သင်္ကြန်စာ ဘယ်လိုရေးကြမလဲ ဆိုတာဆွေးနွေးဖို့

သောတရှင်များခင်ဗျာ မကြာခင်မှာ နှစ်သစ်ကိုကူးပါတော့မယ်။ ဒီလို သင်္ကြန် နှစ်သစ်ကူး ကာလမျိုးမှာ လာမယ့်နှစ်အတွက် တွက်ချက် ဟောကိန်းထုတ်ကြတဲ့ သင်္ကြန်စာ တွေလည်း ထွက်လာလေ့ရှိပါတယ်။ ပကတိအခြေအနေတွေနဲ့ သောတရှင်တွေ သင်္ကြန်စာ ရေးကြရမယ်ဆိုရင် ဘယ်လိုရေး ကြမလဲဆိုတာ သိချင်ပါတယ်။ သောတရှင်တွေနဲ့ လာမယ့် ဧပြီလ ၁၁ ရက်နေ့ ဗုဒ္ဓဟူးနေ့ည လွတ်လပ်အတွေး ဆွေးနွေးဖလှယ်အစီအစဉ်မှာ ပြောကြ ဆိုကြဆွေးနွေးကြရအောင် ဖိတ်ခေါ်အပ်ပါတယ်။