သမ္မတလောင်းတွေ နောက်ဆုံးစကားစစ်ထိုးပွဲ စတော့မယ်
သမ္မတလောင်းတွေ နောက်ဆုံးစကားစစ်ထိုးပွဲ စတော့မယ်
အမေရိကန် ပြည်ထောင်စုမှာ ဒီကနေ့ ဗုဒ္ဓဟူးနေ့ည၊ လက်စ်ဗေးဂက်စ်မှာ သမ္မတလောင်း နှစ်ဦးရဲ့ တတိယနဲ့ နောက်ဆုံးအကြိမ် စကားစစ်ထိုးပွဲ ပြုလုပ်တော့မှာပါ။
သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့က သီတင်း ၃ ပတ်ပဲ လိုပါတော့တယ်။
ရီပက်ဘလီကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ကတော့ သူ့ကို အထိနာစေတဲ့ မသမာမှုတွေ ရှိနေတယ်လို့ ပြောပါတယ်။ ထရမ့်ကို ထောက်ခံသူတွေကလည်း သူ့အပြောတွေကို နားလည် လက်ခံပေးနေကြပါတယ်။
ကိုမိုးမြင့်က ပြောပြထားပါတယ်။