မိုဆူးလ် အရှေ့ပိုင်းမှာ အီရတ် တပ်တွေ နယ်မြေ ရှင်းလင်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မိုဆူးလ် အရှေ့ပိုင်းမှာ အီရတ် တပ်တွေ နယ်မြေ ရှင်းလင်း

မိုဆူးလ်မြို့ထဲကို ဝင်ရောက်သွားနိုင်တဲ့ အီရတ် တပ်တွေဟာ လုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း ရှာဖွေရင်း နယ်မြေ ရှင်းလင်းရေးတွေ လုပ်နေပါတယ်။

လိုဏ်ခေါင်းတွေထဲကနေ IS စစ်သွေးကြွတွေ ပုန်းအောင်း တိုက်ခိုက်မှာ၊ မိုင်းခွဲ တိုက်ခိုက်မှာတွေကိုလည်း အီရတ်တပ်တွေ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

ရှေ့တန်းစစ်မျက်နှာပြင်မှာ အီရတ် တပ်ဖွဲ့တွေနဲ့ အတူ လိုက်ပါ သတင်းယူနေတဲ့ ဘီဘီစီ သတင်းထောက်တွေရဲ့ ပေးပို့ချက်ကို ကြည့်ရှုနိုင်ပါတယ်။

ကိုအောင်သွင်က ပြောပြထားပါတယ်။