ထိုင်း ဘုရင် ဘူမိဘော နတ်ရွာစံ

ကမ္ဘာပေါ်မှာ နန်းသက်အရှည်ဆုံး ဖြစ်တဲ့ ထိုင်းဘုရင်ကြီး ဘူမိဘော အဒူယာဒက်ဟာ အနှစ် ၇၀ ကြာ ထီးနန်းစိုးစံခဲ့ပြီးနောက် အခု သက်တော် ၈၉ နှစ် အရွယ်မှာ နတ်ရွာစံ ကံတော်ကုန်သွားပါတယ်။

Thai King
ဓာတ်ပုံ ပုံစာ,

ကမ္ဘာပေါ်မှာ နန်းသက်အရှည်ဆုံး ဖြစ်တဲ့ ထိုင်းဘုရင်ကြီး ဘူမိဘော အဒူယာဒက်ဟာ သက်တော် ၈၉ နှစ် အရွယ်မှာ နတ်ရွာစံ ကံတော်ကုန်သွားပြီလို့ ထိုင်း နန်းတော်က ကြေညာပါတယ်။

ဓာတ်ပုံ ပုံစာ,

တနင်္ဂနွေနေ့က စပြီး ဘုရင့် ကျန်းမာရေး အခြေအနေ ဆိုးလာတယ်လို့ ထိုင်းနန်းတော်က ထုတ်ပြန် ကြေညာခဲ့ပြီးနောက် ထိုင်းဘုရင် တက်ရောက်နေတဲ့ ဆေးရုံ အပြင်ဘက်မှာ ဘုရင့်ကျန်းမာရေးအတွက် ဆုတောင်း ပေးကြသူတွေနဲ့ ပြည့်နေခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

ဘုရင် ဘူမိဘောအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် ထိုင်းနိုင်ငံ တဝန်းမှာ ရက်သုံးဆယ်ကြာ အလံ တိုင်ဝက် လွှင့်ထူကြမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ ပုံစာ,

ထိုင်းနိုင်ငံသားတွေက နတ်တစ်ပါးလို လေးစားချစ်ခင်ကြတဲ့ ဘုရင် ဘူမိဘော နန်းသက် ၅၀ ပြည့်ချိန် ၁၉၉၆ ခုနှစ်က လယ်ထွန်မင်္ဂလာ ဆင်းစဉ်။ ဘုရင် ဘူမိဘောလ်ဟာ တိုင်းပြည်အနှံ့ ခရီးဆန့်ပြီး တသက်လုံး ကြိုးပမ်းခဲ့တဲ့ စိုက်ပျိုးရေး ဖွံ့ဖြိုးမှုစီမံကိန်းတွေ အပါအဝင် တော်ဝင် စီမံကိန်းတွေ ချပြီး ထီးနန်းစံနစ်ကို ရုပ်လုံးဖေါ်ခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

၁၉၉၆ ခုနှစ်၊ သက်တော် ၆၉ နှစ်ပြည့် မွေးနေ့ ဗိုလ်ရှုသဘင် အခမ်းအနား။ တည်ငြိမ်မှုမရှိလှတဲ့ ထိုင်းနိုင်ငံရေးလောကမှာ ဘုရင်ကြီးဟာ တိုင်းပြည် တည်ငြိမ်အေးချမ်းအောင် လုပ်ပေးနိုင်တဲ့ တန်ခိုးဩဇာရှိသူ ဖြစ်ပါတယ်။

ဓာတ်ပုံ ပုံစာ,

၁၉၉၉ ခုနှစ်၊ သက်တော် ၇၂ ပြည့်ချိန်က ဘုရင် ဘူမိဘော၊ အိမ်ရှေ့စံ မဟာ ဝပ်ချီရာလောင်ကွန်၊ ဘုရင်မ သီရိခေတ်။ ဘုရင် ဘူမိဘောလ်ဟာ သိပ်တင်းမာတဲ့ နိုင်ငံရေးပြဿနာတွေမှာ အကြမ်းမဖက်တဲ့ နည်းနဲ့ အဖြေရှာဖို့ ဝင်ရောက် ဖြေရှင်းရတဲ့ အချိန်တွေ ရှိခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

၂၀၀၃ ခုနှစ်က ဗိုလ်ရှုသဘင်မှာ တွေ့ရတဲ့ သက်တော် ၇၆ နှစ်အရွယ် ဘုရင်ကြီး ဘူမိဘော။ အသက်အရွယ်ကြီးလာလို့ ကျန်းမာရေးပြဿနာတွေ တွေ့ရတိုင်း ဒါဟာ တမျိုးသားလုံးအတွက် စိုးရိမ်စရာကိစ္စလို့ သဘောထားကြပါတယ်။

ဓာတ်ပုံ ပုံစာ,

၂၀၀၆ ခုနှစ်က ဆေးရုံတက် ကုသမှု ခံယူစဉ် သူ့အတွက် လာရောက် ဆုတောင်းပေးကြသူတွေကို ဓာတ်ပုံရိုက် မှတ်တမ်းတင်ခဲ့တဲ့ ဘုရင်ကြီး ဘူမိဘော။

ဓာတ်ပုံ ပုံစာ,

၂၀၀၈ ခုနှစ်က သက်တော် ၈၁ နှစ်ပြည့် မွေးနေ့ပွဲမှာ ဘုရင် ဘူမိဘောကို တွေ့ရစဉ်။ ဘုရင်ကြီးရဲ့ မွေးနေ့ပွဲတော်ကို တပြည်လုံး အုံးအုံးကျွက်ကျွက် ပါဝင် ဆင်နွဲကြတဲ့အတွက် ထိုင်း လူ့အဖွဲ့အစည်းမှာ ဘုရင်ကြီးရဲ့ သူမတူတဲ့ အဆင့်အတန်းမျိုးကို ထင်ဟပ်စေခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

၂၀၁၀ ခုနှစ်က ၈၃ နှစ်ပြည့် မွေးနေ့မှာ တွေ့ရစဉ်။ ၂၀၀၆ ခုနှစ်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကိုဖီအာနန်က ဘုရင်ကြီးကို လူသားဖွံဖြိုးမှုဆိုင်ရာ တသက်တာ ဆုကို ပထမဆုံးအကြိမ် ချီးမြှင့်ခဲ့ပါတယ်။

ဓာတ်ပုံ ပုံစာ,

၂၀၁၂ ခုနှစ်က သက်တော် ၈၅နှစ်ပြည့် မွေးနေ့မှာ အိမ်ရှေ့စံ မဟာဝပ်ချီရာလောင်ကွန် အပါအဝင် တော်ဝင်မိသားစုနဲ့အတူ တွေ့ရတဲ့ ဘုရင် ဘူမိဘော။ ဘုရင် ဘူမိဘောလ်ရဲ့ အရိုက်အရာကို ဆက်ခံမယ့် သူကတော့ ၆၃ နှစ်အရွယ် အိမ်ရှေ့မင်းသား မဟာ ဝပ်ချီရာလောင်ကွန် ဖြစ်ပါတယ်။