သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဘာသာရေးနဲ့ ဆက်နွယ်နေတဲ့ စီးပွားရေး လောက

ကမ္ဘာ့ဘာသာကြီးတချို့တွေမှာ ဘဏ်ကြီးတွေ စီးပွားရေးလုပ်ငန်းကြီးတွေ ပိုင်ဆိုင်တဲ့ အထိလုပ်နေကြတဲ့အကြောင်း ဘီဘီစီ ကမ္ဘာတလွှားအစီအစဉ်ကနေ တင်ဆက်ခဲ့ပါတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ မြန်မာနိုင်ငံလိုမျိုးမှာရော ဘာသာရေးကို စီးပွားရေးဆန်ဆန် လုပ်လို့ရသလားဆိုတာ သီတဂူဆရာတော် ဒေါက်တာ ဦးဉာဏိဿရ ဒယ်အိုးဆရာတော် ဦးသုမင်္ဂလနဲ့ မြန်မာ့ဓန မဂ္ဂဇင်းအယ်ဒီတာ ဦးသီဟစောတို့နဲ့အတူ ဦးမောင်မောင်သန်းက အထူး အစီအစဉ်အဖြစ် တင်ဆက်ထားပါတယ်။