ဒေါ်နယ်ထရမ့် ဘယ်လို သမ္မတ ဖြစ်လာသလဲ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒေါ်နယ်ထရမ့် ဘယ်လို သမ္မတ ဖြစ်လာသလဲ

ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့် ကို သမ္မတသစ်အဖြစ် ရွေးချယ် ခဲ့ကြပါပြီ။ ရွေးကောက်ပွဲမတိုင်ခင် စစ်တမ်းတွေမှာ အသာရနေခဲ့တဲ့ ဒီမိုကရက် သမ္မတလောင်း ဟီလာရီ ကလင်တန်ရဲ့ ရည်မှန်းချက်တွေ ကတော့ ပြိုပျက်ခဲ့ရပါပြီ။

တကယ်တော့ သူတို့နှစ်ဦးအကြား မဲ သိပ်အကွာကြီး မဖြစ်ခဲ့ပေမယ့် မစ္စတာ ထရမ့်ဟာ အရေးကြီးတဲ့ တဘက်ဘက်ကို ယိမ်းသွားလေ့ရှိတဲ့ ပြည်နယ်တွေမှာ အနိုင်ရသွားခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။ မစ္စတာ ထရမ့်က သူ့ရဲ့ ရွေးကောက်ပွဲ အောင်မြင်မှု မိန့်ခွန်းမှာတော့ အမေရိကန်ပြည်သူတွေကို ညီညွတ်ကြဖို့ အတွက် ပြောခဲ့သလို အားလုံးကို သူ အလုပ်အကျွေး ပြုသွားမှာပါလို့ ဆိုခဲ့ပါတယ်။ မမေစန္ဒီက ဆက်ပြောပြမှာပါ။