သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာ့အရေး ကမ္ဘာ့အရေး

မြန်မာ့လူ့အခွင့်အရေး ချိုးဖေါက်မှု စွပ်စွဲချက်တွေဟာ တကယ်ပဲနိုင်ငံတကာ စစ်ရာဇဝတ်မှု မြောက်မမြောက် ကော်မရှင်ဖွဲ့ရေး နည်းလမ်းမျိုးစုံသုံး စုံစမ်းသွားမယ်လို့ အမေရိကန်က မကြာမီက ကြေညာလိုက်ပါတယ်။

ဒီတော့မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂအနေနဲ့ စုံစမ်းရေးကော်မရှင် ဖွဲ့ဖို့ ဘယ်လောက်ဖြစ်နိုင်ချေရှိနေပြီလဲ၊ ဘယ်လို အဟန့်အတားတွေ ရှိနိုင်သလဲဆိုတာ NCGUB ကုလတာဝန်ခံ ဒေါက်တာသောင်းထွန်း၊ NDF ပါတီမှ ရှေ့နေဦးသိန်းညွန့်၊ လူ့အခွင့်အရေး ပညာပေးရေး အဖွဲ့ ဒါရိုက်တာ ကိုအောင်မျိုးမင်းတို့နဲ့ ဦးမောင်မောင်သန်းက ဆွေနွေးတင်ပြထားပါတယ်။