Got a TV Licence?

You need one to watch live TV on any channel or device, and BBC programmes on iPlayer. It’s the law.

Find out more
I don’t have a TV Licence.

အနှစ်ချုပ်

  1. ဟယ်ရီနဲ့ မက်ဂန်တို့ အကြင်လင်မယား အရာမြောက်ပါပြီ
  2. ဝင်ဆာရဲတိုက်က စိန့်ဂျော့ ဘုရားကျောင်းမှာပါ
  3. ဟယ်ရီနဲ့ မက်ဂန်တို့ ဆက္ကဆက်နယ်စားကြီးနဲ့ နယ်စားကတော်ဘွဲ့တွေ ခံယူရရှိပါတယ်
  4. မက်ဂန်နဲ့ သူ့အမေ ရိုးရွိုက်စ်ကားနဲ့ ဝင်လာတော့ ပရိသတ်တွေက ဟစ်ကြွေးနှုတ်ဆက်ကြပါတယ်
  5. ၄ နှစ်အရွယ် ဂျော့မင်းသားနဲ့ ၃ နှစ်သမီး ရှားလက်မင်းသမီးတို့က အရံတွေလုပ်ကြပါတယ်

သတင်း တိုက်ရိုက် ပေးပို့ချက်

time_stated_uk

တော်ဝင် မင်္ဂလာဆောင်က အကျွေးအမွေး

ဝင်ဆာ ရဲတိုက်ထဲက စိန်ဂျော့ ခန်းမမှာ ဒီနေ့ခင်း ကျွေးမယ့် ဟင်းလျာစာရင်းကို နန်းတော်က ထုတ်ပြန်လိုက်ပါတယ်။

အဆိမ့်ပွဲမှာ

  • စကော့တလန် ပုဇွန် ဆယ်လမွန်ပတ်
  • ကညွတ်ကင် ဝက်ပေါင်ပြားပတ်
  • ပဲသီးနဲ့ငုံးဥ သံပုရာ
  • ခရမ်းချဉ်သီးနဲ့ပင်စိမ်းနှစ်
  • ဒိန်ချဉ်ဆမ်း ကြက်ကြော်နဲ့ အသီးလှော်
  • ဝင်ဆာသိုးသား ကက်တလိတ်
  • ကညွတ်ညွန့်နဲ့ ဒိန်ခဲ၊ ခရမ်းချဉ်သီး

ပရိသတ်တွေကို လင်ပန်းနဲ့တည်ကျွေးတဲ့ အစားအသောက်

  • ပြင်သစ်ကြက်ကြော်နဲ့ မှို
  • ပဲနဲ့ဒိန်ခဲထမင်း
  • ၁ဝ နာရီ ကင်ထားတဲ့ ဝင်ဆာဝက်ခေါက်ကင်ကျွတ်

အချိုပွဲ အနေနဲ့

  • ရှန်ပိန်နဲ့ သစ်စေ့မုန့်
  • လိမ္မော်ခရင်မုန့်
  • ရူးဘတ်မုန့်
uk
Getty Images
လက်ထပ်ကိတ်အလှ

စပိုက်စ်ဂဲအဖွဲ့ ဖိတ်တယ်ဆို

နှစ်ဆန်းပိုင်းက သူတို့အဖွဲ့ကို ဒီမင်္ဂလာဆောင်ကို ဖိတ်တယ်လို့ မယ်လ်ဘီက ပြောခဲ့ပါတယ်။

ဒါပေမဲ့ အင်မာ ဘန်တန်ရဲ့ တွစ်တာအရ သူတို့ ပွဲမသွားပါဘူး။

နန်းတော်ကကိတ်

ကယ်လီဖိုးနီးယားက လာပြီး လန်ဒန်မှာ မုန့်ဆိုင်ဖွင့်ထားတဲ့ ကလယ်ရီ ပတက်ရဲ့ လက်ရာ လက်ထပ်ကိတ် ဖြစ်ပါတယ်။

