နောက်ဆုံး ရေးသားချိန် 24 နိုဝင်ဘာလ 2010 - 17:45 GMT

အိပ်ချ်အိုင်ဗွီ ဝေဒနာရှင်တွေကို နှင်တာ တာဝန်မဲ့ လုပ်ရပ်လား

မီဒီယာ ပလေးယား

အန်အယ်လ်ဒီ လူမှု အထောက်ကူအဖွဲ့က ဒေါ်ဖြူဖြူသင်းဦးဆောင်ပြီး ကူညီစောင့်ရှောက်ထားတဲ့ တောင်ဒဂုံမြို့နယ်ကအိပ်ချ်အိုင်ဗီရောဂါ ကူးစက်ခံထားရသူတွေကို နို၀င်ဘာ၁၇ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံပြီးတဲ့နောက်ပိုင်း အဲဒီအိမ်မှာနေတဲ့သူ အားလုံးကို ဧည့်စာရင်း တိုင်ခွင့်မပေးတော့ဘူးလို့ သက်ဆိုင်ရာ အာဏာပိုင်တွေကခေါ်ပြောခဲ့ပါတယ်။

ဒီလို အိပ်ချ်အိုင်ဗီ ဝေဒနာရှင်တွေကို အခုလို နှင်နေတာဟာ အုပ်ချုပ်သူ အစိုးရအနေနဲ့ တာဝန်မဲ့ ရာမရောက်ဘူးလား၊

ဒီဝေဒနာရှင်တွေအတွက် အကောင်းဆုံး ဘယ်လိုဆောင်ရွက်ပေးသင့်တယ်လို့ ထင်ပါသလဲ၊

သောတရှင်တွေရဲ့ အတွေးအမြင်တွေကို နိုဝင်ဘာလ ၂၄ ရက်နေ့ည လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ဆွေးနွေးခဲ့ကြပါတယ်။

သောတရှင်တွေနဲ့အတူ နာရေးကူညီစောင့်ရှောက်မှုအသင်းက ဒေါ်သန်းမြင့်အောင်၊ ထိုင်း နိုင်ငံက World Vision အဖွဲ့ရဲ့ HIV AIDS နည်းပညာဆိုင်ရာ အကြံ့ပေး အရာရှိ ဒေါက်တာ အိအိခင်တို့လဲ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

ဒီအစီအစဉ်ကို နားထောင်ပြီး တခုခု ပြောချင်ရင် ဘီဘီစီကို အီးမေးနဲ့ဖြစ်စေ စာနဲ့ဖြစ်စေ တယ်လီဖုန်းနဲ့ဖြစ်စေ ဆက်သွယ်ရေးသားနိုင်ကြပါတယ်။

အောက်ပါ အကွက်ကို ဖြည့်စွက်ပြီးလဲပေးပို့နိုင်ပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

BBC navigation

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။