ဖိလစ်ပိုင် သမ္မတကို တရုတ် သမ္မတ ကြိုဆို
ဖိလစ်ပိုင် သမ္မတကို တရုတ် သမ္မတ ကြိုဆို
တရုတ်သမ္မတ ရှီကျင်းပင်ဟာ ဖိလစ်ပိုင် သမ္မတ ရော့ဒရီဂို ဒူတာတေးကို ဘေဂျင်းမြို့မှာ အခမ်းအနားနဲ့ ကြိုဆိုခဲ့ပါတယ်။
ဒါဟာ နှစ်နိုင်ငံ ဆက်ဆံရေးမှာ ထူးခြားတဲ့ မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။
မကြာသေးခင် လပိုင်းအထိ တောင်တရုတ် ပင်လယ်က ကျွန်းစုတွေ အရေးနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးက တင်းမာနေခဲ့တာပါ။
မစ္စတာ ဒူတာတေးက ဖိလစ်ပိုင် အနေနဲ့ အမေရိကန်ကို အားထားနေတာတွေကို အဆုံးသတ်ပြီး တရုတ်နဲ့ ဆက်ဆံရေးကို ပိုအလေးထားလိုတယ်လို့ ပြောပါတယ်။
ကိုအောင်သွင် ပြောပြထားပါတယ်။