သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တိုင်းရင်းသားပါတီတချို့ ရွေးကောက်ပွဲ ဝင်ခွင့်မပြုတာ ဘာသဘောလဲ

Image caption ကချင် KSPP ကို ပါတီဖွဲ့မပြု

တိုင်းရင်းသားပါတီတခု ဖြစ်တဲ့ ကချင်ပြည်နယ် တိုးတက်ရေးပါတီ KSPP ကို ပါတီဖွဲ့ခွင့်မပေးခဲ့သလို တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ဝင်မယ်ဆိုပြန်တော့လည်း အငြင်းခံခဲ့ရပါတယ်။

ဒီလို တိုင်းရင်းသားတွေကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်ကြမဲ့ တိုင်းရင်းသားပါတီ တချို့ကို ခွင့်ပြု၊ တချို့ကို ခွင့်မပြုတဲ့အပေါ် သောတရှင်တွေ ဘယ်လို သဘောထားပါသလဲ၊

ဒီလုပ်ရပ်ဟာ တိုင်းရင်းသားအချင်းချင်း သွေးကွဲစေပြီး တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ပျက်ပြားစေတဲ့ လုပ်ရပ်လို့ ယူဆပါသလား၊

သောတရှင်တွေရဲ့ အတွေးအမြင် အယူအဆတွေကို စက်တင်ဘာလ ၂၂ ရက်နေ့က ဆွေးနွေးခဲ့ကြရာမှာ သောတရှင်တွေနဲ့အတူ ပအို့ လွတ်မြောက်ရေး အဖွဲ့ချုပ် ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာ နဲ့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မီတီဟောင်း အငြိမ်းစား ဗိုလ်မှူးကြီး နိုင်ကောက်ရော့တို့ လည်း ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။