ပို့စ် တင်တဲ့အချိန် 20:21 9 နိုဝင်ဘာ 201620:21 9 နိုဝင်ဘာ 2016ထရမ့် လက်ထက် မြန်မာ နဲ့ ဆက်ဆံရေး ပြောင်းလာ နိုင်သလားအမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် လက်ထက်မှာ မြန်မာ နိုင်ငံ နဲ့ အမေရိကန် တို့ရဲ့ ဆက်ဆံရေးဟာ အပြောင်းအလဲ ရှိနိုင်တယ်လို့ ပြည်သူ့ လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဝင် ဒေါ်ပြုံးကေသီ နိုင်က ပြောပါတယ်။ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန ရဲ့ လွတ်လပ် တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေး မူဝါဒ ကို လွှတ်တော် ဘက်ကလည်း လက်ခံ ကျင့်သုံးတယ်လို့ NLD ပါတီ ကလောမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် က ပြောပါတယ်။ ဒါပေမယ့် ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့် လက်ထက်မှာ အမေရိကန် နိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒ ဟာ အများကြီး အပြောင်းအလဲ ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။ အမေရိကန် ရဲ့ ပြောင်းလဲ လာတဲ့ နိုင်ငံခြားရေး မူဝါဒ အပေါ်မှာ အခြေခံပြီး မြန်မာ ဘက်က နည်းဗျူဟာတွေ ကို ပြောင်းလဲ ကျင့်သုံးလာ နိုင်တယ်လို့ ဒေါ်ပြုံးကေသီနိုင် က ဆက်လက် ပြောကြားပါတယ်။ အမေရိကန် သမ္မတ ရွေးကောက်ပွဲ တိုက်ရိုက် သတင်းပေးပို့မှုကို ဒီမှာပဲ ရပ်နားခွင့် ပြုပါ။ သမ္မတ ရွေးချယ်ပွဲ နောက်ဆက်တွဲ သတင်းတွေကို www.bbcburmese.com နဲ့ ဘီဘီစီမြန်မာပိုင်း ရဲ့ Facebook စာမျက်နှာတွေမှာ ပုံမှန်အတိုင်း ဆက်လက် အစီရင်ခံ ပေးနေပါတယ်။ ReutersCopyright: Reutersထရမ့် ကို အာဏာ လွှဲပေးဖို့ အဆင်သင့်လို့ လက်ရှိ သမ္မတ အိုဘားမား ပြောImage caption: ထရမ့် ကို အာဏာ လွှဲပေးဖို့ အဆင်သင့်လို့ လက်ရှိ သမ္မတ အိုဘားမား ပြော
ပို့စ် တင်တဲ့အချိန် 18:49 9 နိုဝင်ဘာ 201618:49 9 နိုဝင်ဘာ 2016အမေရိကန် သမ္မတ အားလုံး ဘယ်နှစ်ယောက်ရှိသလဲ။ရွေးကောက်ပွဲ အနိုင်ရတဲ့ ဒေါ်နယ် ထရမ့်ဟာ ၁၇၈၉ က စပြီး အမေရိကန် သမိုင်းမှာ ၄၅ ဆက်မြောက် သမ္မတ ဖြစ်လာတော့မှာပါ။ဒါပေမဲ့လည်း တကယ် ရှိတဲ့ သမ္မတ အရေအတွက်က ၄၄ ယောက်ပဲ ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ၁၉ ရာစု ကုန်ခါနီးတုန်းက သမ္မတ တယောက်က သက်တမ်း ၂ ကြိမ် ကို ကြားက တယောက် ခြားပြီး ထမ်းဆောင်ခဲ့လို့ သူ့ကို ၂၂ ဆက်နဲ့ ၂၄ ဆက်မြောက် သမ္မတ အဖြစ် မှတ်တမ်းပြုကြပါတယ်။အဲဒီ သမ္မတ ကတော့ ဂရိုဗာ ကလိဗလန်းပါ။ ပထမဆုံး သမ္မတ ဂျော့ဝါရှင်တန်ကို ကန့်ကွက်သူ မရှိ တညီတည်း ရွေးချယ်ခံ ကောလိပ်မှာ တင်မြှောက်ခဲ့ကြပြီး သမ္မတ သက်တမ်း အကြာဆုံးကတော့ ၁၂ နှစ် ထမ်းဆောင်ခဲ့တဲ့ ဖရန်ကလင် ရူးစဗဲ့ ဖြစ်ပါတယ်။ သက်တမ်း အတိုဆုံးကတော့ ၃၁ ရက်ပဲ ထမ်းဆောင်ခဲ့တဲ့ ဝီလျံ ဟင်နရီ ဟယ်ရီဆန် ဖြစ်ပါတယ်။ BBCCopyright: BBCအမေရိကန် သမ္မတ ၄၄ ယောက်Image caption: အမေရိကန် သမ္မတ ၄၄ ယောက်Getty ImagesCopyright: Getty Imagesသမ္မတ ဂရိုဗာ ကလိဗလန်းImage caption: သမ္မတ ဂရိုဗာ ကလိဗလန်း
ပို့စ် တင်တဲ့အချိန် 18:27 9 နိုဝင်ဘာ 201618:27 9 နိုဝင်ဘာ 2016နိုင်ငံခြားမှာ မွေးတဲ့ သမ္မတကတော်ဒေါ်နယ်ထရမ့် သမ္မတ အရွေးခံရပြီးနောက် သူ့ဇနီး မလားနီးယားထရမ့်ဟာလည်း ၁၈၇ နှစ် အတွင်း ပထမဆုံး နိုင်ငံခြားမှာ မွေးတဲ့ သမ္မတကတော် ဖြစ်လာပါပြီ။ထရမ့်ဟာ အိမ်ထောင် ၃ ကြိမ် ပြုခဲ့ပြီး ၃ ယောက်စလုံးက ကိုယ်ဟန်ပြမယ်နဲ့ ရုပ်ရှင်မင်းသမီးတွေ ဖြစ်ကြပါတယ်။ လက်ရှိ ဇနီးသည် မော်ဒယ် အလှမယ် မလားနီးယား နဲ့ ၂ဝဝ၅ ခုနှစ်မှာ ထရမ့် လက်ထပ် ပါတယ်။ သူတို့မှာ ဘာရွန် ဝီလျမ် ထရမ့် ဆိုတဲ့ သားတဦး ထွန်းကားပါတယ်။မလားနီးယားက ဆလိုဗေးနီးယား နိုင်ငံမှာ ၁၉၇ဝ က မွေးဖွားခဲ့ပြီး အဲဒီတုန်းက ဆလိုဗေးနီးယား က ယူဂိုစလားဗီးယား နိုင်ငံမှာ ပါဝင်ပါတယ်။အမေရိကမှာ ၂ဝဝ၁ ထဲက အမြဲတမ်း နေထိုင်ခဲ့ပြီး ၂ဝဝ၆ ခုနှစ်မှာ အမေရိကန် နိုင်ငံသူ ဖြစ်လာခဲ့ပါတယ်။ Getty ImagesCopyright: Getty Images
