တရုတ်ထိုးဝင်မှု မြန်မာဘယ်လို သဘောထားသလဲ

နိုင်ငံတကာပဋိပက္ခဖြေရှင်းရေးအဖွဲ့ ICG ရဲ့ မကြာမီက ထုတ်ပြန်တဲ့ အစီရင်ခံစာ ထဲမှာ တရုတ်ရဲ့ ပုံရိပ်ဟာ မြန်မာနိုင်ငံမှာ ဆိုးဝါးတဲ့ အနေအထားကို ရောက်လာနေ ပါတယ်၊ တရုတ်စီးပွားရေးရော တရုတ်တွေပါ တိုးဝင်လာလို့ မြန်မာတိုင်းရင်းသား တွေရဲ့ မကျေနပ်မှုတွေ တိုးပွားလာနေတယ်လို့ ဆိုပါတယ်။

တကယ်ပဲ မကျေနပ်မှုတွေ များပြားလာနေပါသလား။

Image caption ခေါင်းဆောင်တွေ လုပ်သမျှ ပြည်သူတွေ ခံစားရမှာလား၊ ကောင်းကျိုးကော ရှိနိုင်သလား

တရုတ်ရင်းနှီးမြှုပ်နှံမှုတွေနဲ့ တရုတ်တွေ ထိုးဝင်လာမှုက မြန်မာတွေအတွက် ကောင်းကျိုးတွေကော မရှိနိုင်ဘူးလား

စတာတွေကို သောတရှင်တွေကိုယ်တိုင် ပါဝင်ဆွေးနွေး ကြမှာဖြစ်ပါတယ်။ လာမယ့် အောက်တိုဘာလ ၆ ရက်၊ ဗုဒ္ဓဟူးညပိုင်း ဆွေးနွေးကြမှာမို့ ပါဝင် ဆွေးနွေးဖို့ သောတရှင်တွေကို ဖိတ်ခေါ်ပါတယ်။

ပါဝင်ဆွေးနွေးလိုတဲ့ သောတရှင်တွေ ဘီဘီစီကို ကြိုတင် ဆက်သွယ်နိုင်ကြပါတယ်၊ burmese@bbc.co.uk ကို အီးမေးလ်ရေး ဆက်သွယ်နိုင်သလို ဖုန်းနံပါတ် ၀၀ ၄၄ ၂၀၇ ၅၅၇ ၁၇၆၄ ကို ဆက်သွယ်ပြီး ပြောဆိုချင်တာကို ခပ်တိုတို အသံသွင်းထား နိုင်ပါတယ်။