မိုဆူးလ် စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေ

မိုဆူးလ် စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေ

မိုဆူးလ်မြို့မှာ တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ အိုက်အက်စ် စစ်သွေးကြွတွေဟာ အရပ်သားတွေကို သတ်ဖြတ်နေတယ်ဆို သတင်းတွေ ထွက်ပေါ်နေပါတယ်။ ထောင်သောင်းချီတဲ့ အရပ်သားတွေ အဲဒီကထွက်ပြေးလာကြရပြီး အနားက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရပါတယ်။

ဘီဘီစီသတင်းထောက် အိုလာ ဂဲရင် ရဲ့အဲဒီက ဒုက္ခသည်စခန်းတွေကနေ သတင်းပေးပို့ချက်ကို အခြေခံပြီး မစန္ဒာစန်းမောင် က ပြောပြမှာပါ။ ဒီသတင်းမှာ စိတ်အနှောက်အယှက်ဖြစ်နိုင်စရာ ပုံရိပ်တွေ ပါလာနိုင်တဲ့အကြောင်း ကြိုပြီး အသိပေးအပ်ပါတယ်။