ပို့စ် တင်တဲ့အချိန် 18:09 9 နိုဝင်ဘာ 201618:09 9 နိုဝင်ဘာ 2016အိုဘားမားက အာဏာလွှဲဖို့အသင့်လက်ရှိ အမေရိကန် သမ္မတ အိုဘားမားနဲ့ ဇနီး မီရှဲလ် အိုဘားမားတို့က ဒီမိုကရက် သမ္မတလောင်း ဟီလာရီ ကလင်တန်ကို အားပေး ဂုဏ်ပြုရင်း ထရမ့်အတွက် အာဏာ လွှဲပေးဖို့ အသင့်ရှိတယ်လို့ ဆိုပါတယ်။အမေရိကန် နိုင်ငံရေးမှာ အကွဲအပြဲ အများဆုံး ရွေးကောက်ပွဲ တခု ဖြစ်ခဲ့ပေမယ့် အားလုံး ညီညွတ်ကြဖို့လည်း သူက ပန်ကြားခဲ့ပါတယ်။အမေရိကန်သာ ပထမ ဖြစ်တယ်၊ သမ္မတသစ်ကို ဇန်နဝါရီမှာ အာဏာလွှဲပေးဖို့လည်း အသင့်ရှိတယ်လို့ အိုဘားမားက ဆိုပါတယ်။ Getty ImagesCopyright: Getty Images
ပို့စ် တင်တဲ့အချိန် 17:59 9 နိုဝင်ဘာ 201617:59 9 နိုဝင်ဘာ 2016Post updateထရမ့်ရဲ့ စိတ်နေစိတ်ထားအင်မတန် အသန့်အရှင်း ကြိုက်ပါတယ်။ နေတော့လည်း သူ့ရုံးအပေါ်ထပ်မှာ အိမ်ခန်းအကောင်းစားနဲ့ နေပြီး ဓာတ်လှေကားနဲ့ အတက်အဆင်း လုပ်ပါတယ်။နောက်ပြီး သူက အရက်သေစာ သောက်စားတဲ့သူလည်း မဟုတ်ပါဘူး။ သူ့ကို လူတွေက စည်းမရှိ ကမ်းမရှိ ပြောတတ်တယ်လို့ ထင်ကြပေမယ့် သူငယ်ငယ် ၁၃ နှစ်သားတုန်းက စစ်ကျောင်းတခုမှာ ပညာသင်ခဲ့ဖူးပါတယ်။ထရမ့်က အင်မတန်မှလည်း အကောင်းကြိုက်ပြီး ဇိမ်ခံပါတယ်။ သူနေတဲ့ ထရမ့်တာဝါ အဆောက်အအုံကို လင်းနို့လူသား ဇာတ်ကားတကားမှာ ထည့်သွင်း ရိုက်ကူးခံရပါတယ်။၁၉၈၈ တုန်းက ရီပတ်ဘလစ်ကန် ပါတီက ထရမ့် နာမည်နဲ့ ဂိမ်းကစားနည်းတခု ထွင်ဖူးပါတယ်။ အဲဒီကစားနည်းမှာ လူတိုင်းက ကိုယ်ပိုင် စီးပွားရေး အင်ပါယာကြီးတွေ ထူထောင်ပြီး ပြိုင်ဘက်တွေကို စီးပွားပျက်အောင် လုပ်ရပါတယ်။ epCopyright: ep
ပို့စ် တင်တဲ့အချိန် 17:34 9 နိုဝင်ဘာ 201617:34 9 နိုဝင်ဘာ 2016ကလင်တန် ဂုဏ်ပြုပြီဟီလာရီ ကလင်တန် က ဒေါ်နယ်ထရမ့်ရဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရမှုကို ချီးကျူး ဂုဏ်ပြု လိုက်ပြီး အမေရိကန်ပြည် ကောင်းကျိုး အတွက် လက်တွဲ လုပ်သွားကြဖို့ ကမ်းလှမ်းလိုက်ပါတယ်။ ထရမ့်ကို အမေရိကန် အားလုံးအတွက် အောင်မြင်စွာ စွမ်းဆောင်နိုင်တဲ့ သမ္မတ ဖြစ်လာဖို့ မျှော်လင့်တယ် လို့လည်း သူက ဆိုပါတယ်။ ဒီမိုကရေစီအရ ရလဒ်ကို လက်ခံကြရမယ်လို့လည်း မစ္စစ် ကလင်တန်က ဆိုပါတယ်။သူ့မဲဆွယ်ပွဲမှာ အားပေး ကူညီသူ အားလုံးကိုလည်း ဟီလာရီ ကလင်တန်က ချီးကျူးပြီး ကျေးဇူးစကား ပြောခဲ့ပါတယ်။ ReutersCopyright: Reuters
ပို့စ် တင်တဲ့အချိန် 12:44 9 နိုဝင်ဘာ 201612:44 9 နိုဝင်ဘာ 2016တရုတ် ဂုဏ်ပြုတရုတ် သမ္မတ ရှီကျင့်ဖျင်ကလည်း အရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်အတွက် ဝမ်းမြောက်ကြောင်း ၊ အတူ လက်တွဲ လုပ်ဆောင်သွားဖို့ မျှော်လင့်ကြောင်း သဝဏ်လွှာ ပို့ခဲ့ပါတယ်။ တရုတ်နဲ့ အမေရိကန် ၂ ပြည်ထောင်ကြား ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် အပြန်အလှန် လေးစားမှုတွေ ထားရှိပြီး ထိပ်တိုက် ရင်ဆိုင်မှုတွေ ရှောင်ရှားသွားရမယ် ဆိုပြီး ရှီကျင့်ဖျင်က ပြောဆိုခဲ့ပါတယ်။တရုတ်ပြည်က ငွေကြေး ကိစ္စမှာ မရိုးမသား လုပ်တာတွေ ရှိတယ်၊ တရုတ်က သွင်းကုန်တွေကို အခွန်ကောက်ရမယ် ဆိုပြီး ဒေါ်နယ် ထရမ့်က သူ့မဲဆွယ်ပွဲ အတွင်း စွပ်စွဲ ပြောကြား ခဲ့ပါတယ်။ APCopyright: AP
ပို့စ် တင်တဲ့အချိန် 12:21 9 နိုဝင်ဘာ 201612:21 9 နိုဝင်ဘာ 2016Post update'မမေ့ကြေး မပျောက်ကြေး'မေ့လျော့ပစ်ပယ် ခံရတဲ့ အမျိုးသား အမျိုးသမီးတွေကို ဘယ်တော့မှ ပြန်မေ့မထားကြေး လို့ ဒေါ်နယ် ထရမ့်ရဲ့ ပထမဆုံး တွစ်တာ မက်ဆေ့ချ်မှာ ရေးသား ထားပါတယ်။ နောက်ပြီး သူ့ရဲ့ တွစ်တာ ဝက်ဆိုက်မှာလည်း သူ့ရဲ့ ရာထူးကို အရွေးကောက်ခံ သမ္မတလို့ ထပ်မံ ဖြည့်စွက်လိုက်ပါတယ်။BBCCopyright: BBC
