သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပြည်တွင်း ငြိမ်းချမ်းရေး ရပြီလား

ဓာတ်ပုံ မူပိုင် Reuters
Image caption ကချင် စစ်ပြေး ဒုက္ခသည်များ

တိုင်းရင်းသား အဖွဲ့အစည်းအများစုနဲ့ အစိုးရ အကြား အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူညီချက်တွေ လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။ ဒီဆောင်ရွက်ချက်တွေဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆီ ဦးတည်နေတဲ့ လမ်းကြောင်းမှန်ပေါ်ရောက်နေပြီလို့ ဆိုနိုင်ပါသလား။

နိုင်ငံရေးအရ ရေရှည်တည်တံ့မယ့် ငြိမ်းချမ်းရေးမျိုးရအောင် အများပြည်သူဘက်က ဘာတွေ ပါဝင်ဆောင်ရွက်နိုင်ပါသလဲ။

ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်က ဦးခွန်ဥက္ကာ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေက ဦးညိုအုန်းမြင့်၊ ချင်းအမျိုးသားပါတီရဲ့ ဒုတိယ ဥက္ကဌ ဦးချန်းဟရီတို့က သောတရှင်တို့နဲ့ အတူပါဝင် ဆွေးနွေးထားပါတယ်။