Got a TV Licence?

You need one to watch live TV on any channel or device, and BBC programmes on iPlayer. It’s the law.

Find out more
I don’t have a TV Licence.

အနှစ်ချုပ်

  1. ဆွေးနွေးပွဲအပြီးမှာ နှစ်နိုင်ငံခေါင်းဆောင်တွေ သစ်ပင်စိုက်ခဲ့ကြပါတယ်။
  2. ဆွေးနွေးပွဲမှာ နျူကလီးယား လျှော့ချရေးနဲ့ ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးအတွက် အဓိက ထားခဲ့ပါတယ်။
  3. ကိုရီးယားကျွန်းဆွယ်က နျူကလီးယား လက်နက်တွေ ဖယ်ရှားဖို့လည်း သဘောတူခဲ့ပါတယ်။
  4. သမ္မတထရမ့်ကလည်း ဒီဆွေးနွေးပွဲကို ချီးကျူးဂုဏ်ပြုစကားပြောကြား

သတင်း တိုက်ရိုက် ပေးပို့ချက်

time_stated_uk

ထိပ်သီးပွဲက အထူးတဆန်းများ

ခုန်ဆွခုန်ဆွ ကိုယ်ရံတော်များ

ကင်ဂျုံအွန်း မြောက်ကိုရီးယားကို နေ့ခင်း ထမင်းစားဖို့ ပြန်ချိန်မှာ သူ့မာစီဒီး ကားနံဘေးက သက်တော်စောင့် ၁၂ ယောက် အပြေးလိုက်ပြီး စောင့်ရှောက်ရပါတယ်။

အမြင့်

ကင်ဂျုံအွန်းနဲ့ မွန်ဂျေအင်းတို့ လက်ဆွဲနှုတ်ဆက်ချိန်မှာ နှစ်ယောက် အရပ်တွေ တူနေကြပါတယ်။ တကယ်က ကင်က ၄ စင်တီမီတာလောက် ပိုနိမ့်ပါတယ်။ ဒါကို တူသယောင် ဖြစ်အောင် စီစဉ်ရတာပါ။

အလေးပြုတာလား ဦးညွှတ်တာလား

မြောက်ကိုရီးယား ထိပ်တန်း စစ်အရာရှိတွေက မွန်ဂျေအင်းကို အလေးပြု ကြချိန်မှာ တောင်ကိုရီးယား ဘက်က ကင်ဂျုံအွန်းကို ခေါင်းညွှတ်ရုံပဲ ညွှတ်ပါတယ်။

ဒါက နှစ်နိုင်ငံကြား စစ်ပွဲ မပြီးသေးတာကို ပြပါတယ်။

ဓားသွားထက်ထက်

ဧည့်မှတ်တမ်းမှာ ကင်ဂျုံအွန်း လက်မှတ်ထိုးတဲ့ ဖောင်တိန်က ဂျာမနီ ပေါင်းစည်းရေးစာချုပ်ချုပ်တုန်းက သုံးတဲ့ ဖောင်တိန်လို့ သိရပါတယ်။ ကင်ရဲ့နှမ ကင်ယိုဂျောင်းပေးတဲ့ ဆွစ်ဖောင်တိန်ကို အရှေ့အနောက် ဂျာမနီ ခေါင်းဆောင်တွေ ၁၉၉ဝ တုန်းက လက်မှတ်ထိုးရာမှာ သုံးကြောင်း စီးပွားရေး သံတော်ဆင့် သတင်းမှာ ဖော်ပြပါတယ်။

korea
Reuters

အိပ်မက်ဆိုးကို ထားခဲ့တော့

တောင်မြောက် နှစ်နိုင်ငံကြား အေးခဲနေတဲ့ ဆက်ဆံရေးကို ကျွန်တော်တို့ လက်ပြ နှုတ်ဆက်ကြပါစို့ ၊ အိပ်မက်ဆိုးလို အတိတ်ကို ထားခဲ့ပြီး နွေးထွေးတဲ့ နွေဦးကို ကြိုဆိုကြပါစို့လို့ မြောက်ကိုရီးယား ခေါင်းဆောင်က ထိပ်သီး ညစာစားပွဲမှာ ပြောကြားခဲ့ပါတယ်။

korea
Getty Images

မြောက်ကိုရီးယား သတင်းမှာ မပါ

ပြီးသွားတဲ့ ထိပ်သီးဆွေးနွေးပွဲ အကြောင်း မြောက်ကိုရီးယား ရုပ်သံမှာ မပါဘူးလို့ သိရပါတယ်။

သူတို့ခေါင်းဆောင် ပန်မွန်ဂျုံကို သွားကြောင်း အစောပိုင်း ထုတ်ပြန်ချက်တွေအရ သိကြပေမယ့် ဒီညနေသတင်းတွေမှာ နယ်စပ်က ဒီအစည်းအဝေးအကြောင်း ဖော်ပြမထားပါဘူး။