ပို့စ် တင်တဲ့အချိန် 11:19 9 နိုဝင်ဘာ 201611:19 9 နိုဝင်ဘာ 2016Post updateထရမ့် ပထမမိန့်ခွန်းကြောင့် အားတက်မိလို့ ပူတင်ဆိုရုရှ သမ္မတ ဗလာဒီမာ ပူတင်က ဒေါ်နယ် ထရမ့် အောင်မြင်မှုအတွက် ပထမဆုံး တရားဝင် ကြေညာချက်ထုတ်လိုက်ပါတယ်။ ထရမ့်ရဲ့ ပထမဆုံး ပြောတဲ့ မိန့်ခွန်း စကားတွေကြောင့် ရုရှ အမေရိကန် ၂ နိုင်ငံကြား ဆက်ဆံရေးတွေ ပိုမို တိုးတက်ဖို့ မျှော်လင့်လာနိုင်ပြီလို့ ပူတင်ရဲ့ ပြောခွင့်ရ ဒီမီထရီ ပက်စ်ကော့ဗ်က တဆင့် ပြောကြား လိုက်ပါတယ်။ အမေရိကန် ရွေးကောက်ပွဲကြောင့် ရုရှနဲ့ အမေရိကန်ကြား ရှိနေတဲ့ ပြဿနာတွေ အားလုံး ပြေလည်သွားလိမ့်မယ်လို့ မဆိုလိုပါဘူး။ ဒါတွေကို တွေ့ဆုံ ဆွေးနွေးပြီး ဖြေရှင်းသွားဖို့ကသာ ပဓာန ကျပါတယ် လို့ မစ္စတာ ပူတင်က ထုတ်ပြန်ပါတယ်။ရွေးကောက်ပွဲ ကာလ တလျှောက်လုံး ရုရှက ထရမ့်ကို ထောက်ခံ ခဲ့တယ်လို့ ယူဆ ခဲ့ကြပါတယ်။ ဒီမိုကရက်ပါတီ အမျိုးသား ကော်မတီ ရုံးက အီးမေးလ်တွေ ဖောက်ထွင်း ခံရမှု နောက်မှာ ရုရှ အစိုးရ ပံ့ပိုးမှု ရှိနေတယ်လို့ အမေရိကန် အာဏာပိုင်တွေက ယူဆ ပါတယ်။ ဒီအီးမေးလ်တွေ ပေါက်ကြားမှုကြောင့်ပဲ ဟီလာရီ ကလင်တန်ရဲ့ မဲဆွယ်စည်းရုံးမှုတွေ ထိခိုက်ခဲ့ရပါတယ်။မစ္စတာ ထရမ့်ကတော့ ရုရှ ခေါင်းဆောင်ရဲ့ ချီးကျူးအားပေးမှုကြောင့် ဝမ်းမြောက်ကြောင်း မဲဆွယ်ပွဲတခုမှာ ပြောကြား ခဲ့ပါတယ်။ APCopyright: AP
ပို့စ် တင်တဲ့အချိန် 11:05 9 နိုဝင်ဘာ 201611:05 9 နိုဝင်ဘာ 2016အမေရိကန်နိုင်ငံသားအားလုံးအတွက် သမ္မတဖြစ်စေရပါမယ်လို့ ထရမ့်ပြောအနိုင်ရသွားပြီဆိုတာ သိရတဲ့အချိန် မစ္စတာထရမ့် ထွက်လာပြီး ပြောခဲ့တဲ့ အောင်ပွဲခံမိန့်ခွန်းကို ကြည့်ရှုနိုင်ပါတယ်။သူက ဟီလာရီကလင်တန်ကိုလည်း ချီးကျူးပြောကြားခဲ့ပါတယ်။Video contentVideo caption: အမေရိကန်အားလုံးအတွက် သမ္မတဖြစ်စေရပါမယ် - ဒေါ်နယ်ထရမ့်အမေရိကန်အားလုံးအတွက် သမ္မတဖြစ်စေရပါမယ် - ဒေါ်နယ်ထရမ့်
ပို့စ် တင်တဲ့အချိန် 11:00 9 နိုဝင်ဘာ 201611:00 9 နိုဝင်ဘာ 2016နိုင်သူပျော်လို့ ရှုံးသူငိုရတဲ့ အဖြေမဲရလဒ်အဖြေထွက်လာချိန်မှာ ထရမ့်ထောက်ခံသူနဲ့ ကလင်တန်ထောက်ခံသူတွေရဲ့ တုံ့ပြန်ချက် မြင်ကွင်းတွေ၊Video contentVideo caption: ထရမ့်ထောက်ခံသူတွေရဲ့ အောင်ပွဲနဲ့ ကလင်တန်အားပေးသူတွေရဲ့ ငိုပွဲထရမ့်ထောက်ခံသူတွေရဲ့ အောင်ပွဲနဲ့ ကလင်တန်အားပေးသူတွေရဲ့ ငိုပွဲ
ပို့စ် တင်တဲ့အချိန် 10:42 9 နိုဝင်ဘာ 201610:42 9 နိုဝင်ဘာ 2016မြန်မာကလည်း သဝဏ်လွှာပို့မယ်ဆက်ဆံရေးမှာ အပြောင်းအလဲရှိမယ်လို့ မယူဆအမေရိကန်မှာ ဒေါ်နယ်ထရမ့် သမ္မတအဖြစ်ရွေးချယ်ခံရတဲ့အတွက် အမေရိကန်-မြန်မာ ဆက်ဆံရေးမှာ ထူးထူးခြားခြားပြောင်းလဲ သွားဖို့ မရှိဘူးလို့ သမ္မတရုံးဒုတိယညွှန်ကြားရေးမှူးချုပ်နဲ့ ပြောခွင့်ရ ဦးဇော်ဋ္ဌေးက ဘီဘီင်္စီကို ပြောပါတယ်။မြန်မာနိုင်ငံကိုလည်း လာရောက်ဖူးတဲ့ မစ္စက်ဟီလာရီကလင်တန်ကတော့ ပုဂ္ဂိုလ်ရေးအရ မြန်မာနိုင်ငံအပေါ်စာနာ နားလည်စိတ် ပိုရှိမယ်လို့ ပြောနိုင်ပေယ့် သမ္မတသစ်လက်ထက်မှာလည်း အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေမှာ အပြောင်းအလဲ ရှိလိမ့်မယ်လို့ မထင်ကြောင်း သူကပြောပါတယ်။ မစ္စတာထရမ့်ကို ချီးကျူးဂုဏ်ပြုတဲ့ သဝဏ်လွှာကို ဒေါ်အောင်ဆန်းစုကြည် ရေးသားပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ပေးပို့သွားဖို့ ရှိကြောင်း ဦးဇော်ဋ္ဌေးက ပြောပါတယ်။ U Zaw Htay's FacebookCopyright: U Zaw Htay's Facebookဆက်ဆံရေးမှာ အပြောင်းအလဲ ရှိမှာ မဟုတ်Image caption: ဆက်ဆံရေးမှာ အပြောင်းအလဲ ရှိမှာ မဟုတ်
ပို့စ် တင်တဲ့အချိန် 10:27 9 နိုဝင်ဘာ 201610:27 9 နိုဝင်ဘာ 2016လူဖြူမဲ အများစုနဲ့ ထရမ့်အနိုင်ရမစ္စက် ကလင်တန်ရဲ့ အောင်နိုင်ရေးအဖွဲ့က စပိန်စကားပြောလက်တီနိုတွေရဲ့ မဲ အများစု ဟီလာရီဆီ ရောက်လာလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ အရင်ရွေးကောက်ပွဲတွေတုန်းက ထွက်လာမဲ ပေးဖို့ စိတ်မပါခဲ့ကြတဲ့ ဒီလူတွေ အခုတော့ ထွက်လာပြီး သူ့ကို မဲပေး ကြလိမ့်မယ်၊ မက္ကဆီကန်တွေကို မုဒိန်းသမားတွေလို့ခေါ်ခဲ့တဲ့၊ တရားမဝင်ရောက်နေသူတွေကို နှင်ထုတ်ပစ်မယ်လို့ ပြောထားတဲ့ ထရမ့်ကို မဲ ပေးမှာ မဟုတ်ဘူးလို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် စစ်တမ်းတွေအရ မစ္စတာထရမ့်ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲက အိုဘားမားကို ရှုံးခဲ့တဲ့ မစ်ရွမ်နီရခဲ့သလောက် ဟစ်စပန်နစ်တွေရဲ့ မဲ ရခဲ့ပါတယ်။ လူမဲတွေဆီက မဲလည်း သူ ရွမ်မနီရသလောက်ရခဲ့ပါတယ်။ မစ္စက်ကလင်တန်ကတော့ အမေရိကန်နိုင်ငံသားခံယူထားပြီးသား စပိန်စကားပြောလူများစုရဲ့ ထောက်ခံမှုကိုတော့ ရခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်နယ်ထရမ့်က မဲဆန္ဒရှင်တွေရဲ့ ၇၀ ရာခိုင်နှုန်းရှိတဲ့ လူဖြူတွေရဲ့ မဲ တစ်ဝက်ကျော် ရခဲ့တယ်လို့ စစ်တမ်းတွေက ပြ နေပါတယ်။ ReutersCopyright: Reutersစပိန်စကားပြောသူတွေနဲ့ လူမဲတွေရဲ့ မဲလည်း ထရမ့်ရImage caption: စပိန်စကားပြောသူတွေနဲ့ လူမဲတွေရဲ့ မဲလည်း ထရမ့်ရ
