မိုဘီဂျီနို နဲ့ မသန်ပေမယ့် စွမ်းသူ
အမေရိကန်မှာ အခြေစိုက်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဒီမိုကရေစီ ရွေးကောက်ပွဲစနစ် ထွန်းကားရေး အကူအညီပေးလုပ်ဆောင်နေတဲ့ နိုင်ငံတကာ ရွေးကောက်ပွဲစနစ်များဆိုင်ရာ ဖောင်ဒေးရှင်း IFES အဖွဲ့ကနေ ဂုဏ်ပြု ဆုပေးအပ်ခံရသူ ကိုနေလင်းစိုးအကြောင်း မိုဘီ ဂျီနိုအစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။
မိုဘီဂျီနို အစီအစဉ်
မိုဘီ ဂျီနို အစီအစဉ်ဟာ ဒီနေ့ခတ်ရဲ့ ရှင်သန်ရွေ့လျားနေတဲ့ မျိုးဆက် Mobile Generation (Mobi-Geno) အတွက် ရည်ရွယ်ပြီး ဒီမျိုးဆက်ထဲက လူငယ် လူရွယ်တွေ စိတ်ဝင်စားမယ့် အကြောင်း အရာတွေ တင်ဆက်ပေးနေပါတယ်။
ဒီကဏ္ဍနဲ့ ပတ်သက်ပြီး ဝေဖန်အကြုံပြုလိုရင်ဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ထူးခြားတဲ့ အတွေ့အကြုံတွေ၊ အနာဂတ်အိပ်မက်တွေကို ဝေမျှပြောပြချင်လို့ပဲဖြစ်ဖြစ် ဆက်သွယ် နိုင်ကြပါတယ်။
အီးမေးလ်နဲ့ဆိုရင် burmese @ bbc.co.uk ဖြစ်ဖြစ်၊ bbcburmese @ gmail.com ကိုပဲ ဖြစ်ဖြစ် ဆက်သွယ်နိုင်သလို BBC Burmese facebook က Message ဆိုတဲ့ နေရာကနေလည်း ဆက်သွယ်နိုင်ပါတယ်။
မိုဘီဂျီနို ထုတ်လွှင့်ချိန်
မိုဘီ ဂျီနို အစီအစဉ်ကို နှစ်ပတ်တကြိမ် တနင်္လာနေ့ညတိုင်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အသံလွှင့်အစီအစဉ်တွေမှာ နားဆင်နိုင်ပြီး ကြာသပတေး မနက်ခင်းမှာတော့ ထပ်မံ ထုတ်လွှင့်ပေးပါတယ်။
ပြည်တွင်း ပတ္တမြား FM ကနေလည်း မိုဘီဂျီနို အစီအစဉ်ကို အပတ်စဉ် စနေနေ့ မနက် ၁၀ နာရီ ၂၅ မိနစ်အချိန်မှာ ထပ်မံ နားဆင်နိုင်ကြပါတယ်။
မြန်မာ့အသံ ရေဒီယိုအစီအစဉ်မှာတော့ အပတ်စဉ် တနင်္လာနေ့ ညနေ ၃:၁၅ အချိန်မှာ နားဆင်နိုင်ကြပါတယ်။