သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မဲပေးမလား၊ မပေးဘူးလား၊ ဘာကြောင့်လဲ။

စစ်အစိုးရနဲ့ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေကြတဲ့ ဒီမိုကရက်တစ် ပါတီတွေက ပြည်သူတွေကို မဲပေးကြဖို့ သတင်းစာ ဆောင်းပါးတွေ ရေးသလို၊ လက်တွေ့ ကွင်းဆင်းလို့ မဲဆွယ် စည်းရုံးနေကြပါတယ်။

သောတရှင်များ မဲဆန္ဒရှင်တွေကရော လာမယ့် နိုဝင်ဘာ ၇ ရွေးကောက်ပွဲမှာ မဲပေးမှာလား၊ မပေးဘူးလား။

ဘာကြောင့် ပေးမှာလဲ၊ ဘာကြောင့် မပေးမှာလဲ။

ဒီအကြောင်းတွေကို သောတရှင် မဲဆန္ဒရှင်တွေ ကိုယ်တိုင် ပါဝင်ဆွေးနွေးထားကြပါတယ်၊ သောတရှင်တွေနဲ့အတူ ထိုင်းနိုင်ငံအခြေစိုက် လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီရဲ့ ဥက္ကဌ ဦးအောင်မိုးဇော် က ပါဝင်ဆွေးနွေးပေးထား ပါတယ်။