ပို့စ် တင်တဲ့အချိန် 9:43 9 နိုဝင်ဘာ 20169:43 9 နိုဝင်ဘာ 2016ဟီလာရီကို ထောက်ခံသူတွေ ကြေကွဲရတဲ့ညဒေါ်နယ်ထရမ့်အနိုင်ရသွားတဲ့ အတွက် သူ့ကို ထောက်ခံသူတွေ ပျော်မြူးအောင်ပွဲခံနေကြချိန်မှာ ဟီလာရီကလင်တန် အနိုင်ရမယ်ဆိုတဲ့ ယုံကြည်မျှော်လင့်ချက်တွေနဲ့ ထောက်ခံအားပေးခဲ့ ဝန်းရံပေးခဲ့သူတွေအဖို့တော့ စိတ်ထိ်ခိုက်ကြေကွဲခဲ့ကြရတဲ့ မြင်ကွင်းတွေပါ။ မစ္စက်ကလင်တန်ရဲ့ အောင်နိုင်ရေးမိန့်ခွန်းကို နားထောင်ရမယ်ဆိုပြီး လာရောက်စုဝေးခဲ့ကြသူတွေ မျက်ရည်ကျခဲ့ကြပါတယ်။ မစ္စက်ကလင်တန်က သူရှုံးတာကို အသိအမှတ်ပြုကြောင်း ဒေါ်နယ်ထရမ့်ဆီ ဖုန်းဆက် ပြောကြားခဲ့ပေမယ့် လူသိရှင်ကြားထွက်ပြီး ပြောဆိုတာမျိုးတော့ မလုပ်သေးပါဘူး။ AFPCopyright: AFPရှုံးသူတို့ရဲ့ ကြေကွဲညImage caption: ရှုံးသူတို့ရဲ့ ကြေကွဲည
ပို့စ် တင်တဲ့အချိန် 9:11 9 နိုဝင်ဘာ 20169:11 9 နိုဝင်ဘာ 2016စင်္ကာပူ၊ မလေးရှားဝန်ကြီးချုပ်တွေက ထရမ့်ကို ဂုဏ်ပြုအမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံလိုက်ရတဲ့ ဒေါ်နယ်ထရမ့်ကို အာရှခေါင်းဆောင်တွေထဲက ချီးကျူးဂုဏ်ပြုစကားပြောနေကြတဲ့ အထဲမှာ စင်္ကာပူဝန်ကြီးချုပ် လီရှောင်လွန်းက သူ့အနေနဲ့ မစ္စတာထရမ့်နဲ့ လက်တွဲ အလုပ်လုပ်သွားမယ်လို့ ပြောပါတယ်။ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်ရဲ့ လက်ထောက်တစ်ယောက်ကလည်း ဝန်ကြီးချုပ်ရဲ့ စားပွဲပေါ်မှာ ဒေါ်နယ်ထရမ့်နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံရှိပြီး ထရမ့်က အဲဒီ ပုံပေါ်မှာ ကျွန်တော်အခင်ဆုံးဝန်ကြီးချုပ်လို့ လက်မှတ်ထိုးပေးထားတယ်လို့ ဘီဘီစီ အရှေ့တောင်အာရှသတင်းထောက်ဂျိုနသန်ဟက်ကို ပြောပါတယ်။ သူတို့နှစ်ယောက်ဟာ ဂေါက်ရိုက်ဖော်ရိုက်ဖက်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ Jonathan Head's TwitterCopyright: Jonathan Head's Twitterမလေးဝန်ကြီးချုပ်က ထရမ့်ကို ဂုဏ်ပြုချီးကျူးImage caption: မလေးဝန်ကြီးချုပ်က ထရမ့်ကို ဂုဏ်ပြုချီးကျူး
ပို့စ် တင်တဲ့အချိန် 8:56 9 နိုဝင်ဘာ 20168:56 9 နိုဝင်ဘာ 2016ကျန်နေသေးတဲ့ မဲတွေလည်း ထရမ့်အတွက်ဖြစ်လာနေနောက်ဆုံးကျန်နေတဲ့ ပြည်နယ်တွေထဲက အလတ်စကာပြည်နယ်က ၃ မဲ ကိုလည်း ဒေါ်နယ်ထရမ့်ရရှိသွားပါတယ်။ပြည်နယ် ၅၀ ထဲက ၄၆ ပြည်နယ်က မဲတွေရေတွက်ပြီးချိန်မှာ မစ္စတာထရမ့်က ၂၇၈ ရနေပြီး သမ္မတဖြစ်ဖို့ လိုအပ်ထဲ့ အရေအတွက် ၂၇၀ ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ အမေရိကန်က ထိပ်တန်းသတင်းစာကြီးတစ်စောင် ဖြစ်တဲ့ နယူးယောက်တိုင်းရဲ့ မျက်နှာဖုံးစာမျက်နှာမှာတော့ ထရမ့်အနိုင်ရတဲ့ သတင်းကို ဖော်ပြထားပုံကို အောက်က ပုံအတိုင်းတွေ့နိုင်ပါတယ်။ ဒေါ်နယ်ထရမ့်အနိုင်ရသွားတာကို ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ချီးကျူးဂုဏ်ပြုကြောင်းပြောခဲ့ပါတယ်။ တခြားကမ္ဘာ့ခေါင်းဆောင်တွေဆီကတော့ အများကြီး မကြားရသေးပါဘူး။ NYTCopyright: NYTနယူးယောက်တိုင်း မျက်နှာဖုံးက ထရမ့်သတင်းImage caption: နယူးယောက်တိုင်း မျက်နှာဖုံးက ထရမ့်သတင်း
ပို့စ် တင်တဲ့အချိန် 8:25 9 နိုဝင်ဘာ 20168:25 9 နိုဝင်ဘာ 2016ဒေါ်နယ်ထရမ့်နိုင်ပြီ။မစ္စတာ ထရမ့်က သူ့ကို ထောက်ခံတဲ့ လူတွေကို ထွက်လာပြီး ကျေးဇူးတင်စကားပြောခဲ့ပါတယ်။ မစ္စက်ကလင်တန်ကိုလည်း တိုင်းပြည်အတွက် အချိန်အကြာကြီး အလုပ်လုပ်ပေးခဲ့သူအဖြစ် တိုင်းပြည်က ကျေးဇူးရှိကြောင်း ပြောခဲ့ပါတယ်။ သူဟာ အမေရိကန်နိုင်ငံသား အားလုံးအတွက် အလုပ်လုပ်သွားမယ့် သမ္မတဖြစ်ရမယ်လို့လည်း ပြောပါတယ်။ AFPCopyright: AFPအားလုံးအတွက် သမ္မတဖြစ်ရမယ်လို့ ထရမ့်ကပြောImage caption: အားလုံးအတွက် သမ္မတဖြစ်ရမယ်လို့ ထရမ့်ကပြော
