နောက်ဆုံး ရေးသားချိန် 8 သြဂုတ်လ 2010 - 17:49 GMT

တပ်ဖွဲ့ဝင်တွေရဲ့ စုဆောင်းငွေ ဘာကြောင့် ပြန်မပေးနိုင်တာလဲ

မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ တပ်ရင်းတချို့မှာ တပ်ဖွဲ့ဝင်တွေရဲ့ ချွေးနည်းစာ စုဆောင်းငွေတွေ ထုတ်မရလို့ မကျေမနပ်ဖြစ်နေကြတဲ့အသံတွေ လောလောဆယ်ကြားလာနေရပေမဲ့ ဖြေရှင်းပေးတာ မရှိသေးပါဘူး၊

ဒီလို ချွေးနည်းစာ စုဆောင်းငွေတွေကို တာဝန်ရှိသူတွေက ထုတ်မပေးတာ ဘာကြောင့်လဲ၊

လက်အောက်ငယ်သားတွေရဲ့ သက်သာချောင်ချိရေးကို ဖြေရှင်းမပေးတာ ဘာကြောင့်လဲ၊

အရပ်ဘက်မှာကော အလားတူ ပြသနာမျိုးရှိပါသလား၊

သောတရှင်တို့ ထင်မြင်ယူဆချက်တွေနဲ့ အတွေ့အကြုံတွေကို လာမဲ့ ဗုဒ္ဓဟူးနေ့ည လွတ်လပ်အတွေး အစီအစဉ်မှာ ပါဝင်ဆွေးနွေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

ဘီဘီစီကို email နဲ့ဖြစ်စေ တယ်လီဖုန်းနဲ့ဖြစ်စေ အချိန်မှီ ဆက်သွယ်ကြပါခင်ဗျာ၊ ဒါမှမဟုတ်အောက်ဖေါ်ပြပါ ကွက်လပ်ကို ဖြည့်ပြီး ပေးပို့နိုင်ပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။