Got a TV Licence?

You need one to watch live TV on any channel or device, and BBC programmes on iPlayer. It’s the law.

Find out more
I don’t have a TV Licence.

အနှစ်ချုပ်

  1. ပထမပွဲမန်ယူအိမ်ကွင်းမှာ ဂိုးပြတ်နိုင်ခဲ့
  2. ဆောက်သမ်တန်က အင်တာမီလန်နဲ့တွေ့
  3. အင်တာက ပထမ အကျော့မှာ ၁ဂိုးနဲ့ နိုင်
  4. ဆောက်သမ်တမ် အိမ်ကွင်းမှာ ဥရောပပွဲ မရှုံးတာ ၁၄ ပွဲ ရှိပြီ
  5. ရိုးမားနဲ့ သြစတီးယားဗီယင်နာ ကစားမယ်။

သတင်း တိုက်ရိုက် ပေးပို့ချက်

time_stated_uk

  1. ဆောက်သမ်တမ် အိမ်ကွင်းမှာ ဥရောပပွဲ မရှုံးတာ အနှစ် အစိတ်ရှိပြီ

    ဆောက်သမ်တမ်ဟာ ယူရိုးပါးလိဂ် အုပ်စု K မှာ အုပ်စု ဒုတိယ နေရာမှာ ရှိနေပါတယ်။

    ၁၉၈၁ တုန်းက UEFA ဖလားပွဲမှာ ပေါ်တူဂီ အသင်း စပို့တင်း လစ္စဘွန်းကို ၄ ဂိုး ၂ ဂိုးနဲ့ အိမ်ကွင်းမှာ ရှုံးခဲ့ပြီး နောက်ပိုင်း ဆောက်သမ်တမ် အိမ်ကွင်းမှာ ဥရောပပွဲ မရှုံးတာ ၁၄ ပွဲ ရှိပါပြီ။ နိုင်ပွဲ ၈ -  သရေ ၆ ပါ။

    အင်တာမီလန် ကတော့ နောက်ဆုံး ကစားထားတဲ့ ဥရောပ အဝေးပွဲ ၅ ပွဲ စလုံး အနိုင်ပွဲ မတွေ့ သေးပါဘူး။ သရေ၃ - အရှုံး ၂ပါ။

    ဒါ့အပြင် အင်တာ အနေနဲ့ အင်္ဂလန်ကို ဥရောပပွဲ လာကစားတိုင်း ရလဒ် မကောင်း ဖြစ်နေတာမှာ နောက်ဆုံး ငါးပွဲမှာ လေးပွဲ ရှုံးထားပါတယ်။

    ဆောက်သမ်တမ်ဟာ ယူရိုးပါးလိဂ် အုပ်စု K မှာ သုံးပွဲ ကစား ၄ မှတ် ရထားပြီး၊ စပါးတား ပရပ် အသင်းထက် နှစ်မှတ်လျော့နဲ့ အုပ်စု ဒုတိယ နေရာမှာ ရှိနေပါတယ်။

    အင်တာကတော့ ၃ မှတ်သာ ရထားပြီး အုပ်စု အောက်ဆုံးမှာ ရောက်နေပါတယ်။

    �]�`7�

    ဆောက်သမ်တမ် ယူရိုးပါးလိဂ်
    Image caption: ဆောက်သမ်တမ် အိမ်ကွင်းမှာ ဥရောပပွဲ မရှုံးတာ ၁၄ ပွဲ ရှိပါပြီ
  2. အိမ်ကွင်းမှာ အင်တာနဲ့ ယူရိုပါပွဲ ကန်မယ့် ဆောက်သမ်တမ်

    နည်းပြ အပြောင်းအလဲ လုပ်ထားတဲ့ အင်တာနဲ့ ကစားရ ခက်မယ်လို့ ဆောက်သမ်တမ် မန်နေဂျာ ပြော

    ဖရန့် ဒီဘိုးဝါးကို ပြီးခဲ့တဲ့ အင်္ဂါကပဲ မန်နေဂျာ နေရာက ဖယ်ရှားခဲ့တဲ့ အင်တာမီလန်နဲ့ ကစားဖို့ ခက်လိမ့်မယ်လို့ ဆောက်သမ်တမ် မန်နေဂျာ ကလော့ဒ် ပူအဲလ်က ပြောပါတယ်။

    အင်တာ ရဲ့ လူငယ် အသင်းနည်းပြ စတီဖန်နို ဗက်ချီက ဆောက်သမ်တမ်နဲ့ ပွဲမှာ အသင်းကြီးကို တာဝန်ယူ ကိုင်တွယ် ပါလိမ့်မယ်။

    အခုလို နည်းပြ အပြောင်းအလဲ ရှိလာတဲ့ အင်တာ ဆီက ဘယ်လို ကစားကွက်တွေ ထွက်လာမလဲ ဆိုတာ ကြိုတင် ခန့်မှန်းလို့ မရ ဖြစ်နေတယ်လို့  ကလော့ဒ် ပူအဲလ်က ဆိုပါတယ်။

    ဒါ့အပြင် ဆောက်သမ်တမ် အသင်းမှာ နည်းပြ ရှိန်းလောင်းနဲ့ အဓိက နောက်တန်း ကစားသမား ဆီးဒရစ် ဆိုးရက်စ်တို့ ဒဏ်ရာကြောင့် ဝင် ကစား နိုင်င်မှာ မဟုတ်ပါဘူး။

    ဆောက်သမ်တမ် အင်တာမီလန် ယူရိုးပါး
    Image caption: အီတလီ နာမည်ကြီးသင်းနဲ့ ကန်ဖို့ ဆောက်သမ်တမ် ကစားသမားတွေ ပြင်ဆင်နေပြီ။
  3. ဒီည ဖာနာဘာချေးနဲ့ပွဲမှာ ဖီလ်ဂျုံးပြန်ပါနိုင်မယ်

    ဒဏ်ရာကြောင့်နားနေရတဲ့ နောက်ခံလူ ဖီလ်ဂျုံး မန်ယူအသင်းနဲ့ တူရကီကို လိုက်ပါသွားခဲ့ပါတယ်။ 

    ဒူးဒဏ်ရာရနေတဲ့ ဖီလ်ဂျုံးဟာ နှစ်ဆန်း ဇန်နဝါရီလ ၂ ရက်နေ့က ဆွမ်ဆီးနဲ့ ပွဲမှာ နောက်ဆုံးကစားခဲ့တာ ဖြစ်ပါတယ်။ 

    ဖီလ်ဂျုံး
    Image caption: ဆွမ်ဆီးနဲ့ ပွဲမှာ နောက်ဆုံးကစားခဲ့တဲ့ ဖီလ်ဂျုံး
  4. ယူရိုပါလိဂ်ဖလားရရေး ဦးတည်တယ်လို့ မော်ရင်ညိုပြော

    ယူရိုပါဖလားရတဲ့အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့အတွက် ဒီနှစ်မှာ မန်ယူယူရိုပါလိဂ်ဗိုလ်စွဲဖို့ မျှော်မှန်းတယ်လို့ မော်ရင်ညိုကပြောပါတယ်။

    မော်ရင်ညို
    Image caption: ဘန်လေနဲ့ပွဲမှာ ကွင်းဘေးက နှင်ခံရတဲ့ မော်ရင်ညို