ပို့စ် တင်တဲ့အချိန် 7:55 9 နိုဝင်ဘာ 20167:55 9 နိုဝင်ဘာ 2016ထရမ့်နိုင်သွားပြီလို့ အမေရိကန် သတင်းတွေက ဖော်ပြအမေရိကန် CNN နဲ့ NBC သတင်းဌာနတွေကတော့ မစ္စက်ကလင်တန်က ဒေါ်နယ်ထရမ့်ဆီ ဖုံးဆက် ပြီး အရှုံးကို လက်ခံကြောင်း ပြောခဲ့တယ်လို့ ဖော်ပြနေကြပါတယ်။ အေပီသတင်းကလည်း ဒေါ်နယ်ထရမ့် သမ္မတအဖြစ် အနိုင်ရခဲ့ပြီလို့ ဖော်ပြနေပါတယ်။ ဘီဘီစီCopyright: ဘီဘီစီထရမ့်နိုင်ပြီImage caption: ထရမ့်နိုင်ပြီ
ပို့စ် တင်တဲ့အချိန် 7:48 9 နိုဝင်ဘာ 20167:48 9 နိုဝင်ဘာ 2016မိန်းပြည်နယ်က ဟီလာရီ ၃ မဲ၊ ထရမ့် ၁ မဲအချိုးကျခွဲယူကြမဲရေတွက်ဖို့ ကျန်နေသေးတဲ့ ပြည်နယ်တွေထဲက မိန်းပြည်နယ်က ၄ မဲမှာတော့ မစ္စက်ကလင်တန်က ၃ မဲ၊ မစ္စတာထရမ့်က ၁ မဲ ရသွားပါတယ်။ အမေရိကန်ပြည်နယ်တွေထဲမှာ မိန်း နဲ့ နီဘရာစကာတို့က မဲအရေအတွက်များသူက ပြည်နယ်မဲ အားလုံးရတဲ့ စနစ်မကျင့်သုံးပဲ အချိုးကျခွဲရတဲ့ စနစ်ကျင့်သုံးတဲ့ ပြည်နယ် နှစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် အခုနောက်ဆုံး မဲမှာ ဒေါ်နယ်ထရမ့်က ၂၄၅၊ ဟီလာရီကလင်တန်က ၂၁၈ ရနေပါတယ်။ မဲ ၂၇၀ ရသူက အနိုင်ရပြီး သမ္မတဖြစ်လာမှာပါ။ ဘီဘီစီCopyright: ဘီဘီစီဟီလာရီအတွက် မိန်းက ၃ မဲImage caption: ဟီလာရီအတွက် မိန်းက ၃ မဲ
ပို့စ် တင်တဲ့အချိန် 7:33 9 နိုဝင်ဘာ 20167:33 9 နိုဝင်ဘာ 2016ဟီလာရီကလင်တန်ဘက် က ပွဲမပြီးသေးဘူးလို့ ယူဆမစ္စက်ကလင်တန်ရဲ့ အောင်နိုင်ရေးအဖွဲ့ ဥက္ကဌ ဂျွန်ပိုဒက်ဆာက ကျန်နေသေးတဲ့ ပြည်နယ်တွေမှာ မဲတွေရေတွက်နေဆဲဖြစ်တဲ့အပြင် မဲအရေအတွက် တွေကလည်း သိပ်နီးကပ်နေတဲ့အတွက် အခုအချိန်မှာ ဘာမှ မပြောနိုင်သေးပဲ ဌာနချုပ်မှာ လာရောက်စုဝေးနေကြတဲ့ ဟီလာရီကလင်တန်ကို ထောက်ခံကြသူတွေကို ဒီညအတွက် အိမ်ပြန်ကြဖို့ပြောခဲ့ပါတယ်။ ဘီဘီစီCopyright: ဘီဘီစီဟီလာရီထောက်ခံသူတွေ စိတ်မသက်မသာဖြစ်ရတဲ့ ညImage caption: ဟီလာရီထောက်ခံသူတွေ စိတ်မသက်မသာဖြစ်ရတဲ့ ည
သတင်း တိုက်ရိုက် ပေးပို့ချက်
time_stated_uk
ထရမ့် လက်ထက် မြန်မာ နဲ့ ဆက်ဆံရေး ပြောင်းလာ နိုင်သလား
အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့် လက်ထက်မှာ မြန်မာ နိုင်ငံ နဲ့ အမေရိကန် တို့ရဲ့ ဆက်ဆံရေးဟာ အပြောင်းအလဲ ရှိနိုင်တယ်လို့ ပြည်သူ့ လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဝင် ဒေါ်ပြုံးကေသီ နိုင်က ပြောပါတယ်။ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန ရဲ့ လွတ်လပ် တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေး မူဝါဒ ကို လွှတ်တော် ဘက်ကလည်း လက်ခံ ကျင့်သုံးတယ်လို့ NLD ပါတီ ကလောမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် က ပြောပါတယ်။ ဒါပေမယ့် ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့် လက်ထက်မှာ အမေရိကန် နိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒ ဟာ အများကြီး အပြောင်းအလဲ ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။ အမေရိကန် ရဲ့ ပြောင်းလဲ လာတဲ့ နိုင်ငံခြားရေး မူဝါဒ အပေါ်မှာ အခြေခံပြီး မြန်မာ ဘက်က နည်းဗျူဟာတွေ ကို ပြောင်းလဲ ကျင့်သုံးလာ နိုင်တယ်လို့ ဒေါ်ပြုံးကေသီနိုင် က ဆက်လက် ပြောကြားပါတယ်။ အမေရိကန် သမ္မတ ရွေးကောက်ပွဲ တိုက်ရိုက် သတင်းပေးပို့မှုကို ဒီမှာပဲ ရပ်နားခွင့် ပြုပါ။ သမ္မတ ရွေးချယ်ပွဲ နောက်ဆက်တွဲ သတင်းတွေကို www.bbcburmese.com နဲ့ ဘီဘီစီမြန်မာပိုင်း ရဲ့ Facebook စာမျက်နှာတွေမှာ ပုံမှန်အတိုင်း ဆက်လက် အစီရင်ခံ ပေးနေပါတယ်။
အမေရိကန် သမ္မတ အားလုံး ဘယ်နှစ်ယောက်ရှိသလဲ။
ရွေးကောက်ပွဲ အနိုင်ရတဲ့ ဒေါ်နယ် ထရမ့်ဟာ ၁၇၈၉ က စပြီး အမေရိကန် သမိုင်းမှာ ၄၅ ဆက်မြောက် သမ္မတ ဖြစ်လာတော့မှာပါ။
ဒါပေမဲ့လည်း တကယ် ရှိတဲ့ သမ္မတ အရေအတွက်က ၄၄ ယောက်ပဲ ရှိပါတယ်။
ဘာကြောင့်လဲ ဆိုတော့ ၁၉ ရာစု ကုန်ခါနီးတုန်းက သမ္မတ တယောက်က သက်တမ်း ၂ ကြိမ် ကို ကြားက တယောက် ခြားပြီး ထမ်းဆောင်ခဲ့လို့ သူ့ကို ၂၂ ဆက်နဲ့ ၂၄ ဆက်မြောက် သမ္မတ အဖြစ် မှတ်တမ်းပြုကြပါတယ်။
အဲဒီ သမ္မတ ကတော့ ဂရိုဗာ ကလိဗလန်းပါ။
