သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

စစ်​မှု​ထမ်း​ဥပဒေ​ကို ဆွေးနွေး​ခြင်း

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်လေးမှာပဲ စစ်အစိုးရက ပြည်သူ့စစ်မှုထမ်း ဥပဒေကို ပြဌာန်းပြီး အသက် ၁၈ နှစ်ပြည့်ပြီးသူ မြန်မာ အမျိုးသား၊ အမျိုးသမီး တိုင်း ဥပဒေအရ စစ်မှုထမ်းရမယ်လို့ ဆိုပါတယ်။

Image caption ပင်တိုင်ဆွေးနွေးပေးသူ ဗိုလ်မှူးစိုင်းသိန်းဝင်း

အမျိုးသားတွေအနေနဲ့ အသက် ၁၈ ကနေ ၄၅ နှစ်အထိ၊ အမျိုးသမီးတွေ အနေနဲ့ အသက် ၁၈ ကနေ ၃၅ နှစ် အထိ အကျုံး ဝင်ပါတယ်။ ဒီဥပဒေဟာ တရားဝင် အမိန့်ကြော်ငြာစာနဲ့ ထွက်လာရင်တော့ စပြီး အသက်ဝင်မှာပါ။

ဥပဒေ ဖတ်ပြီးသူ လူငယ်အမျိုးသားတွေက သာသနာ့ဝန်ထမ်းဖြစ်တဲ့ ဘုန်းကြီးပဲ ဝတ်ရမလိုလို၊ ဒါမှမဟုတ် မိခင်အိုကြီး ပြုစု စောင့်ရှောက်ရမလိုလို၊ ဆေးဘုတ်ကျအောင် လုပ်မရမလိုလို စဉ်းစားနေကြပြီး အမျိုးသမီးငယ်တွေကျတော့လည်း အိမ်ထောင်ပဲ ပြုရမလိုလို၊ မယ်သီလပဲ လုပ်ရမလိုလို စဉ်းစားကြတယ်လို့ ကြားသိရပါတယ်။

သောတရှင်တွေကိုယ်တိုင်ကရော ဘာတွေ ပြောဆို ဆွေးနွေးကြပါသလဲ။ နားဆင်နိုင် ပါတယ်။

သောတရှင်တွေနဲ့အတူ စစ်အစိုးရ လုပ်ဆောင်နေတယ်ဆိုတဲ့ နျူကလီယားစီမံကိန်း အကြောင်း နိုင်ငံတကာကို ထုတ်ဖော် ဖွင့်ချခဲ့တဲ့ ပြည်ပရောက်နေတဲ့ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းက ပါဝင်ဆွေးနွေး၊ ဖြေကြား ပေးထားပါတယ်။