အကြီးစား ပြုပြင်မှုတွေလုပ်မယ့် စင်ကာပူက Raffles ဟိုတယ်ကြီး
အကြီးစား ပြုပြင်မှုတွေလုပ်မယ့် စင်ကာပူက Raffles ဟိုတယ်ကြီး
စင်ကာပူရဲ့ နာမည်ကျော် အထင်ကရ Raffles ဟိုတယ်ကြီးကို အကြီးစား ပြုပြင်မွမ်းမံမှုတွေ လုပ်ဖို့ ဒီအပတ်ထဲမှာ ကြေညာခဲ့ပါတယ်။
ဒီဟိုတယ်ကြီးဟာ ၁၈၈၀ ပြည့်နှစ်တွေ ကတည်းက တည်ဆောက် ထားခဲ့တာ ဖြစ်ပြီး နိုင်ငံခြား ခရီးသည်တွေ တကူးတက လာတည်းကြတဲ့ ဟိုတယ်ပါ။
အဲဒီ ဟိုတယ်ကြီးမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်လာသူ တစ်ဦးကတော့ ဧည့်သည်တွေ ဟိုတယ်ရှေ့ ရောက်တာနဲ့ ကားတံခါး ဆွဲဖွင့်လို့ ပျူပျူငှာငှာ ကြိုဆိုတတ်တဲ့ နာရာဂျန်ဆင်းပဲ ဖြစ်ပါတယ်။
သူ့အကြောင်းကို မရီရီအောင်က ပြောပြထားပါတယ်။