ပထမဆုံး သမ္မတ ဂျော့ဝါရှင်တန်ကို ကန့်ကွက်သူ မရှိ တညီတည်း ရွေးချယ်ခံ ကောလိပ်မှာ တင်မြှောက်ခဲ့ကြပြီး သမ္မတ သက်တမ်း အကြာဆုံးကတော့ ၁၂ နှစ် ထမ်းဆောင်ခဲ့တဲ့ ဖရန်ကလင် ရူးစဗဲ့ ဖြစ်ပါတယ်။
သက်တမ်း အတိုဆုံးကတော့ ၃၁ ရက်ပဲ ထမ်းဆောင်ခဲ့တဲ့ ဝီလျံ ဟင်နရီ ဟယ်ရီဆန် ဖြစ်ပါတယ်။
နိုင်ငံခြားမှာ မွေးတဲ့ သမ္မတကတော်
ဒေါ်နယ်ထရမ့် သမ္မတ အရွေးခံရပြီးနောက် သူ့ဇနီး မလားနီးယားထရမ့်ဟာလည်း ၁၈၇ နှစ် အတွင်း ပထမဆုံး နိုင်ငံခြားမှာ မွေးတဲ့ သမ္မတကတော် ဖြစ်လာပါပြီ။
ထရမ့်ဟာ အိမ်ထောင် ၃ ကြိမ် ပြုခဲ့ပြီး ၃ ယောက်စလုံးက ကိုယ်ဟန်ပြမယ်နဲ့ ရုပ်ရှင်မင်းသမီးတွေ ဖြစ်ကြပါတယ်။
လက်ရှိ ဇနီးသည် မော်ဒယ် အလှမယ် မလားနီးယား နဲ့ ၂ဝဝ၅ ခုနှစ်မှာ ထရမ့် လက်ထပ် ပါတယ်။ သူတို့မှာ ဘာရွန် ဝီလျမ် ထရမ့် ဆိုတဲ့ သားတဦး ထွန်းကားပါတယ်။
မလားနီးယားက ဆလိုဗေးနီးယား နိုင်ငံမှာ ၁၉၇ဝ က မွေးဖွားခဲ့ပြီး အဲဒီတုန်းက ဆလိုဗေးနီးယား က ယူဂိုစလားဗီးယား နိုင်ငံမှာ ပါဝင်ပါတယ်။
အမေရိကမှာ ၂ဝဝ၁ ထဲက အမြဲတမ်း နေထိုင်ခဲ့ပြီး ၂ဝဝ၆ ခုနှစ်မှာ အမေရိကန် နိုင်ငံသူ ဖြစ်လာခဲ့ပါတယ်။
အိုဘားမားက အာဏာလွှဲဖို့အသင့်
လက်ရှိ အမေရိကန် သမ္မတ အိုဘားမားနဲ့ ဇနီး မီရှဲလ် အိုဘားမားတို့က ဒီမိုကရက် သမ္မတလောင်း ဟီလာရီ ကလင်တန်ကို အားပေး ဂုဏ်ပြုရင်း ထရမ့်အတွက် အာဏာ လွှဲပေးဖို့ အသင့်ရှိတယ်လို့ ဆိုပါတယ်။
အမေရိကန် နိုင်ငံရေးမှာ အကွဲအပြဲ အများဆုံး ရွေးကောက်ပွဲ တခု ဖြစ်ခဲ့ပေမယ့် အားလုံး ညီညွတ်ကြဖို့လည်း သူက ပန်ကြားခဲ့ပါတယ်။
အမေရိကန်သာ ပထမ ဖြစ်တယ်၊ သမ္မတသစ်ကို ဇန်နဝါရီမှာ အာဏာလွှဲပေးဖို့လည်း အသင့်ရှိတယ်လို့ အိုဘားမားက ဆိုပါတယ်။
Post update
ထရမ့်ရဲ့ စိတ်နေစိတ်ထား
အင်မတန် အသန့်အရှင်း ကြိုက်ပါတယ်။ နေတော့လည်း သူ့ရုံးအပေါ်ထပ်မှာ အိမ်ခန်းအကောင်းစားနဲ့ နေပြီး ဓာတ်လှေကားနဲ့ အတက်အဆင်း လုပ်ပါတယ်။
နောက်ပြီး သူက အရက်သေစာ သောက်စားတဲ့သူလည်း မဟုတ်ပါဘူး။
သူ့ကို လူတွေက စည်းမရှိ ကမ်းမရှိ ပြောတတ်တယ်လို့ ထင်ကြပေမယ့် သူငယ်ငယ် ၁၃ နှစ်သားတုန်းက စစ်ကျောင်းတခုမှာ ပညာသင်ခဲ့ဖူးပါတယ်။
ထရမ့်က အင်မတန်မှလည်း အကောင်းကြိုက်ပြီး ဇိမ်ခံပါတယ်။ သူနေတဲ့ ထရမ့်တာဝါ အဆောက်အအုံကို လင်းနို့လူသား ဇာတ်ကားတကားမှာ ထည့်သွင်း ရိုက်ကူးခံရပါတယ်။
၁၉၈၈ တုန်းက ရီပတ်ဘလစ်ကန် ပါတီက ထရမ့် နာမည်နဲ့ ဂိမ်းကစားနည်းတခု ထွင်ဖူးပါတယ်။ အဲဒီကစားနည်းမှာ လူတိုင်းက ကိုယ်ပိုင် စီးပွားရေး အင်ပါယာကြီးတွေ ထူထောင်ပြီး ပြိုင်ဘက်တွေကို စီးပွားပျက်အောင် လုပ်ရပါတယ်။
ကလင်တန် ဂုဏ်ပြုပြီ
ဟီလာရီ ကလင်တန် က ဒေါ်နယ်ထရမ့်ရဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရမှုကို ချီးကျူး ဂုဏ်ပြု လိုက်ပြီး အမေရိကန်ပြည် ကောင်းကျိုး အတွက် လက်တွဲ လုပ်သွားကြဖို့ ကမ်းလှမ်းလိုက်ပါတယ်။
ထရမ့်ကို အမေရိကန် အားလုံးအတွက် အောင်မြင်စွာ စွမ်းဆောင်နိုင်တဲ့ သမ္မတ ဖြစ်လာဖို့ မျှော်လင့်တယ် လို့လည်း သူက ဆိုပါတယ်။
ဒီမိုကရေစီအရ ရလဒ်ကို လက်ခံကြရမယ်လို့လည်း မစ္စစ် ကလင်တန်က ဆိုပါတယ်။
သူ့မဲဆွယ်ပွဲမှာ အားပေး ကူညီသူ အားလုံးကိုလည်း ဟီလာရီ ကလင်တန်က ချီးကျူးပြီး ကျေးဇူးစကား ပြောခဲ့ပါတယ်။
တရုတ် ဂုဏ်ပြု
တရုတ် သမ္မတ ရှီကျင့်ဖျင်ကလည်း အရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်အတွက် ဝမ်းမြောက်ကြောင်း ၊ အတူ လက်တွဲ လုပ်ဆောင်သွားဖို့ မျှော်လင့်ကြောင်း သဝဏ်လွှာ ပို့ခဲ့ပါတယ်။
တရုတ်နဲ့ အမေရိကန် ၂ ပြည်ထောင်ကြား ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် အပြန်အလှန် လေးစားမှုတွေ ထားရှိပြီး ထိပ်တိုက် ရင်ဆိုင်မှုတွေ ရှောင်ရှားသွားရမယ် ဆိုပြီး ရှီကျင့်ဖျင်က ပြောဆိုခဲ့ပါတယ်။
တရုတ်ပြည်က ငွေကြေး ကိစ္စမှာ မရိုးမသား လုပ်တာတွေ ရှိတယ်၊ တရုတ်က သွင်းကုန်တွေကို အခွန်ကောက်ရမယ် ဆိုပြီး ဒေါ်နယ် ထရမ့်က သူ့မဲဆွယ်ပွဲ အတွင်း စွပ်စွဲ ပြောကြား ခဲ့ပါတယ်။
Post update
'မမေ့ကြေး မပျောက်ကြေး'
မေ့လျော့ပစ်ပယ် ခံရတဲ့ အမျိုးသား အမျိုးသမီးတွေကို ဘယ်တော့မှ ပြန်မေ့မထားကြေး လို့ ဒေါ်နယ် ထရမ့်ရဲ့ ပထမဆုံး တွစ်တာ မက်ဆေ့ချ်မှာ ရေးသား ထားပါတယ်။
