လွတ်လပ်အတွေးဆွေးနွေးဖလှယ်

လွတ်လပ်အတွေးဆွေးနွေးဖလှယ်

အငြင်းပွားဖွယ် ဖြစ်နေတဲ့ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) အကြောင်း သောတရှင် တို့ ကိုယ်တိုင် ဆွေးနွေးခဲ့ကြတာပါ။ - နားဆင်နိုင်ပါပြီ။

ဦးဆောင်ဆွေးနွေးသူများ - ဒေါက်တာခင်မောင်မောင် - ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာကော်မတီ ဝင်

ကိုဟန်ဇော် - ပန်မြန်မာ အဖွဲ့ဝင် စာရေးဆရာ...

ကဗျာဆရာ ကိုဆောင်းခ..... သမိုင်းသစ် မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ - နောင်တော်လေး

ရန်ကုန်တိုင်း ဒေသကြီး အစိုးရ ကနေ အလဲဗင်း သတင်းစာ ပိုင်ရှင်နဲ့ အယ်တီတာ ချုပ် တို့ကို ဆက်သွယ်ရေး ပုဒ်မ ၆၆ ဃ နဲ့ မကြာသေး ခင်က အမှုဖွင့် ဖမ်းဆီးခဲ့ ပါတယ်။

ဒီပုဒ်မနဲ့ ခုတလော တရားစွဲ ဖမ်းဆီး အရေး ယူ မှုတွေ ဟာ လည်း ပိုများ လာနေ တာကို တွေ့ရပါတယ်။

ဒါကြောင့် ဒီပုဒ်မ ၆၆ ဃ ကို ဖျက်သိမ်းပေးဖို့ ဆန္ဒပြမှုတွေ ရှိသလို ဒါကို ပြင်ဆင်ပေး ဖို့ တောင်းဆို မှုတွေ လည်း ရှိနေ တဲ့ အတွက် ဘီဘီစီ ပရိသတ် တွေ ရဲ့ အမြင်ကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဝင်ရောက်ဆွေးနွေးသူ အားလုံးကို အထူး ကျေးဇူး တင်ပါတယ်။

စနေနေ့ ညတိုင်း တင်ဆက်ပေး နေတဲ့ အခု လွတ်လပ် အတွေး ဆွေးနွေး ဖလှယ် အစီ အစဉ်မှာ သောတရှင်တို့ အနေနဲ့ မိမိ စိတ်ဝင်စားတဲ့ အကြောင်း အရာ တခုခု ရှိခဲ့ပြီး အဲဒါကို ဆွေးနွေး ချင်တယ် ဆိုရင်.... ဘီဘီစီကို ဆက်သွယ်ကြဖို့ ဖိတ်ခေါ် လိုက်ရ ပါတယ်။