ဆန်ဒရင်ဟမ် စံအိမ်တော်က အယ်လဒါပန်း အချိုရည် အရသာရှိပြီး သံပုရာနံ့သင်းတဲ့ အယ်လဒါပန်း ခရင်ထောပတ်ကို သုံးထားတယ်လို့ ကင်ဆင်တန်နန်းတော် ကြေညာပါတယ်။

အပေါ်က ဆွစ်ဇာလန် ထောပတ်ခရင်ဆမ်းပြီး ဗြိတိသျှ ကျွန်းဖြစ် ပျိုနီပန်းနဲ့ နှင်းဆီပန်းတွေနဲ့ တန်ဆာဆင်ထားပါတယ်။

The wedding cake is to be served at the Reception. It was designed by Claire Ptak and features elderflower syrup ma… twitter.com/i/web/status/9…

မက်ဂန်ဆောင်းတဲ့ သရဖူ

မေရီမိဘုရားကြီး ဆင်မြန်းခဲ့တဲ့ စိန်သရဖူကို မင်္ဂလာပွဲမှာ မက်ဂန် ဆောင်းဖို့ နန်းတော်က ထုတ်ပေးထားပါတယ်။

အဲလစ်ဇဘက် ဘုရင်ကြီးရဲ့ ဘွားတော် မေရီမိဘုရားနဲ့ ပဉ္စမ ဂျော့ဘုရင်တို့ ၁၈၉၃ ခုနှစ်က လက်ထပ်စဉ်က သုံးစွဲခဲ့တဲ့ စိန်ရင်ထိုးကို တပ်ဖို့ ၁၉၃၂ က ပြုပြင်ထားတဲ့ သရဖူပါ။

uk
PA

မင်္ဂလာပွဲကို စောင့်မျှော်အားပေးနေကြ

uk
EPA
uk
Reuters
uk
Getty Images
uk
Getty Images

နှုတ်ဆက်နေကြတဲ့ တော်ဝင်မိသားစု

uk
PA
ဘိုးတော် ဘွားတော်နဲ့ ဘထွေးတော် အရီးတော်တွေ
uk
AFP
နှစ်ဘက်မိသားစု စကားလက်ဆုံ
uk
AFP
ရှားလက်နဲ့ သူရဲ့မယ်တော် ကိတ်

ချစ်ကြသူနှစ်ဦးရဲ့ သာယာဖွယ်ပျော်ရွှင်ဖွယ်အချိန်

uk
PA
uk
Reuters
uk
AFP
uk
Reuters

ဘိုးဘိုးဘွားဘွား အချစ်ပွား

မြေးတော် ဟယ်ရီအတွက် အားပေးချီးမြှင့်ကြတဲ့ ၉ဝ ကျော် ဘုရင်မ အဲလစ်ဇဘက်နဲ့ ကြင်ယာတော် မင်းသားကြီး ဖိလစ်

uk
Reuters

အမိုးဖွင့်ရထားနဲ့ ချစ်သူနှစ်ဦး

uk
PA

ဘုရားကျောင်းက ထွက်ခွာ

uk
PA

လက်စွပ်လဲချိန်

uk
Getty Images
uk
Getty Images

သတို့သမီးအတွက် သတို့သားဖေဖေ

မက်ဂန်ရဲ့အဖေ နှလုံးခွဲထားလို့ မင်္ဂလာပွဲ မတက်နိုင်ပါဘူး။

ဒီအတွက် ဟယ်ရီရဲ့ ခမည်းတော် ဝေလမင်းသားကြီး ချားလ်စ်ကိုယ်တိုင် အဖေလုပ်ပြီး သတို့သမီးကို ဘုရားကျောင်းထဲ ခေါ်လာခဲ့ပါတယ်။