နောက်ပြီး သူ့ရဲ့ တွစ်တာ ဝက်ဆိုက်မှာလည်း သူ့ရဲ့ ရာထူးကို အရွေးကောက်ခံ သမ္မတလို့ ထပ်မံ ဖြည့်စွက်လိုက်ပါတယ်။
Post update
ထရမ့် ပထမမိန့်ခွန်းကြောင့် အားတက်မိလို့ ပူတင်ဆို
ရုရှ သမ္မတ ဗလာဒီမာ ပူတင်က ဒေါ်နယ် ထရမ့် အောင်မြင်မှုအတွက် ပထမဆုံး တရားဝင် ကြေညာချက်ထုတ်လိုက်ပါတယ်။
ထရမ့်ရဲ့ ပထမဆုံး ပြောတဲ့ မိန့်ခွန်း စကားတွေကြောင့် ရုရှ အမေရိကန် ၂ နိုင်ငံကြား ဆက်ဆံရေးတွေ ပိုမို တိုးတက်ဖို့ မျှော်လင့်လာနိုင်ပြီလို့ ပူတင်ရဲ့ ပြောခွင့်ရ ဒီမီထရီ ပက်စ်ကော့ဗ်က တဆင့် ပြောကြား လိုက်ပါတယ်။
အမေရိကန် ရွေးကောက်ပွဲကြောင့် ရုရှနဲ့ အမေရိကန်ကြား ရှိနေတဲ့ ပြဿနာတွေ အားလုံး ပြေလည်သွားလိမ့်မယ်လို့ မဆိုလိုပါဘူး။ ဒါတွေကို တွေ့ဆုံ ဆွေးနွေးပြီး ဖြေရှင်းသွားဖို့ကသာ ပဓာန ကျပါတယ် လို့ မစ္စတာ ပူတင်က ထုတ်ပြန်ပါတယ်။
ရွေးကောက်ပွဲ ကာလ တလျှောက်လုံး ရုရှက ထရမ့်ကို ထောက်ခံ ခဲ့တယ်လို့ ယူဆ ခဲ့ကြပါတယ်။
ဒီမိုကရက်ပါတီ အမျိုးသား ကော်မတီ ရုံးက အီးမေးလ်တွေ ဖောက်ထွင်း ခံရမှု နောက်မှာ ရုရှ အစိုးရ ပံ့ပိုးမှု ရှိနေတယ်လို့ အမေရိကန် အာဏာပိုင်တွေက ယူဆ ပါတယ်။
ဒီအီးမေးလ်တွေ ပေါက်ကြားမှုကြောင့်ပဲ ဟီလာရီ ကလင်တန်ရဲ့ မဲဆွယ်စည်းရုံးမှုတွေ ထိခိုက်ခဲ့ရပါတယ်။
မစ္စတာ ထရမ့်ကတော့ ရုရှ ခေါင်းဆောင်ရဲ့ ချီးကျူးအားပေးမှုကြောင့် ဝမ်းမြောက်ကြောင်း မဲဆွယ်ပွဲတခုမှာ ပြောကြား ခဲ့ပါတယ်။
အမေရိကန်နိုင်ငံသားအားလုံးအတွက် သမ္မတဖြစ်စေရပါမယ်လို့ ထရမ့်ပြော
အနိုင်ရသွားပြီဆိုတာ သိရတဲ့အချိန် မစ္စတာထရမ့် ထွက်လာပြီး ပြောခဲ့တဲ့ အောင်ပွဲခံမိန့်ခွန်းကို ကြည့်ရှုနိုင်ပါတယ်။
သူက ဟီလာရီကလင်တန်ကိုလည်း ချီးကျူးပြောကြားခဲ့ပါတယ်။
Video content
နိုင်သူပျော်လို့ ရှုံးသူငိုရတဲ့ အဖြေ
မဲရလဒ်အဖြေထွက်လာချိန်မှာ ထရမ့်ထောက်ခံသူနဲ့ ကလင်တန်ထောက်ခံသူတွေရဲ့ တုံ့ပြန်ချက် မြင်ကွင်းတွေ၊
Video content
မြန်မာကလည်း သဝဏ်လွှာပို့မယ်
ဆက်ဆံရေးမှာ အပြောင်းအလဲရှိမယ်လို့ မယူဆ
အမေရိကန်မှာ ဒေါ်နယ်ထရမ့် သမ္မတအဖြစ်ရွေးချယ်ခံရတဲ့အတွက် အမေရိကန်-မြန်မာ ဆက်ဆံရေးမှာ ထူးထူးခြားခြားပြောင်းလဲ သွားဖို့ မရှိဘူးလို့ သမ္မတရုံးဒုတိယညွှန်ကြားရေးမှူးချုပ်နဲ့ ပြောခွင့်ရ ဦးဇော်ဋ္ဌေးက ဘီဘီင်္စီကို ပြောပါတယ်။မြန်မာနိုင်ငံကိုလည်း လာရောက်ဖူးတဲ့ မစ္စက်ဟီလာရီကလင်တန်ကတော့ ပုဂ္ဂိုလ်ရေးအရ မြန်မာနိုင်ငံအပေါ်စာနာ နားလည်စိတ် ပိုရှိမယ်လို့ ပြောနိုင်ပေယ့် သမ္မတသစ်လက်ထက်မှာလည်း အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွေမှာ အပြောင်းအလဲ ရှိလိမ့်မယ်လို့ မထင်ကြောင်း သူကပြောပါတယ်။
မစ္စတာထရမ့်ကို ချီးကျူးဂုဏ်ပြုတဲ့ သဝဏ်လွှာကို ဒေါ်အောင်ဆန်းစုကြည် ရေးသားပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ပေးပို့သွားဖို့ ရှိကြောင်း ဦးဇော်ဋ္ဌေးက ပြောပါတယ်။
လူဖြူမဲ အများစုနဲ့ ထရမ့်အနိုင်ရ
မစ္စက် ကလင်တန်ရဲ့ အောင်နိုင်ရေးအဖွဲ့က စပိန်စကားပြောလက်တီနိုတွေရဲ့ မဲ အများစု ဟီလာရီဆီ ရောက်လာလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ အရင်ရွေးကောက်ပွဲတွေတုန်းက ထွက်လာမဲ ပေးဖို့ စိတ်မပါခဲ့ကြတဲ့ ဒီလူတွေ အခုတော့ ထွက်လာပြီး သူ့ကို မဲပေး ကြလိမ့်မယ်၊ မက္ကဆီကန်တွေကို မုဒိန်းသမားတွေလို့ခေါ်ခဲ့တဲ့၊ တရားမဝင်ရောက်နေသူတွေကို နှင်ထုတ်ပစ်မယ်လို့ ပြောထားတဲ့ ထရမ့်ကို မဲ ပေးမှာ မဟုတ်ဘူးလို့ ယူဆခဲ့ကြပါတယ်။ ဒါပေမယ့် စစ်တမ်းတွေအရ မစ္စတာထရမ့်ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲက အိုဘားမားကို ရှုံးခဲ့တဲ့ မစ်ရွမ်နီရခဲ့သလောက် ဟစ်စပန်နစ်တွေရဲ့ မဲ ရခဲ့ပါတယ်။ လူမဲတွေဆီက မဲလည်း သူ ရွမ်မနီရသလောက်ရခဲ့ပါတယ်။
မစ္စက်ကလင်တန်ကတော့ အမေရိကန်နိုင်ငံသားခံယူထားပြီးသား စပိန်စကားပြောလူများစုရဲ့ ထောက်ခံမှုကိုတော့ ရခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်နယ်ထရမ့်က မဲဆန္ဒရှင်တွေရဲ့ ၇၀ ရာခိုင်နှုန်းရှိတဲ့ လူဖြူတွေရဲ့ မဲ တစ်ဝက်ကျော် ရခဲ့တယ်လို့ စစ်တမ်းတွေက ပြ နေပါတယ်။
ဟီလာရီကို ထောက်ခံသူတွေ ကြေကွဲရတဲ့ည