ဒီည မြောက်ကိုရီးယား သတင်းမှာ အဓိက ဖော်ပြတဲ့သတင်းက အရင် ခေါင်းဆောင်ကြီး ကင်အီဆွန်းမွေးနေ့ကို ရုရှားသတင်းစာတွေမှာ ဖော်ပြတဲ့ အကြောင်း ဖြစ်ပါတယ်။

korea
North Korea TV

ကင်ပြန်ချိန်

Kim returns to North Korea

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း မြောက်ကိုရီးယားဘက်ကို ပြန်သွားပါပြီ။

နှစ်နိုင်ငံ ခေါင်းဆောင်တွေကြား ၁ဝ နှစ်အတွင်း ပထမဆုံး ဆွေးနွေးပွဲအပြီးမှာ ပြန်သွားတာပါ။

korea
Reuters

ထရမ့်နဲ့ရှီ

ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ကူညီခဲ့တဲ့ အတွက် အမေရိကန် သမ္မတ ထရမ့်က တရုတ်သမ္မတ ရှီကျင်းပင်ကို ကျေးဇူးတင်ကြောင်း တွစ်တာက ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားနယ်စပ်အရေးမှာ တရုတ်က ကူခဲ့တဲ့ အတွက် ကျေးဇူးတင်ကြောင်း၊ သူသာမကူရင် ဘယ်လောက်ကြာမယ် မခန့်မှန်းနိုင်ဘူးလို့လည်း ထရမ့်က ဆိုပါတယ်။

Please do not forget the great help that my good friend, President Xi of China, has given to the United States, par… twitter.com/i/web/status/9…

ရင်းနှီးချစ်ခင်

နှစ်နိုင်ငံ ညစာစားပွဲမှာ ရိုးရာ ဂီတတွေ၊ ကလေးသီချင်းတွေနဲ့ ဖျော်ဖြေခဲ့ကြပါတယ်။

ဒီအခမ်းအနားမှာ နှစ်ဘက် အကြီးအကဲတွေရဲ့ ဇနီးတွေ ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြပါတယ်။

korea
Reuters

ခေတ်စားနေတဲ့ ခေါက်ဆွဲအေး

မြောက်ကိုရီးယားက ရိုးရာ ခေါက်ဆွဲ တောင်ကိုရီးယားမှာ နာမည်ကြီးနေတာကို မစ္စတာ ကင်က ပြက်လုံးထုတ်ခဲ့ပါတယ်။ ကနေ့ တောင်ကိုရီးယားမှာ လူအများအပြား နေ့လယ်စာ အဖြစ် ဒီခေါက်ဆွဲကို မှာစားကြတယ်လို့ လူမှုကွန်ယက်တွေမှာ တင်ကြပါတယ်။

ဒီခေါက်ဆွဲက အအေး စားရပြီး အရသာ ရှိအောင် ကြက်ဥ၊ ချဉ်ဖတ်နဲ့ ရှလကာရည် ထည့်စားရတာပါ။

korea
BBC

ရှေးဟောင်းနှောင်းဖြစ်

တချို့ကလည်း ဒီလို နှစ်နိုင်ငံ ခေါင်းဆောင်တွေ လက်ချင်းမြှောက် နှုတ်ဆက်ကြတဲ့ပုံကို ကြည့်ပြီး အရင်က ထိပ်သီးဆွေးနွေးပွဲတွေမှာ ဒီလို လက်ချင်းမြှောက်ခဲ့တဲ့ပုံတွေ ပြန်တင်ကြပါတယ်။

Inter-Korean summits, a short illustrated history:

Inter-Korean summits, a short illustrated history:

တောင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်တွေရဲ့ သမိုင်းဝင် ဆွေးနွေးပွဲ

တောင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်တွေရဲ့ သမိုင်းဝင် ဆွေးနွေးပွဲ

အပြောင်းအလဲကို တရုတ်မြင်

တောင်မြောက် ကိုရီးယား ခေါင်းဆောင်တွေရဲ့ ရဲရင့်မှုကို တရုတ်ပြည်က ချီးကျူးလိုက်ပါတယ်။

ကိုရီးယား ကျွန်းဆွယ် ရေရှည် တည်ငြိမ်ရေးအတွက် ဒီဆွေးနွေးပွဲက အကွေ့အချိုး ဖြစ်လိမ့်မယ်လို့ တရုတ် နိုင်ငံခြားရေး ဌာနက ဆိုပါတယ်။

korea
AFP

ညင်သာတဲ့ ဆက်ဆံရေး ဖလှယ်မှု

မြောက်ကိုရီးယားက ဂက်ဆုန်မြို့မှာ နှစ်နိုင်ငံ ပူးတွဲ ဆက်ဆံရေးရုံးဖွင့်ဖို့ နှစ်ဘက် သဘောတူလိုက်ကြပါပြီ။