ဒီအတွက် ဟယ်ရီက ကျေးဇူးတင်ကြောင်း မျက်ရည်သံနဲ့ သူ့ခမည်းတော်ကို ပြောကြားခဲ့ပါတယ်။

ကွယ်လွန်သွားတဲ့ သူ့မယ်တော် ဒိုင်ယာနာကိုလည်း ဟယ်ရီ သတိရနေမှာပါ။

uk
Getty Images

ဗြိတိသျှအဲယားဝေးပါတီ

ဗြိတိသျှလေကြောင်းလိုင်းရဲ့ ကနေ့ လန်ဒန်က တိုရန်တိုကို ပျံသန်းမယ့် လေယာဉ်က လေယာဉ်မောင်တွေ လေယာဉ်မယ်တွေအားလုံး သူတို့နာမည်တွေကို ဟယ်ရီနဲ့ မက်ဂန်လို့ပဲ ပေးကြပါတယ်။

သူတို့က ဝေဟင်မှာ မင်္ဂလာပွဲကို ဂုဏ်ပြုအောင်ပွဲခံကြမယ့်သူတွေပါ။

uk
Getty Images

စောင့်ဆိုင်းအားပေးနေကြတဲ့ ပြည်သူတွေ

uk
AFP
uk
PA
uk
EPA
uk
Getty Images

အလှဆုံး အချိန်

uk
Getty Images
uk
PA
uk
Getty Images

အမေနဲ့သမီး အလှချင်းဆိုင်

uk
AFP

တူပြိုင် သစ္စာတိုင်

သတို့သမီးရဲ့ ခြုံလွှာကို လှစ်ပြီး သစ္စာပြုပွဲ စနေပါပြီ။

နှစ်ယောက်စလုံးကို ဟင်နရီနဲ့ ရေချယ် ဆိုတဲ့ မွေးနာမည်တွေ မခေါ်ဘဲ ဟယ်ရီနဲ့ မက်ဂန်လို့ ဘုန်းတော်ကြီးက ခေါ်တဲ့အခါ ဘုရားကျောင်း ခန်းမထဲ အပြုံးပန်းတွေ တီတာတာ ရယ်သံတွေ လှိုင်သွားပါတယ်။

သတို့သား သတို့သမီး သစ္စာ ပြုပြီးမှာတော့ ခန်းမထဲမှာ ချီးကျူးလက်ခုပ်ပေးသံတွေ စီစီဝေသွားခဲ့ပါတယ်။

uk
PA
uk
PA
uk
EPA

သတို့သားလည်း ရောက်လာပြီ

ဟယ်ရီမင်းသားနဲ့ နောင်တော် ဝီလျံ မင်းသားတို့ ဘုရားကျောင်းကို ရောက်လာပါပြီ။

ဟယ်ရီက စစ်ဝတ်စုံအပြည့် ဝတ်ထားပြီး မုတ်ဆိတ် ပါးသိုင်းမွေးတွေနဲ့ပါ။

သူ့နောင်တော် ဝီလျံက သူ့အတွက် သတို့သား အရံလည်း ဖြစ်ပါတယ်။

uk
AFP

သတို့သမီး ရောက်လာပြီ

မက်ဂန်မာကယ်ဟာ ညတည်းခိုရာ ကလိုက်ဗဒန် စံအိမ်ကနေ ကားနဲ့ စိန့်ဂျော့ဘုရားကျောင်းကို ရောက်လာပါပြီ။

