ရှာပီကိုအင်စီ အသင်း ပရိသတ်တွေ စုရုံးဆုတောင်း
ရှာပီကိုအင်စီ အသင်း ပရိသတ်တွေ စုရုံးဆုတောင်း
ကိုလံဘီယာ နိုင်ငံကိုအသွား လမ်းမှာ လေယာဉ်ပျက်ကျခဲ့ရတဲ့ ဘရာဇီးက ရှာပီကိုအင်စီ အသင်းရဲ့ ပရိသတ်တွေဟာ သူတို့အသင်းရဲ့ ကွင်းမှာ လာရောက် စုရုံးခဲ့ကြပါတယ်။
ဒီအသင်းသားတွေ စီးသွားတဲ့ လေယာဉ်ပေါ်မှာ ပါသွားသူတွေထဲက ၇၁ ဦး သေဆုံးခဲ့ပြီး ၆ ဦးသာ ရှင်ခဲ့ပါတယ်။
ဘရာဇီးမှာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ကာလ ၃ ရက် ကြေညာထားပြီး လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကိုလည်း စစ်ဆေးနေပါတယ်။
ကိုမင်းထက်က ပြောပြထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း