ဒေါ်နယ်ထရမ့်အနိုင်ရသွားတဲ့ အတွက် သူ့ကို ထောက်ခံသူတွေ ပျော်မြူးအောင်ပွဲခံနေကြချိန်မှာ ဟီလာရီကလင်တန် အနိုင်ရမယ်ဆိုတဲ့ ယုံကြည်မျှော်လင့်ချက်တွေနဲ့ ထောက်ခံအားပေးခဲ့ ဝန်းရံပေးခဲ့သူတွေအဖို့တော့ စိတ်ထိ်ခိုက်ကြေကွဲခဲ့ကြရတဲ့ မြင်ကွင်းတွေပါ။ မစ္စက်ကလင်တန်ရဲ့ အောင်နိုင်ရေးမိန့်ခွန်းကို နားထောင်ရမယ်ဆိုပြီး လာရောက်စုဝေးခဲ့ကြသူတွေ မျက်ရည်ကျခဲ့ကြပါတယ်။ မစ္စက်ကလင်တန်က သူရှုံးတာကို အသိအမှတ်ပြုကြောင်း ဒေါ်နယ်ထရမ့်ဆီ ဖုန်းဆက် ပြောကြားခဲ့ပေမယ့် လူသိရှင်ကြားထွက်ပြီး ပြောဆိုတာမျိုးတော့ မလုပ်သေးပါဘူး။
စင်္ကာပူ၊ မလေးရှားဝန်ကြီးချုပ်တွေက ထရမ့်ကို ဂုဏ်ပြု
အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံလိုက်ရတဲ့ ဒေါ်နယ်ထရမ့်ကို အာရှခေါင်းဆောင်တွေထဲက ချီးကျူးဂုဏ်ပြုစကားပြောနေကြတဲ့ အထဲမှာ စင်္ကာပူဝန်ကြီးချုပ် လီရှောင်လွန်းက သူ့အနေနဲ့ မစ္စတာထရမ့်နဲ့ လက်တွဲ အလုပ်လုပ်သွားမယ်လို့ ပြောပါတယ်။ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်ရဲ့ လက်ထောက်တစ်ယောက်ကလည်း ဝန်ကြီးချုပ်ရဲ့ စားပွဲပေါ်မှာ ဒေါ်နယ်ထရမ့်နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံရှိပြီး ထရမ့်က အဲဒီ ပုံပေါ်မှာ ကျွန်တော်အခင်ဆုံးဝန်ကြီးချုပ်လို့ လက်မှတ်ထိုးပေးထားတယ်လို့ ဘီဘီစီ အရှေ့တောင်အာရှသတင်းထောက်ဂျိုနသန်ဟက်ကို ပြောပါတယ်။ သူတို့နှစ်ယောက်ဟာ ဂေါက်ရိုက်ဖော်ရိုက်ဖက်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ကျန်နေသေးတဲ့ မဲတွေလည်း ထရမ့်အတွက်ဖြစ်လာနေ
နောက်ဆုံးကျန်နေတဲ့ ပြည်နယ်တွေထဲက အလတ်စကာပြည်နယ်က ၃ မဲ ကိုလည်း ဒေါ်နယ်ထရမ့်ရရှိသွားပါတယ်။ပြည်နယ် ၅၀ ထဲက ၄၆ ပြည်နယ်က မဲတွေရေတွက်ပြီးချိန်မှာ မစ္စတာထရမ့်က ၂၇၈ ရနေပြီး သမ္မတဖြစ်ဖို့ လိုအပ်ထဲ့ အရေအတွက် ၂၇၀ ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။
အမေရိကန်က ထိပ်တန်းသတင်းစာကြီးတစ်စောင် ဖြစ်တဲ့ နယူးယောက်တိုင်းရဲ့ မျက်နှာဖုံးစာမျက်နှာမှာတော့ ထရမ့်အနိုင်ရတဲ့ သတင်းကို ဖော်ပြထားပုံကို အောက်က ပုံအတိုင်းတွေ့နိုင်ပါတယ်။ ဒေါ်နယ်ထရမ့်အနိုင်ရသွားတာကို ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ချီးကျူးဂုဏ်ပြုကြောင်းပြောခဲ့ပါတယ်။ တခြားကမ္ဘာ့ခေါင်းဆောင်တွေဆီကတော့ အများကြီး မကြားရသေးပါဘူး။
ဒေါ်နယ်ထရမ့်နိုင်ပြီ။
မစ္စတာ ထရမ့်က သူ့ကို ထောက်ခံတဲ့ လူတွေကို ထွက်လာပြီး ကျေးဇူးတင်စကားပြောခဲ့ပါတယ်။ မစ္စက်ကလင်တန်ကိုလည်း တိုင်းပြည်အတွက် အချိန်အကြာကြီး အလုပ်လုပ်ပေးခဲ့သူအဖြစ် တိုင်းပြည်က ကျေးဇူးရှိကြောင်း ပြောခဲ့ပါတယ်။ သူဟာ အမေရိကန်နိုင်ငံသား အားလုံးအတွက် အလုပ်လုပ်သွားမယ့် သမ္မတဖြစ်ရမယ်လို့လည်း ပြောပါတယ်။
ထရမ့်နိုင်သွားပြီလို့ အမေရိကန် သတင်းတွေက ဖော်ပြ
အမေရိကန် CNN နဲ့ NBC သတင်းဌာနတွေကတော့ မစ္စက်ကလင်တန်က ဒေါ်နယ်ထရမ့်ဆီ ဖုံးဆက် ပြီး အရှုံးကို လက်ခံကြောင်း ပြောခဲ့တယ်လို့ ဖော်ပြနေကြပါတယ်။ အေပီသတင်းကလည်း ဒေါ်နယ်ထရမ့် သမ္မတအဖြစ် အနိုင်ရခဲ့ပြီလို့ ဖော်ပြနေပါတယ်။
မိန်းပြည်နယ်က ဟီလာရီ ၃ မဲ၊ ထရမ့် ၁ မဲ
အချိုးကျခွဲယူကြ
မဲရေတွက်ဖို့ ကျန်နေသေးတဲ့ ပြည်နယ်တွေထဲက မိန်းပြည်နယ်က ၄ မဲမှာတော့ မစ္စက်ကလင်တန်က ၃ မဲ၊ မစ္စတာထရမ့်က ၁ မဲ ရသွားပါတယ်။ အမေရိကန်ပြည်နယ်တွေထဲမှာ မိန်း နဲ့ နီဘရာစကာတို့က မဲအရေအတွက်များသူက ပြည်နယ်မဲ အားလုံးရတဲ့ စနစ်မကျင့်သုံးပဲ အချိုးကျခွဲရတဲ့ စနစ်ကျင့်သုံးတဲ့ ပြည်နယ် နှစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် အခုနောက်ဆုံး မဲမှာ ဒေါ်နယ်ထရမ့်က ၂၄၅၊ ဟီလာရီကလင်တန်က ၂၁၈ ရနေပါတယ်။ မဲ ၂၇၀ ရသူက အနိုင်ရပြီး သမ္မတဖြစ်လာမှာပါ။
ဟီလာရီကလင်တန်ဘက် က ပွဲမပြီးသေးဘူးလို့ ယူဆ
မစ္စက်ကလင်တန်ရဲ့ အောင်နိုင်ရေးအဖွဲ့ ဥက္ကဌ ဂျွန်ပိုဒက်ဆာက ကျန်နေသေးတဲ့ ပြည်နယ်တွေမှာ မဲတွေရေတွက်နေဆဲဖြစ်တဲ့အပြင် မဲအရေအတွက် တွေကလည်း သိပ်နီးကပ်နေတဲ့အတွက် အခုအချိန်မှာ ဘာမှ မပြောနိုင်သေးပဲ ဌာနချုပ်မှာ လာရောက်စုဝေးနေကြတဲ့ ဟီလာရီကလင်တန်ကို ထောက်ခံကြသူတွေကို ဒီညအတွက် အိမ်ပြန်ကြဖို့ပြောခဲ့ပါတယ်။