မိုဆူးလ်မြို့သိမ်းတိုက်ပွဲ ထိုးစစ်အရှိန်ကျနေ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မိုဆူးလ်မြို့သိမ်းတိုက်ပွဲ ထိုးစစ်အရှိန်ကျနေ

အီရတ် နိုင်ငံ မိုဆူးလ် မြို့မှာ IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ စစ်သွေးကြွတွေရဲ့ လက်ဖြောင့် သေနတ်သမားတွေ၊ အသေခံ ဗုံးခွဲမှုတွေကြောင့် မြို့သိမ်း တိုက်ပွဲအတွက် ထိုးစစ်အရှိန် ကျနေတယ်လို့ အီရတ်တပ်တွေက ပြောပါတယ်။

တိုက်ပွဲတွကြောင့် အရပ်သားတွေ ထိခိုက် သေကြေမှာကိုလည်း စိုးရိမ်နေကြပါတယ်။

မိုဆူးလ် အရှေ့ပိုင်းက လမ်းတွေကို အီရတ်တပ်တွေက တစ်လမ်းချင်းစီ တိုက်ယူနေကြရပါတယ်။

အီရတ် အကြမ်းဖက် တိုက်ဖျက်ရေး တပ်ဖွဲ့နဲ့အတူ လိုက်ပါသွားတဲ့ ဘီဘီစီ သတင်းထောက်ရဲ့ ရုပ်သံပေးပို့ချက်ကို ရှုစားနိုင်ပါတယ်။

မမေစန္ဒီက ပြောပြထားပါတယ်။