သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရှစ်လေးလုံးလို သမိုင်းမျိုး မမှန်ဝါဒဖြန့်တာ ဘယ်လိုအကျိုးဆက်ဖြစ်လာနိုင်လဲ

Image caption ၈ လေးလုံး လူထုလှုပ်ရှားမှု

မြန်မာနိုင်ငံမှာ တပါတီအာဏာရှင်စံနစ်ကို ချုပ်ငြိမ်းစေခဲ့တဲ့ ရှစ်လေးလုံး လူထုလှုပ်ရှားမှုကြီး ပေါ်ပေါက်ခဲ့တာ ၂၂ နှစ်ပြည့်ပါတော့မယ်။

ဒီလို အရှိန်အဝါကြီးတဲ့ လူထုလှုပ်ရှားမှုမျိုးအပါအဝင် နိုင်ငံရေးလှုပ်ရှားမှု သမိုင်းတွေကို သေးသိမ်စွာဖေါ်ပြထားတဲ့ ဗွီစီဒီ ရုပ်ရှင်ကားတကား လောလောဆယ် မြန်မာနိုင်ငံတွင်းမှာ ဖြန့်ချီနေပါတယ်။

သမိုင်း ဖြစ်ရပ်မှန်တွေကို အခုလို မမှန်မကန် ဖေါ်ပြဝါဒ ဖြန့်တာမျိုးကြောင့် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာနိုင်သလဲ၊ တိုင်းပြည်နဲ့ လူမျိုးကို ဘယ်လို ထိခိုက်နိုင်ပါသလဲ သောတရှင်တွေရဲ့ ထင်မြင် ယူဆကြတွေကို အခု ဆွေးနွေးခဲ့ကြရာမှာ သောတရှင်တွေနဲ့အတူ အမေရိကန် ပြည်ထောင်စု နယူးယောက် တက္ကသိုလ်က အငြိမ်းစားသမိုင်း ပါမောက္ခ ဒေါက်တာအေးကျော် လဲပါဝင် ဆွေးနွေး ခဲ့ပါတယ်။