ဒီရုံးကို အာဏာပိုင်တွေကြား ရင်းနှီးတဲ့ တိုင်ပင်မှုတွေ လုပ်ဖို့ ၊ ညင်သာတဲ့ ဆက်ဆံရေးတွေ ဖလှယ်သွားဖို့ ထားရှိမယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

korea
EPA

ပြုံယမ်း လာမယ့်သူ

တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်း ပြုံယမ်းကို ဆောင်းဦးပေါက်မှာ သွားမယ်လို့ အတည်ပြု ကြေညာလိုက်ပါပြီ။

korea
SOUTH KOREA OUT

ကိုရီးယားထိပ်သီး ဆွေးနွေးပွဲ အဓိက အချက်များ

■ တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းက မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းကို ကြိုဆိုရင်း မြောက်ကိုရီးယား မြေထဲကို ခြေချ မိတာ ကြိုတင် စီစဉ်ထားတာမဟုတ်ပါဘူး။ (အခု ဒီအကြောင်းကို တောင်ကိုရီးယား ဆိုရှယ်မီဒီယာတွေ လူပြောများနေပါတယ်။)

■ မစ္စတာကင်က မစ္စတာ မွန်းကို မြောက်ကိုရီးယားကို လာလည်ဖို့ ဖိတ်ခဲ့ပါတယ်။ သူ့ကို အခုလို ခမ်းခမ်းနာနား ကြိုဆိုသလို မစ္စတာမွန်းကိုလည်း ပြန် ကြိုဆိုမယ်လို့ မစ္စတာကင်က ဆိုခဲ့ပါတယ်။

■ နယ်စပ်ကို ဖြတ်ကျော်ပြီး လမ်းအနည်းငယ် လျှောက်ဖို့ ၁၀ နှစ် ကျော်ကြာခဲ့ရတယ်၊ နောင်ဆိုရင် သူတို့ ဒီထက်ပိုပြီး ဒီလို တွေ့ဆုံကြဦးမယ်လို့ မစ္စတာ ကင်က ပြောခဲ့ပါတယ်။

■ ကနဦး စခဲ့တဲ့ အနေအထားမျိုး ပြန်မရောက်အောင် နှစ်ဖက်လုံးက ဘယ်တော့ မှ မလုပ်ဘဲနဲ့ ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီး တခုကို တည်ဆောက်ဖို့ကို သူ့အနေနဲ့ အစွမ်းကုန် ကြိုးစားမယ်လို့ မစ္စတာ ကင်က မစ္စတာမွန်းကို ပြောခဲ့ပါတယ်။

■ အခြား နိုင်ငံတွေ အတွက် ကိုရီးယားလူမျိုးတွေက ရှေ့ဆောင်လမ်းပြ ဖြစ်စေရမယ်လို့ မစ္စတာ မွန်းက ဆိုပါတယ်။

korea
SOUTH KOREA OUT

ကင်ဂျုံအွန်း လာခဲ့ရာ လမ်းကြောင်း

ကိုရီးယား ထိပ်သီး ဆွေးနွေးပွဲ အတွက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း ရဲ့ ခရီးစဉ်လမ်းကြောင်းပြ မြေပုံ။

korea
BBC

တောင် မြောက် ကိုရီးယား စစ်မဲ့ဇုန်မှာ ငြိမ်းချမ်းရေး သစ်ပင်စိုက်

မစ္စတာ ကင်ရဲ့ နှမဖြစ်သူ ကင်ယိုဂျောင် က ကင်ဂျုံအွန်းကို လက်အိတ်စွပ်နိုင်ရေးအတွက် အကူညီပေးခဲ့ပြီး ကင်ဂျုံအွန်းနဲ့ တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းတို့ဟာ အပင်စိုက်တဲ့နေရာက မြေကြီးတွေကို ဖုံးအုပ်ပေးခဲ့ပါတယ်။

နှစ်နိုင်ငံစလုံးအတွက် နွေဦးရာသီကို ရောက်ရှိလာခဲ့ပြီလို့ ကင်ဂျုံအွန်း ပြောခဲ့ပါတယ်။ ဒီအပင်ဟာ ထင်းရှူးပင်နဲ့တူပြီး ဆောင်းတွင်းအချိန်မှာတောင် အမြဲစိမ်းလန်းနေဖို့ သူ့အနေနဲ့ မျှော်လင့်တဲ့အကြောင်း မစ္စတာ ကင်က မွန်းဂျေအင်းကို ပြောခဲ့ပါတယ်။

အဲဒီသစ်ပင်ကို နှစ်နိုင်ငံနယ်စပ်က စစ်မဲ့ဇုန်မှာ စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။ သစ်ပင်မှာတော့ နှစ်ဘက် အပစ်အခတ်ရပ်စဲမှု လုပ်ခဲ့တဲ့ ၁၉၅၃ ခုနှစ်ကို ရေးသားထားပြီး သစ်ပင်စိုက်ပျိုးဖို့ မြေနဲ့ ရေကို နှစ်နိုင်ငံစလုံးက သယ်ဆောင်လာခဲ့တာဖြစ်ပါတယ်။

korea
AFP