သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အသေ​ခက်​တဲ့ ဒုက္ခ

ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏလို့ ဘုရားဟောအတိုင်း ပြောပြော၊ ကွေးသောလက် မဆန့်ခင် ဆန့်သောလက် မကွေးခင်လို့ ပညာရှိတွေ ဆိုသလို ဆိုဆို သေခြင်း တရားကို တနေ့မဟုတ် တနေ့၊ တချိန်မဟုတ် တချိန် မလွဲမသွေ ကြုံရမှာပါ။

Image caption နာရေးကူညီမှုအသင်း ရန်ကုန် ဥက္ကဌ ဦးကျော်သူ နာရေးတခုကို အားပေး

တခါ နေရေးထက် သေရေးခက် ဆိုသလို မြန်မာပြည်မှာ သေတဲ့အခါ ဘယ်လောက် ဒုက္ခရောက်ရပါသလဲ။ သင်္ဂြိုဟ်စရိတ် မတတ်နိုင်လို့ လူ့ဘဝရဲ့ နောက်ဆုံးခရီးမှာ ဘယ်လောက်တောင် ဒုက္ခရောက်တွေ ဖြစ်နေကြပါသလဲ။

ဒီလို ဒုက္ခရောက်သူတွေကို နိုင်သလောက် ကူညီပေးနေတဲ့ နာရေးကူညီရေး အသင်း အဖွဲ့တွေမှာရော ဘယ်လိုအခက်အခဲတွေ၊ ဖိအားတွေ ရှိနေပါသလဲ။

ဒီအကြောင်းကို သောတရှင်တွေ ကိုယ်တိုင်ပါဝင် ဆွေးနွေးထားကြပါတယ်။

နာရေးကူညီမှုအသင်း ရန်ကုန်ရဲ့ ဥက္ကဌြဖစ်တဲ့ ရုပ်ရှင်မင်းသား (ဦး) ကျော်သူ က ပင်တိုင် ဆွေးနွေးသူအဖြစ် ပါဝင်ဆွေးနွေး ပေးထားပါတယ်။