ကို အသုံးပြုနိုင်ရန် ဘီဘီစီက အသုံးပြုသော Myanmar3 စာလုံး သင့်ကွန်ပြူတာထဲမှာ ရှိနေဖို့ လိုပါတယ်။ Myanmar3 ဖောင့်ကို ဒီနေရာကနေ ရယူနိုင်ပါတယ်။

http://wsdownload.bbc.co.uk/burmese/mm3.ttf

ကီးဘုတ်အတွက်

Myanmar3 ကီးဘုတ် လက်ကွက်

http://wsdownload.bbc.co.uk/burmese/BBCBurmese_Virtual_Keyboard.exe ကနေ BBC Burmese Virtual Keyboard.exe ဆိုတဲ့ .exe file ကို ဒေါင်းလုဒ် လုပ်ပါ။

ဒေါင်းလုဒ် လုပ်ထားတဲ့ BBCBurmese_Virtual_Keyboard.exe ဖိုင်ကို ရှာပြီး double click လုပ်ပါ။

အောက်က အကွက်လို ပေါ်လာပြီး၊ ဖိုင်တွေကို ကွန်ပြူတာထဲက ဘယ်နေရာမှာ သိမ်းထားချင်လည်းလို့မေးပါလိမ့်မယ်။ Destination folder ဆိုတဲ့နေရာမှာ ရွေးပေးပြီးရင် Install ကို နှိပ်ပါ။

လိုအပ်တဲ့ ဖိုင်တွေကို ဆွဲထုတ်ပြီး ကီးဘုတ်ကို စက်ထဲမှာ သွင်းပေးပါလိမ့်မယ်။

ကီးဘုတ် စက်ထဲ မှာ ရောက်သွားပြီဆိုရင် ဒီလို message ပေါ် လာပါလိမ့်မယ်။

ကီးဘုတ်ကို အသုံးပြုနိုင်ဖို့အတွက် Start Menu ကနေ Control Panel ကို သွားပါ။ အဲဒီကမှ Regional and Language Options ကိုရွေးပါ။

ဒီအကွက်ထဲက Languages လို့ရေးထားတဲ့ tab ကိုရွေးပြီး Details ကို နှိပ်ပါ။

ပြီးရင် Add ကို နှိပ်ပါ။

Add Input Language အကွက်ပေါ်လာရင် ပထမအကွက် Input language: ထဲမှာ ဘေးကမျှားလေးကို နှိပ်ပြီး ပေါ်လာတဲ့ list ထဲက Dutch (Netherlands) ကိုရွေးပါ။

ပြီးရင် ဒုတိယ အကွက်ဖြစ်တဲ့ Keyboard/IME: ထဲက list ထဲမှာ BBC Burmese ကို ရွေးပါ။ ပြီးရင် Okay ကို သုံးခါနှိပ်ပြီးရင် ကီးဘုတ် သွင်းတာ ပြီးစီးအောင်မြင်ပါပြီ။

Myanmar3 ကီးဘုတ် လက်ကွက်

အသိပေးချက်

ဒီကီးဘုတ် လက်ကွက်ကို သွင်းတဲ့ ပရိုဂရမ်မှာ ချို့ယွင်းချက်၊ အမှားတွေနဲ့ ဗိုင်းရပ်စ်တွေ မပါအောင် ဘီဘီစီက တတ်နိုင်သမျှ ဂရုစိုက်ပြီး လုပ်ထား ပါတယ်။ ဒါပေမယ့် အားလုံး ကင်းစင်ပြီ လို့တော့ အာမမခံနိုင်ပါဘူး။ မိမိတို့ ကွန်ပြူတာထဲမှာ ဗိုင်းရပ်စ် ကာကွယ်တဲ့ အစီအစဉ်တွေ ရှိထားဖို့တော့ အကြံပြုချင်ပါတယ်။ ဒီ ပရိုဂရမ်ကို အသုံးပြုရင်းနဲ့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်လာရင် ဘီဘီစီက တာဝန်ယူနိုင်မှာ မဟုတ်ပါဘူး။