ဒေါ်နယ်ထရမ့် ဘာတွေ ဦးစားပေး ဆောင်ရွက်မလဲ
ဒေါ်နယ်ထရမ့် ဘာတွေ ဦးစားပေး ဆောင်ရွက်မလဲ
အမေရိကန် ပြည်ထောင်စုမှာ ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေအနက် အော်ရီဂွန်ပြည်နယ် ပို့တ်လန်းမြို့က ဆန္ဒပြမှုတွေကတော့ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့လို့ ရဲတွေက ရာဘာကျည်တွေ၊ မျက်ရည်ယိုဗုံးတွေ သုံးခဲ့ရပါတယ်။
လမ်းတွေပေါ်မှာ ဆန္ဒပြသူတွေက ဒေါ်နယ်ထရမ့်ကို သူတို့ သမ္မတ မဟုတ်ဘူး ဆိုပြီး ကြွေးကြော် ခဲ့ကြပါတယ်။
ဒေါ်နယ်ထရမ့်ကတော့ ဒီဆန္ဒပြပွဲတွေဟာ မီဒီယာတွေက လှုံ့ဆော်လို့ ဖြစ်ရတာလို့ ပြောပါတယ်။
ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ ဒေါ်နယ်ထရမ့်က မက္ကဆီကို နယ်စပ်မှာ တံတိုင်းဆောက်ဖို့၊ အလုပ်အကိုင်တွေ သန်းနဲ့ချီ ဖန်တီးပေးဖို့ စတဲ့ ကတိတွေ ပေးခဲ့တာပါ။ ဒီကတိတွေအတိုင်း သူဆောင်ရွက်သွားနိုင်မလား။ ကိုသိန်းမြတ်က ပြောပြထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း