သူ့အမေလည်း ပါလာပါတယ်။

ဝတ်စုံဖြူနဲ့ မက်ဂန်ရဲ့အလှကို တကမ္ဘာလုံးက စောင့်ကြည့်နေကြပါတယ်။

uk
Reuters
သရဖူနဲ့ မျက်နှာဖုံးပုဝါ ဆင်မြန်းထားတဲ့ သတို့သမီး

မစ္စစ် ကလူနီရဲ့အလှ

အာမယ် နဲ့ ဂျော့ကလူနီတို့ စုံတွဲလည်း ရောက်လာပါပြီ။

အာမယ်ဟာ မြန်မာပြည်မှာ အဖမ်းခံနေရတဲ့ ရိုက်တာ သတင်းထောက်တွေအမှုမှာ ဝင်ပြီး ကူညီ ဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေး ရှေ့နေ့ ဖြစ်ပါတယ်။ ရိုက်တာသတင်းထောက် အမှု အမားလ်ကလူနီ ကူမယ်

uk
AFP
နေကြာပန်းလိုလှတဲ့ အာမယ်
uk
AFP

အယ်လတန်ဂျွန် ရောက်လာပြီ

အဆိုတော် ဆာ အယ်လတန်ဂျွန်နဲ့ သူ့ခင်ပွန်း ဒေးဗစ်ဖားနစ်ရှိတို့လည်း တော်ဝင် မင်္ဂလာပွဲတက်ဖို့ ရောက်လာကြပါပြီ။

သူနေတဲ့ လာ့စ်ဗီးဂတ်စ်က ပွဲတွေဖျက်တယ် ဆိုကတည်းက သူ ဒီပွဲလာမယ်လို့ လူတွေက မှန်းနေကြပါတယ်။

ဒီနေ့ သူသီဆို ဖျော်ဖြေမှာလားတော့ မသိရသေးပါဘူး။

uk
PA
ဒေးဗစ်ဘက်ကမ်း ဗစ်တိုးရီးယားဘက်ကမ်းတို့နဲ့ အယ်လ်တန်ဂျွန်တို့ မောင်နှံ

မင်္ဂလာပွဲလာ ခွေးပရိသတ်တွေ

uk
PA
ဗြိတိသျှ အလံလည်ပတ်ဖက်ရှင်
uk
Reuters
သခင်နဲ့အတူ အိပ်စောင့်
uk
PA
uk
EPA
မက်ဂန်နဲ့ဟယ်ရီ လည်စီး

အော်ပရာ ဝင်းဖရေး ရောက်လာပြီ

နာမည်ကျော် ဆယ်လီဘရစ်တီတွေ ဘုရားကျောင်းကို တဖွဲဖွဲရောက်လာပါပြီ။

မင်းသမီး အော်ပရာ ဝင်းဖရေး၊ ရုပ်ရှင်မင်းသား Idris Elba တို့ကိုလည်း တွေ့ရပါတယ်။

uk
PA

ဟယ်ရီ ဒမ်ဘာတန်

ဟယ်ရီ မင်းသားကို ဘွားတော် ဘုရင်မကြီးက စကော့ မြို့စားဘွဲ့တဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။

ဒမ်ဘာတန် မြို့စား ဘွဲ့ဖြစ်ပြီး စစ်ဘက်နဲ့ နွယ်တဲ့ မြို့စားဘွဲ့ ဖြစ်ပါတယ်။

၁၇၄၉ ခုနှစ်ကတည်းက စပြီး ပေးသနားလာခဲ့တာပါ။

လက်ထပ်ပြီးနောက် မက်ဂန်ကို ဒမ်ဘာတန် မြို့စားကတော်လို့ ခေါ်ဝေါ်ရမှာ ဖြစ်ပါတယ်။

uk
PA
၉၂ နှစ် အရွယ် ဘုရင်မ အဲလစ်ဇဘက်

ဧည့်သည်တွေ ရောက်လာပြီ

ဝင်ဆာပတ်ဝန်းကျင်မှာတော့ လူပေါင်း တသိန်းလောက်ဟာ ပျော်ရွှင်နေတဲ့ မင်္ဂလာမောင်နှံကို တွေ့မြင်ခွင့်ရဖို့ မျှော်လင့်စောင့်စားနေပါပြီ။

ဧည့်သည်တွေလည်း ရောက်နေကြပါပြီ။

uk
Getty Images